~ 12 ~

736 90 16
                                    

ကားမှန် ကနေ ဖောက်ထွက်လာသည့် နေရောင်ခြည်ကြောင့် မျက်လုံးတွေမှာ မဖွင့်ချင်ဘဲ ဖွင့်လိုက်ရသည်။

ရင်ခွင်ထဲက လှုပ်စိလှုပ်စိလေး ဖြစ်လာတာကြောင့် ငုတ်ကြည့်မိတော့ သူ့ခါးတွေကို တင်းတင်းကြပ်ကြပ် ဖက်‌ေနသည့် ဆောနူ

ကြည့်ရတာ နိုးပုံမပေါ်သေး၊ မျက်နှာပေါ် ကျနေသည့် ငွေရောင် ဆံနွယ်လေးတွေကို မနာလိုစွာ သပ်တင်ပေးရင် ကြည့်မဝတဲ့ မျက်နှာလေးကို တိတ်တိတ်လေး ကြည့်နေမိသည်။

ငိုထားတာကြောင့် ဖောင်းအစ်နေတဲ့ မျက်လုံးလေးတွေကို လက်‌ေချောင်းလေးနဲ့ အသာလေးထိမိသည်။

ဒီ အရာကို မြင်တာ နီခီ ဒေါသထွက်လွန်းသည်။ ပျော်ရွှင်မယ် ထင်ပြီး သူ့အနားကနေ သူကိုယ်တိုင် ဆွဲထုတ်ခဲ့ပြီး တစ်ခြားသူလက်ထဲကို ကျကျနန ထည့်ပေးခဲ့လိုက်တာ။ ဒီလုပ်ရပ်က ဆောနူကို အရမိးနာကျင်စေမှန်းမသိခဲ့။

မနက်တိုင်း ကုမ္ပဏီကို လာရင် ရွှင်ရွှင်လန်းလန်း ဖြစ်နေတက်သည့် ဆောနူက ရှင်မ်းဂျယ်ယွန်းဆိုတဲ့ သူနံ့ လက်ထပ်မိထဲက ရွှင်လန်းလာခြင်းမရှိတာကို သတိထားမိသည်။

ပထမတော့ ကျောင်းစာနဲ့ ကုမ္ပဏီ အလုပ်တွေ ‌‌များနေလို့ ပင်ပန်းနေတယ် ထင်ခဲ့ပေမယ့် အဓိက တရားခံက ရှင်မ်းဂျယ်ယွန်း ဆိုတဲ့ သူဘဲ။

အရင်က သူ့ကိုဆို အမြဲပြုံးပြတက်တဲ့ ဆောနူက အရယ်အပြုံး မရှိတော့တဲ့ အပြင် အေးစက်သွားသည်။ ကြိုက်လှပါကြီရဲ့ မြတ်နိုးလှပါကြီရဲ့ ဆိုတဲ့ ဆောနူရဲ့ နှုတ်ခမ်းလေးတွေ ကွေးတက်သွားပြီး မျက်လုံးလေးတွေ ပိတ်တဲ့ အထိ ဖြစ်တဲ့  အပြုံးလေးတွေကို မမြင်ရတော့ဘူး။

အရူးအမူး စွဲလမ်းနေတဲ့ အဲ့အပြုံးလေးတွေကို တွေ့ရမြင်ရဖို့ အတွက် ဆောနူ ရှင်မိးဂျယ်ယွန်း ဘေးမှာ ရှိနေတဲ့ အချိန်ကိုသာ စောင့်နေရသည်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်ထဲ သိမ်းပိုက်ချင်ခဲ့မိတဲ့ အပြုံးတွေက သူမဟုတ်တဲပ တစ်ခြားသူကို ပေးနေသည့် ဆောနူကြောင့်လည်း နာကျင်ရပြန်သည်။

နာကျင်ရပေမယ့် ဒီအပြုံးလေးတွေကို တွေ့ခွင့်ရတာဘဲ ကျေနပ်ပါပြီ။

Love is you | DOUBLE JWhere stories live. Discover now