08(Roလို့ကိုမရသောOTည ..သို့သော်💚❤️)

5K 454 10
                                    

Zaw gyi version

ဘာလို့..ဒီလိုစကားမျိုးတွေကို..ဝမ်ရိပေါ်နဲ့ပြောမိနေပါလိမ့်...ရူးနေပီလား..ရှောင်းကျန့်...

"နှင်းတွေကျနေတာ...အရမ်းလှတယ်နော်..ကော"

"အင်း...လှတယ်နော်....ခြေထောက်ရောသေချာဆေးပြီးပြီလား...ဆောရီးနော်...ကော..စိတ်လှုပ်ရှားသွားလို့..."

"ဟုတ်လား...ဘာလို့စိတ်လှုပ်ရှားတာလဲ"

"အဟွတ်..အဟွတ်"

တံတွေးတောင်သီးတယ်ဟ....ဘယ်လိုတောင် မေးချလိုက်တာလဲ....ငါဘယ်လိုဖြေရမလဲ...မားရေ ကယ်တော်မူကြပါဦး......

"အမ်...ဘာဖြစ်တာလဲ...အေးလို့လား.....လာ အေးရင် အိမ်ထဲဝင်ရအောင်"

"အမ်...မဝင်ပါဖူး...နှင်းကျတာကြည့်ဦးမှာ"

"အဲ့တာဆို...ဖြေ...ဘာလို့...စိတ်လှုပ်ရှားတာလဲ"

ဟာာ...ဝမ်ရိပေါ်ကတော့..လုပ်ပီ..အကြပ်ရိုက်တဲ့ မေးခွန်းတွေ မေးနေပီ...

"မသိဖူး"

"ဘာမသိတာလဲ..မရဖူး..ဖြေကွာ"

"မသိဖူးဆို"

ဖာ့ခ်..ဘာလဲဟ..မသိရင် သမီးရည်းစားနှစ် ချစ်ကြည်နူး တစ်တီတူးပြီး အချစ်စမ်းနေတာကြနေတာပဲ...ဘေးလူကြားရင်...ဘာလား လို့တောင်...ထင်တော့မယ်....တကယ်တော့ ကျွန်တော်တို့က စလုံးရေ စ မလို့ပဲ ရှိပါသေးတယ်...အဟက်

မဖြစ်ဖူး..စကားလမ်းကြောင်းလွှဲမှပဲ...နို့မို့ဆို...တစ်ခုခုတော့ ဖြစ်တော့မယ်...

"ဟိုဟာလေ...နဲနဲချမ်းလာသလားလို့"

"တွေ့လား...ပြောသားပဲ ချမ်းပါတယ်ဆို"

ပြောပြောဆိုဆိုပင် ...ဝမ်ရိပေါ်သူရဲ့ long coatကို ကြယ်သီးဖြုတ်လိုက်ပီး ရှောင်းကျန့် ဘက်ကို ကပ်သွားတာ လွန်ခဲ့တဲ့ ၁၀နှစ်က အတိုင်း ရှောင်းကျန့်သူ့ကို ခြုံပေးသလို ခြုံပေးလိုက်သည်....

ရုတ်တရက်ဆိုသလို...ဝမ်ရိပေါ် ရင်ခွင်ထဲ ရှောင်းကျန့်ရောက်သွားသည်...

ရှောင်းကျန့်ခမျာ...တော်တော်လေးလဲ ကြောင်သွားသလို...တော်တော်လေးလဲ ရင်ခုန်သွားရရှာသည်..

My Super Duper Stylist( Completed)Where stories live. Discover now