Chapter 11

623 83 23
                                    

လမ်းသွယ်လေး၏ ထောင့်တွင်တည်ရှိသော ကစားကွင်းငယ်လေးတစ်ခုတွင် ဒူးနှစ်ဖက်ကိုပိုက်၍ ငုတ်တုတ်ထိုင်ကာ တရှုံ့ရှုံ့ငိုနေသော ကလေးငယ်တစ်ဦး။

သူ့အတွက်တော့ ကမ္ဘာကြီးဟာ သူမသိလိုက်သည့် မျက်စိတစ်မှိတ်အချိန်တွင်း သူ့အားလှည့်စားသွားသည့်နှယ်။

သစ်ငုတ်တိုလေးတစ်ခုကို လက်ထဲတွင်ကိုင်ကာ မြေကြီးပေါ်လျှောက်ခြစ်နေသော ကလေးငယ်၏ မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများဟာ အထင်းသား။

သူ့အားလစ်လျူရှုကာ ထွက်ခွာသွားသော ကျောပြင်ငယ်လေးတစ်ခုကိုသာ ပြန်မြင်ယောင်ရင်း စိတ်မကောင်းဖြစ်နေလေသည်။

"ဘာလို့ငိုနေတာလဲ။"

သူ့ကိုဦးတည်ကာ ပြောနေသည်ဟုထင်ရသော စကားသံသေးသေးလေးကိုကြားရချိန်တွင် ခေါင်းမော့ကာကြည့်လိုက်တော့ စိမ်းသက်မနေသည့် မျက်နှာတစ်ခု။

ချက်ချင်းဆိုသလို မျက်ရည်များကို လက်ဖြင့်ခပ်သွက်သွက်ပွတ်သုတ်လိုက်ပြီး ထိုင်နေရာမှ မြန်မြန်မတ်တပ်ထရပ်လိုက်မိသည်။

"ဘာမှမငိုဘူး။"

"ငိုနေပါတယ်။ မင်းမျက်စိတွေထဲက အရည်တွေကျပြီး နှာချေးတွေလည်းထွက်နေတာကို။"

ကောင်လေး၏ လက်ညှိုးတထိုးထိုးနှင့်ပြောနေသော ပုံစံကြောင့် စိတ်တိုသွားမိသည်။ နှာခေါင်းထဲမှာကျနေသော နှာရည်များကိုပင်ပွတ်သုတ်ပစ်လိုက်ပြီး မျက်စောင်းထိုးပစ်လိုက်၏။

"မင်းအမေရိုက်လိုက်လို့လား။"

"မရိုက်ပါဘူး။"

ဆောင့်ဆောင့်အောင့်အောင့်ငြင်းဆိုလိုက်ကာ အနီးတွင်ရှိနေသော ဒန်းပေါ်သို့သွားထိုင်လိုက်တော့ ကောင်လေးဟာလည်း သူ့နောက်ကလိုက်လာသည်။

"ရော့"

ပန်းနုရောင်ပန်းတစ်ပွင့်အား သူ့ထံကမ်းပေးလာတော့ ကြောင်တောင်တောင်မော့ကြည့်မိသည်။

"ပန်းကိုဘာလို့ယူရမှာလဲ။ ငါကမိန်းကလေးမှမဟုတ်တာ။"

"ငါ့မေမေကပြောတယ်။ ယောက်ျားလေးလည်းပန်း​ကြိုက်လို့ရတယ်တဲ့။"

Clarity || Minsung FF||Where stories live. Discover now