Chapter 16

555 84 23
                                    

"အမလေး ထူးထူးဆန်းဆန်း။ အရှင်မင်းသားက ဖုန်းတွေဘာတွေခေါ်လို့ပါလား။"

Chan အား အကြံဉာဏ်တောင်းစရာရှိသဖြင့် စကားပြောရန် ဖုန်းခေါ်လိုက်သော်လည်း ဖုန်းကိုင်ကိုင်ချင်း အခြားတစ်ယောက်၏ အသံကျယ်ကျယ်အားကြားလိုက်ရ၍ Minho နှာခေါင်းရှုံ့လိုက်မိသည်။

"မင်းတို့နှစ်ယောက်ကဘာတွေလဲ။ ယူလိုက်ကြပြီလား။ ကျောင်းပိတ်ရက်လည်း ကော်လိုကပ်နေတာပဲ။"

"ယူစရာလား။ ဒီကောင်နဲ့ငါ အလောင်းအစားတစ်ခုရှိလို့ game တစ်ခုကို နိုင်အောင်ကစားနေရတာ။ ပြောပါဦး။ မင်းကဘာလို့ ထူးထူးဆန်းဆန်းဖုန်းဆက်နေတာလဲ။"

Minho ၏အမေးကို Chan ကပြန်ဖြေကာ အလောတကြီးဖြစ်နေသော အသံနှင့် မေးခွန်းကိုမေးသည်။ ထိုအသံကိုကြားလိုက်ရချိန်တွင် Minho ၏စိတ်ထဲ၌ လိုရင်းကိုမေ့လျော့ကာ စနောက်ချင်စိတ်များ ပေါ်လာရ၏။

"မင်းတို့ကိုလွမ်းလို့ပေါ့။"

"သောက်ပိုတွေလုပ်မနေနဲ့။ ဟေ့ကောင် Changbin မင်းမညစ်နဲ့ကွာ။"

"ဘယ်မှာညစ်လို့လဲ။"

"ငါဖုန်းပြောနေတာမမြင်ဘူးလား။ Minho အရေးမကြီးဘူးဆို ဖုန်းချလိုက်တော့မယ်။"

"နေ...နေပါဦး။ ငါအကူအညီတောင်းစရာရှိလို့ပါကွာ။"

"နောက်မှတောင်းပါတော့။"

"မင်းကလည်းကွာ။ အတန်းခေါင်းဆောင်ဖြစ်ပြီး သူငယ်ချင်းကို ဒီလောက်တောင်မကူညီချင်ဘူးလား။ ငါ့မှာတော့ သူငယ်ချင်းဆိုလို့ မင်းတို့နှစ်ယောက်တည်းရှိလို့ ခင်လိုက်ရတာကွာ။ မင်းတို့ကတော့ အလောင်းအစားတစ်ခုလောက်၊ game တစ်ခုလောက်တောင်ငါ့ကို တန်ဖိုးမထားဘူးပဲ။ သိလိုက်ပါပြီ။ ငါဟာ မင်းတို့အတွက် အရမ်းကိုတန်ဖိုးမဲ့မှန်း။ ငါ့ကို သူငယ်ချင်းအဖြစ်လည်းသတ်မှတ်မနေပါနဲ့တော့ကွာ။ သူငယ်ချင်းမရှိတဲ့ဘဝမှာ ကျောင်းလည်းဆက်မတက်ချင်တော့ပါဘူး။ ကျောင်းပဲထွက်ပြီး အလုပ်ကြမ်းပဲလုပ်စားပါတော့မယ်။ ဒါမှမဟုတ်လည်း ရည်းစားနား ခိုကပ်စားတဲ့ကောင်ဆိုပြီး သူများတွေပြောချင်လည်းပြောကြပါစေတော့။"

Clarity || Minsung FF||Where stories live. Discover now