22(Will you stay with me? - Final part)

947 71 5
                                    


ကျွန်တော်..သူ့မျက်နှာကို..မြင်လိုက်ရတော့..ကားမောင်းမဲ့လက်တို့က...တုံ့ဆိုင်းသွားသည်...

ကျွန်တော်ဆုံချင်တာ..ဒီလိုပုံ မဟုတ်ဖူးလေ....

ဝမ်ရိပေါ်..ကားနားကို လျှောက်လာသည်......

ကျွန်တော် လက်တွေပါ တုန်လာသည်.......

ငါဘာဆက်လုပ်ရမလဲ,...

ဝမ်ရိပေါ်...မှန်တံခါးကို ခေါက်လိုက်သည်....

ကျွန်တော်လဲ...လာမဲ့ဘေး..ပြေးတွေ့ဆိုသလို...စိတ်ဒုန်းဒုန်းချကာ...ကားတံခါးဖွင့်ပြီး...အောက်ဆင်းလိုက်တော့သည်....

စူးရှနေတဲ့..သူ့အကြည့်တွေ....ကျွန်တော် မျက်လုံးချင်းမဆိုင်ရဲ....

"အော်...မင်းကိုး..."

ကျွန်တော်မထင်ထားခဲ့ဖူး...ဝမ်ရိပေါ်ဆီက..စူးရှစွာ ထွက်ပေါ်လာတဲ့ အသံ.....

"ဒီလောက်ထိ...ပြေးချင်နေတာ...ပြေးလေ...ဘာကိစ္စ အနားမှာ..ပေါ်လာနေသေးတာလဲ...ကျွန်တော့်ကို နှိပ်စက်လို့မဝသေးဖူးလား...ဟမ်"

"မဟုတ်..မဟုတ်ပါဖူး.."

ကျွန်တော့်မှာ..ပြန်ဖြေရှင်းဖို့..အားမရှိ....

ကျစ်ကျစ်ပါအောင်ဆုတ်ထားသော..ဝမ်ရိပေါ်လက်သီးနဲ့ အံကြိတ်ကာ ကျလာသော သူ့မျက်ရည်တို့ကို ကျွန်တော်ကြည့်ပြီး...ကျွန်တော့်မှာ မတ်တပ်ရပ်ဖို့တောင် ..အားမရှိတော့....

"တောင်း..တောင်းပန်ပါတယ်..လောင်ဝမ်"

"မခေါ်နဲ့...အဲ့နာမည်...ခင်ဗျား..ကျွန်တော့်ဘဝထဲက..ထွက်သွားထဲက...အဲ့နာမည်ကသေသွားပြီ.....ဘာလုပ်နေတာလဲ...ဆက်ပြေးလေ...ဘယ်တော့မှ ပေါ်မလာနဲ့..ကျွန်တော့နားကို...အကို..ကျွန်တော့်ကို...သနားရင်ပေါ့..၃နှစ်နော်..၃နှစ်...ခုထိ ခင်ဗျားပြေးနေတုန်းပဲ....ဆက်ပြေးပါဗျာ.....ကျွန်တော့်ရှေ့တော့..ပေါ်မလာနဲ့တော့"

ဟု ပြောကာ...ချာကနဲ လှည့်ထွက်သွားသော ...ဝမ်ရိပေါ်ရဲ့ ကျောပြင်ကို ကြည့်ရင်း...ကျွန်တော့် ခြေထောက်တို့ ယိုင်လဲ ခွေကျနေလေပြီ.....

ငါ..လိုချင်တာ ဒီလိုမဟုတ်ဖူးလေ...ငါ သူ့အနားကို ပြန်လာဖို့ ကြိုးစားနေတာ...ပြေးနေတာမဟုတ်ဖူးလေ...တောက်.... ဒီစောက်သုံးမကျတဲ့..ကြောက်စိတ်တွေကြောင့်...ခု သူနဲ့ တကယ်ဝေးရပြီလား....ရှောင်းကျန့်ရာ...မင်းသေသင့်နေပြီ...မင်းက စောက်သုံးမကျတဲ့ကောင်...

My Super Duper Stylist( Completed)Where stories live. Discover now