Chapter 19

581 83 17
                                    

"ကဲ...ဒါဆို ဆရာတို့ပြန်မယ် ခရီးမှာလည်းဂရုစိုက်ပါ နောက်ထပ် shock ရစေမယ့်ကိစ္စမျိုးတွေမကြုံရရင်ကောင်းမယ် အစားအသောက်နဲ့ အိပ်ရေးကိုလည်း သေချာလေးဂရုစိုက်နော် Jisung"

ဆရာဝန်၏ သတိပေးစကားကို Jisung မှာ အားဆေးသွင်းထားသည့် အပ်ပေါက်ရာလေးကို ဖုံးထားသော plaster အား ခပ်ဖွဖွပွတ်သပ်ရင်း နားထောင်​နေပြီး ခေါင်းငြိမ့်ပြလေ၏။

ထို့နောက် တံခါး​ပေါင်အားမှီ၍ရပ်နေသော Minho ဘက်သို့လှည့်ကြည့်လာသဖြင့် Minho အသံတိတ်ပါးစပ်ကိုလှုပ်ပြီး အားပေးလိုက်မိသည်။

သူ၏အပြုံးကိုမြင်မှ ကောင်ငယ်လေး၏ မျက်နှာမှာ သိသိသာသာ ရွှင်လာလေတော့ Minho ကျေနပ်မိပါ၏။

"ကျွန်တော်လိုက်ပို့ပေးပါ့မယ်။"

တံခါးဝဘက်သို့လျှောက်လာသော ဆရာဝန်က သူ့အား တစ်စုံတစ်ခုပြောလိုဟန် ကြည့်လာသဖြင့် Minho အလိုက်တသိပြောကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။

"Jisung ရဲ့အဖေက Jisung ခရီးသွားချင်တယ်လို့ပြောလာတော့ စိတ်ပြေလက်ပျောက်ဖြစ်တာကောင်းတာမို့ ဆရာ မတားပေမဲ့ အတတ်နိုင်ဆုံးတော့ဂရုစိုက်ပေးပါ။ အထူးသဖြင့် shock ရမယ့်ကိစ္စ ထပ်မဖြစ်ဖို့အရေးကြီးတယ်။"

အိမ်အောက်ထပ်သို့ရောက်ချိန်တွင် ဆရာဝန်က Minho အား ပြောလာသည်မို့ Minho ပြုံးကာ တုန့်ပြန်သည်။

"ကျွန်တော်သေချာဂရုစိုက်မှာပါ။ ပြီးတော့ သူငယ်ချင်း ငါးယောက်လောက်နဲ့စုပြီးသွားမှာမို့ ကျန်တဲ့သူငယ်ချင်းတွေကလည်း Jisung ကိုဝိုင်းပြီးဂရုစိုက်ပေးပါလိမ့်မယ်။ နောက်ထပ် ကာကွယ်ပေးမယ့်သူလည်းပါနေတာမို့။"

အိမ်ရှေ့ခန်းတွင် ကျကျနနထိုင်နေသည့် ဆံပင်ငုတ်စိတိုကလေးများသာပေါက်နေသော ဆံပင်ပုံစံဖြင့် လူတစ်ဦးကို Minho လှမ်းကြည့်လိုက်မိရင်း စကားကိုအဆုံးသတ်သည်။

သူသွားလိုသော ခရီးအကြောင်းကို Chan သူ့အဖေအား အသိပေးချိန်တွင် Mr.Bang က သူ၏လက်အောက်မှ ရဲသားတစ်ဦးအား Minho တို့နှင့်အတူ ထည့်ပေးလိုက်မည်ဖြစ်ကြောင်း အကြံပေးသည်။ Jisung ၏အမှုကိစ္စကို တာဝန်ယူပေးနေသူ၏ အကြံဖြစ်ရကား မည်သူတစ်ဦးတစ်ယောက်ကမှလည်းမငြင်းလို။ ဤသို့ဖြင့် ထိုရဲသားမှာ သူတို့၏ ခရီးစဥ်တွင်ပါဝင်လာရလေသည်။

Clarity || Minsung FF||Where stories live. Discover now