Chapter 7

673 93 20
                                    

အလွန်အင်မတန်မှ လှပသော သမင်တစ်ကောင်အား ရေးခြယ်ထားသည့် ပန်းချီကားကြီးအား ချိတ်ဆွဲထားသော နံရံတစ်ခု။ လေပြေတစ်ချက် ဝှေ့လိုက်တိုင်း လှလှပပလွင့်နေသည့် အညိုရောင်လိုက်ကာစကို သပ်သပ်ရပ်ရပ်တပ်ဆင်ထားသည့် ပြတင်းတံခါးတစ်ခု။

ထိုအရာတို့ ထင်ထင်ရှားရှားနေရာယူထားသည့် အခန်းကျယ်ထဲ တယောတစ်လက်ကို ကိုင်ကာ မှိုင်တွေတွေမတ်တပ်ရပ်လျက်ရှိသော ကောင်လေးတစ်ယောက်။

သူ့လက်ထဲရှိတယောမှာ သံစဥ်တို့ တိတ်ဆိတ်လို့နေသည်။ စိတ်၏ အခြေအနေကြောင့် လက်ထဲတွင် ကိုင်ထားသော်လည်း မတီးခတ်မိခြင်းဖြစ်၏။

သူ့လက်ရေးနှင့် ချရေးထားသော ကဗျာစာရွက်တစ်ရွက်ကို အချိန်အတန်ကြာအောင် ငေးစိုက်ကြည့်နေရာမှ ရုတ်တရက် ပြတင်းတံခါးဆီအကြည့်ရောက်သွားသည်။

ခြံရှေ့လမ်းမကြီးဟာ လူသူကင်းမဲ့ကာ တိတ်ဆိတ်လို့နေသည်။ မိုးကောင်းကင်ဟာလည်း တိမ်ဖြူဖြူများ အလိပ်လိုက်ရှိနေကာ အပြာရောင်ကြည်လဲ့၍ လင်းထိန်လို့နေသည်။ ခြံကြီးအတွင်းရှိ သစ်ပင်များမှ သစ်ရွက်များအကြား ထိုးဖောက်ဝင်ရောက်ဖြာကျနေသော အလင်းကွက်လေးများက ဝမ်းနည်းစရာကောင်းနေ၏။

ဤရာသီဥတုအခြေအနေက မြို့အတွင်းရှိလူများအတွက် တက်ကြွလှုပ်ရှားစရာကောင်းသော ရာသီဥတုအခြေအနေဖြစ်ကောင်းဖြစ်နိုင်ပါ၏။ သို့သော် Jisung အတွက်တော့ ဝမ်းနည်းစရာကောင်းသည်။ ပျော်ရွှင်မှုမရှိ၊ ကြည်နူးမှုမရှိ၊ ခံစား၍မကောင်းသော ဝမ်းနည်းမှုကသာကြီးစိုးသည်။

မေမေသာဆိုလျှင်တော့ ဒီရာသီဥတုအခြေအနေမျိုးဆိုလျှင် တက်တက်ကြွကြွနှင့် ပျော်နေလောက်မည်ဟု တွေးမိလိုက်ချိန်တွင် ပို၍ ဝမ်းနည်းလာသည်။ သို့သော် ထိုဝမ်းနည်းမှုအတွက် Jisung ၏ ခန္ဓာကိုယ်ဟာ တိုက်ရိုက်တုန့်ပြန်မှုမရှိ။

အသက်ရှူနှုန်းမှာ ပုံမှန်ထက်ပို၍ ပုံမှန်ဖြစ်နေသည်။ မျက်ဝန်းတို့မှာ သာမန်ထက်ပို၍ စိုစွတ်နေခြင်းမရှိ။ မျက်လုံးအကြည့်တို့မှာလည်း တည်ငြိမ်လို့နေ၏။

Jisung တယောကို နေရာတကျထည့်သိမ်းရန်ကြံ၍ ရပ်နေရာမှ ထွက်မည်အပြု အမှတ်မထင်မြင်လိုက်ရသော မြင်ကွင်းက ထူးခြားသော ခန္ဓာကိုယ်တုံ့ပြန်မှုများကို ဖြစ်ပေါ်လာစေသည်။

Clarity || Minsung FF||On viuen les histories. Descobreix ara