04(အမှတ်တရလူသားကိုပြန်လည်ရှာတွေ့သူနှင့်အချစ်ကိုအစပျိုးချင်သူ)

4.6K 422 15
                                    

Zawgyi version

ဝမ်ရိပေါ် skateစီးနေတဲ့ ပုံက...smartကျလိုက်တာ
Cool guyကြီး...ကြိုက်မဲ့ မိန်းကလေးတွေများ..ဝိုင်းဝိုင်းလည်နေမှာပဲ.....

"ဟျောင့်...ရှောင်းကျန့်..မင်းသားကိုကြည့်ပြီး...ဘာတွေ တွေးနေတာလဲ...ပြီးတော့ ဒီနေ့တော်တော်ငြိမ်နေပါလား"

"မဟုတ်ပါဖူး...ကျန်းဝေရာ..."

"ဘာမဟုတ်တာလဲ....ဟာာ...ဟျောင့်..ဟိုမှာ..မင်းသား...ချွေးတွေထွက်နေပီ...ရေဘူးမြန်မြန်သွားပေးပြီး...ချွေးမြန်မြန်သွားသုတ်ပေးရီ...ပွနေတဲ့ ဆံပင်လေးတွေပါ ပုံကျသွားအောင် ပြန်လုပ်ပေးခဲ့...သွား"

"ဘာာာ....အဲ့ အလုပ်တွေပါ..ငါက လုပ်ရမှာလားး...ငါက stylistဟ...styl......."

"သွားပါကွာ...အပိုတွေပြောမနေပါနဲ့...လောလောဆယ်....လူအသစ်ရှာမတွေ့ခင်အထိ...အဲ့ဒါတွေပါ မင်းလုပ်ရမယ်...ဒါပဲ"

ဖာ့ခ်...ဟင်းးး...ကျန်းဝေ..ကျန်းဝေ လုပ်ထားနှင့်ဦးပေါ့....ငလူးးကောင်...

ဒီနေ့skateလေ့ကျင့်ရတာ...moodအရမ်းကောင်းနေတယ်...အဆင်ပြေလိုက်တာ..စိတ်ကြည်နေလို့ ထင်တယ်...

ထိုစဉ်...မျက်စိရှေ့အား ရောက်လာသည့် ရေသန့်ဘူး တစ်ခု....

"ရော့"

လေသံကလဲ ခပ်ပြတ်ပြတ်နှင့်...

ဝမ်ရိပေါ်မော့ကြည့်လိုက်တော့...ရှောင်းကျန့်

အံမယ်...ဝမ်ရိပေါ်ကို ဒီလို ရေသန့်ဘူးပေးဖူးတာ..သူပဲရှိမယ်ထင်...ပုံမှန်ဆို ဝမ်ရိပေါ် စိတ်ဆိုပြီး..အလုပ်ဖြုတ်မည်ထင်သည်...သို့သော်...

"ခုံပေါ်တင်ထားလိုက်"

ရှောင်းကျန့် ရေသန့်ဘူးအား ခုံပေါ်သို့ အသံမြည်အောင် ဆောင့်ချလိုက်ပြီး...ဝမ်ရိပေါ် ဆံပင်ကို ပြင်ပေးရန် ခေါင်းပေါ်သို့..လက်လှမ်းလိုက်သည်...

အင်းး..ဒီကောင်လေး...အနီးကပ်ကြည့်တော့..တကယ် တကယ့်ကို perfectပါလားနော်...အပြစ်ပြောရက်စရာမရှိ...

ထိုစဉ်..လက်ကို ဆတ်ခနဲ ဖမ်းဆွဲခြင်းကို ခံလိုက်ရ...

"ဘာလုပ်မလို့လဲ"

"ဆံ..ဆံပင်...ပွနေလို့....ပြင်ပေးမလို့လေ"

Wtf....ဒါဘာအခြေအနေကြီးလဲ..ငါ့လက်ကို သူဘာလို့လှမ်းဆွဲတာလဲ....
ရှောင်းကျန့်ကြောင်သွားသည်...

My Super Duper Stylist( Completed)Where stories live. Discover now