~ 3 ~

1.2K 143 8
                                    

" Jaeyun အဲ့တာ ဘယ်သူလဲ "

" ဒီတိုင်း...."

" ဘာဒီတိုင်းလည်း နင်ငါ့ကို မပြောပြဘူး လား "

Jaeyunကို လက်တွဲပြီး ဆွဲခေါ်သွားတဲ့ ကောင်မလေးက တစ်ခြားသူမဟုတ်ဘူး။ ငယ်ငယ်လေးထဲက ကျောင်းတူတူတက်ပြီး မိဘချင်းကလည်း ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတစ်ယောက်

တစိခြားသူတွေအမြင်မှာ တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေတဲ့ အတွက် ရည်းစားတွေလို့ ထင်ကောင်းထင်နိုင်လိမိ့မယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းလို့ ဆိုတာထက် မောင်နှမလို ပုံစံမျိုး ပြောမနာဆိုမနာတွေပေါ့။

Jaeyun က ‌ကားပေါ်က ဆင်းလာတဲ့ အချိန် Eunji က တွေ့သွားပြီး မျက်နှာက နေရခက်တဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် လက်ကို တွဲပြီး ဆွဲခေါ်လာရတာ ဖြစ်သည်။

" နင့်မျက်နှာကြီးက အနေခက်နေတဲ့ပုံနဲ့ မို့ ဆွဲခေါ်လာရတာ နင့်ကို လိုက်ပို့တာ ဘယ်သူလဲ လို့

ပြောပြပါ နော်‌ နော် နော် ချစ်ရတဲ့ သူငယ်ချင်းလေးရယ် "

" ငါနဲ့ စေ့စပ်မယ့် သူဟေ့ ရပြီလား "

Jaeyunရဲ့ စကားကြောင့် အွန်းဂျီ တစ်ယောက် စွန့်အ သွားခဲ့သည်။ ယောကျာ်းလေးတစ်ယောက်နဲ့ကိုလေ
ပြီးတော့ ကိုရီးယားက ထိပ်တန်းသူငှေးသား Park Jay က Jaeyun နဲ့ စေ့စပ်မယ့်သူတဲ့လေ

" တော်ပြီဟာ အတန်းနောက်ကျနေပြီ သွားမယ် "

___________
________

စာသင်ပြီးပြန်တော့ လည်း အိမ်ပြန်ရမယ့် အချိန်ကို ရောက်လာပြန်သည်။
စာမေးပွဲ‌နီးနေတာကြောင့် Eunji နဲ့တူတူ စာလုပ်မယ် စဉ်းစားထားသည်။

အိမ်ကအဖေနဲ့အမေကို မပြောရသေးပေမယ့် Eunji နဲ့ဆို ခွင့်ပြမှာပါဆိုပြီး
သူ့ကို လာကြိုမယ့် လူကြီးကို ပြန်ဖို့ပြောမလို့ ‌စောင့်နေလေသည်။

Eunji ကတော့ တစ်ခြားမိန်းကလေးသူငယ်ချင်းတွေနဲ့ တစ်နေရာမှာ စကားပြောနေလေသည်။

မကြာခင် Jaeyun ရဲ့မျက်စိရှေ့ရောက်လာတဲ့ အနက်ရောင်ကားတစ်စီး

Love is you | DOUBLE JWhere stories live. Discover now