19(သိပ်လွမ်းတယ်💔)

887 91 8
                                    

"ကျိုးချန်...ဝမ်ရိပေါ်တညလုံး..အိမ်ပြန်လာပုံမပေါ်ဖူး...ဖုန်းလဲခေါ်လို့မရဖူး...ဘယ်လိုလုပ်ကြမလဲ"

တုန်ယင်နေသောကျန်းဝေ..စကားကြောင့် ကျိုးချန်လဲ ...ပြာပြာသလဲ ဖြစ်သွားသည်....

"ဒုက္ခပါပဲ...ဘယ်တွေလျှောက်သွားနေလဲ မသိဖူး..လုပ်ကြပါဦး"

နှစ်ယောက်သား...ခေါင်းချင်းဆိုင်ကာ...ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ...စိတ်တွေပူနေစဉ်...

"တီ...တီ...တီ"

ကျန်းဝေဆီ ဖုန်းတစ်လုံးဝင်လာသည်...

"ဟဲလို"

"ဟုတ်...မင်းသားဝမ်ရိပေါ်မန်နေဂျာ...ကျန်းဝေလား မသိဖူးခင်ဗျ"

"ဟုတ်ပါတယ်...ပြောပါ...ဘယ်သူပါလဲ"

"ဟုတ်ကဲ့...ကျွန်တော်က ...မင်းသားလေ့ကျင့်နေကျ..ဆိုင်ကယ်ပြိုင်ကွင်းက...ညစောင့်ပါ ခင်ဗျ...မင်းသားက ...မနက်၃နာရီထဲက...ခု၇နာရီထိ...ဆိုင်ကယ်ကို မနားတမ်းမောင်းနေတာ..ခုထိမရပ်သေးပါဖူးခင်ဗျာ...ကြာလာရင်...တစ်ခုခုဖြစ်သွားလိမ့်မယ်ခင်ဗျ...မင်းသားကို လာခေါ်ဖို့..ကျွန်တော် weiboက ခင်ဗျား ph noကို စုံစမ်းပြီး...အကြောင်းကြားပေးတာပါ ခင်ဗျာ"

"အော်..ဟုတ်ကဲ့..ဟုတ်ကဲ့...အကြောင်းကြားပေးလို့..ကျေးဇူးပါခင်ဗျာ..ကျွန်တော် ခုချက်ချင်းထွက်လာပါမယ်"

ကျန်းဝေလဲ ဖုန်းကဗျာကယာချကာ...

"ကျိုးချန်ရေ...ပြိုင်ကွင်းမှာတဲ့..လာသွားရအောင်"

ဆိုင်ကယ်မောင်းနေတာတောင်...ပါးပေါ်ကို မနားတမ်း ..စီးကျနေတဲ့...ဒီမျက်ရည်တွေ......

​မင်း...ရက်စက်စွာ..ထားရက်ခဲ့နိုင်တဲ့ ဒီကောင်က..ဝမ်ရိပေါ်ဆိုတဲ့..ဒီကောင်က...မင်းမရှိတော့တဲ့ မင်းအိမ်ရှေ့မှာ...မင်းများထွက်လာမလား...ဆိုပြီး စက်ပိတ်ထားတဲ့ မင်းဖုန်းကို ဆက်တိုက်ခေါ်နေမိခဲ့တာ......

ည၁၁နာရီလောက်မှ...အပြင်ကပြန်လာတဲ့..မင်းအဒေါ်က...မင်း...အိမ်ပြောင်းသွားပီတဲ့......

ငါ့နားကိုတောင် မယုံနိုင်ဖူး..ရှောင်းကျန့်ရာ...
ငါဒီလောက်...ငါ့ကိုမထားခဲ့ပါနဲ့..တဖွဖွပြောနေခဲ့တာကိုတောင်...မင်းလုပ်ရက်တယ်ကွာ.......မင်းမရှိပဲ..ငါဘယ်လိုနေရမလဲ......ဘယ်လိုအရာတွေလာလာ..တူတူဖြတ်ကျော်မယ်လို့..ကတိတွေထားခဲ့ကြတယ်မလား........မင်းက ငါ့ဘဝလေကွာ.........မင်းကွာ.......

My Super Duper Stylist( Completed)Where stories live. Discover now