14 ( ချစ်ကြည်နူးတစ်တီတူးမယ်💓)

1.6K 198 10
                                    

ကားပေါ်တွင် တစ်လမ်းလုံး ပြုံးစိစိလုပ်လာသော ဝမ်ရိပေါ်ကို ရှောင်းကျန့် ကြည့်မရ....

မားကို ဘယ်လိုသိမ်းသွင်း လိုက်လဲ ရှောင်းကျန့် အရမ်းသိချင်နေသည်....

"ဝမ်ရိပေါ်....မားကို ဘယ်လိုပြောလိုက်တာလဲ"

"ဘာလို့သိချင်နေတာလဲ ကျန့်ကောရ..."

ဟွန့်..ငတိလေးက...အောင်နိုင်သူ အပြုံးနဲ့ တစ်စက်ကလေးမှ ကြည့်မရပါဖူး..

"အော်...ကျန့်ကော..အိမ်မှာနေမယ်ဆိုတော့...အိမ်မှာ အစားအသောက်တွေ ဝယ်ထားရမယ်...ကျန်းဝေ နီးစပ်ရာ Marketတစ်ခုခုကိုမောင်း"

ရှောင်းကျန့်ကတော့...စူပုပ်ပြီး...

လုပ်ချင်တာ လုပ်ဟေ့..လွှတ်ထားလိုက်တော့မယ်...

ကျန်းဝေနဲ့...ကျိုးချန်ကတော့...ပါးစပ်ပိတ်ပြီးသာ...မြုံစိမြုံစိနဲ့သာ......

"ကဲ...ကျန့်ကော....ကြိုက်တာသာဝယ်...စားဖို့သောက်ဖို့က ဟောဒီက အိမ်ရှင်မဖြစ်တဲ့... ကျန့်ကောက... ဒီရိပေါ်လေးအတွက်... ပြင်ဆင်ပေးရမှာဆိုတော့....အဆင်ပြေတာသာ ဝယ်ပေတော့...အဟိ"

"ဝမ်..ရိပေါ်...လူကြားထဲ...မျက်ခွက် လာပြောင်မနေနဲ့...လုပ်လိုက်လို့"

"ကျန့်ကော..ကျွန်တော်တို့က...ညားခါစ..လင်မယားနဲ့..မတူဖူးလားဟင်"

"ဟာာ...ဝမ်..ရိ..ပေါ်...သွား ဟိုဘက်က ခေါက်ဆွဲထုတ်တွေ.. သွားယူခဲ့...သွားသွား"

ရှောင်းကျန့်...မျက်နှာကြီး နီရဲကာ...ဝမ်ရိပေါ်ကို အတင်းနှင်လွှတ်နေသည်...

ကျွန်တော်ချစ်တာ...အဲလိုချစ်ဖို့ကောင်းအောင်..ရှက်တတ်တဲ့ ကျွန်တော့်ရဲ့ ကျန့်ကောပါပဲ...ဘာပကာသနမှ မလိုချင်ပါဖူး...အဲ့ ယုန်ဖြူလေး...ကျွန်တော့်နားမှာ ရှိရင် ပြည့်စုံပြီ...ကျွန်တော် ကျန့်ကောကို...အရမ်းချစ်တယ်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကျန်းဝေ...ပစ္စည်းတွေ..ဒီနားမာချ"

"အေး..အေး"

တခါတလေ... ဝမ်ရိပေါ်ကို မျက်နှာကို ဒဲ့ကြည့်ပြီး...မေးလိုက်ချင်ပါရဲ့...ငါက မင်း အခိုင်းအစေလား...မင်းရဲ့ မန်နေဂျာလားလို့...ဒါပေမဲ့လဲ...မမေးရဲပါဖူး😑....ပြုတ်စော်မနံချင်ဖူး...ဟင့်

My Super Duper Stylist( Completed)Where stories live. Discover now