20(It's me 😣💚)

1K 87 9
                                    

3နှစ်တဲ့....

​3နှစ်တာကာလအတွင်း...ဝမ်ရိပေါ်ကို ....တစ်ရက်လေးမှ ...မဟုတ်ဖူး တစ်စက္ကန့်လေးတောင် မေ့မရခဲ့ပါဖူး.....

ကျွန်တော်...ချစ်ရတဲ့..ကောင်လေးကို..လွမ်းရင်းနဲ့ပဲ...ကျွန်တော် မီလန်..မှာ..professional stylistဘွဲ့ကို...ကျွန်တော်...ထပ်ယူလိုက်ပြီ....အလုပ်တွေကြိုးစားပြီး...ကျွန်တော့်ကောင်လေးနားကို..ပြန်ရောက်အောင်..သွားရမယ်....မဟုတ်ဖူး...သွားကိုသွားမှာ....
ကျွန်တော်..ခုလို..ဘာကြောင့် ယုံကြည်မှုအပြည့်နဲ့..ကျွန်တော့်ဝမ်ရိပေါ်ကို ပြန်သိမ်းပိုက်ဖို့...တက်ကြွနေလဲ...ဆိုတာ အားလုံးသိချင်ကြမှာပေါ့ဟဲဟဲ...သိချင်ပြောပြမယ်....

ကျွန်တော် မီလန်ကို စရောက်ထဲက ....ကျန်းဝေနဲ့ တစ်ရက်တောင် အဆက်အသွယ်မပြတ်ခဲ့ဖူးလေ....အမြဲ..onlineကနေ...ကျန်းဝေကတစ်ဆင့်...ဝမ်ရိပေါ် အကြောင်းတွေ...စုံစမ်းနေခဲ့တာပေါ့...

သူ...ဆိုင်ကယ်စီးပြီး...ဆေးရုံရောက်သွားတုန်းက...ကျွန်တော်လဲ...ဒီမှာ..ဘာလုပ်ရမှန်းမသိ..ဘာကိုင်ရမှန်းမသိနဲ့...လွမ်းဖျားလွမ်းနာကျပြီ...တစ်ပတ်ကျော် ထမင်းလုံးဝ မစားရာကနေ..အားပြတ်ပြီး...ဆေးရုံ..ရောက်သွားတယ်..ဆိုပါတော့ဗျာ...ကျွန်တော့်ကောင်လေးရဲ့ ဝေဒနာတွေ...ကျွန်တော်လဲ မျှဝေခံစားလိုက်တယ် ဆိုပါတော့...ဟဲဟဲ..

ဒါပေမဲ့..၃နှစ်အတွင်း..သူ့ကိုတိုက်ရိုက် ဆက်သွယ်တာမျိုးတော့..မလုပ်ခဲ့ဖူး..ကျွန်တော်သတ္တိမရှိပဲ..ထွက်ပြေးခဲ့မိတဲ့အတွက်ကြောင့်..ကျွန်တော်သူ့ကို..ရင်မဆိုင်ရဲဖူး..အရမ်းလဲအားနာတယ်..အဲ့ဒါမို့..ကျွန်တော်ဒီမှာ..ဘွဲ့တစ်ဘွဲ့ထပ်ယူပြီး...ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပြီး..အချိန်တွေနဲ့..ကုစားနေလိုက်တယ်...အဖြစ်အပျက်အားလုံးကို...

ကျန်းဝေနဲ့လဲ..အမြဲ..သူ့အကြောင်းတွေ...စုံစမ်းနေခဲ့တယ်...သူကတော့...သူ့ပုံအတိုင်း..အမြဲ အရယ်အပြုံးမရှိပဲ...ဆိုင်ကယ်တွေပဲ အမြဲလေ့ကျင့်နေပြီး...localပြိုင်ပွဲတွေ..ဝင်ပြိုင်နေတယ်တဲ့...အနုပညာအလုပ်ကိုတော့...ရပ်နားထားတယ်တဲ့...
ကျွန်တော်..သူ့စိတ်ကိုသိတာပေါ့..ဒီပုံစံနဲ့ဆို..သူ အနုပညာအလုပ် ဆက်လုပ်ဖြစ်မာမဟုတ်တော့ဖူး...သူ့အတွေးထဲမှာ..ဒီအလုပ်ကြောင့်..ကျွန်တော်နဲ့သူ..ဝေးသွားရတာဆိုတာ...ကိန်းအောင်းနေလောက်ပြီ...ကျွန်တော့်အတွက်နဲ့..သူ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်တစ်ခုကို စွန့်လွှတ်နိုင်တဲ့ထိ..အရမ်းချစ်လို့...ကျွန်တော်ရင်ကွဲမတက်ခံစားရတယ်....

My Super Duper Stylist( Completed)Where stories live. Discover now