03(first timeဖြစ်ချင်မှ ဖြစ်မဲ့ တွေ့ဆုံမှု)

4.7K 444 14
                                    

Zawgyi version

"လာ~~လာ~~~~လာ~~"

မနက်ထဲက အစောကြီးထပြီး အလုပ်သွားဖို့ တက်ကြွကာ..သီချင်းလေး တအေးအေးနဲ့ ဖြီးလိမ်းပြင်ဆင်နေတဲ့..ရှောင်ကျန့်ကိုတော့...မား ဒီနေ့ သဘောကျနေပုံရသည်..
ရာသီဥတုတည်ငြိမ်သည်...ဆူသံငေါက်သံ အလျင်းမရှိ.....
"မားးရေ....သားသွားတော့မယ်...ကျန်းဝေက စောစောလာဖို့မှာထားတယ်"

"အယ်..သားလေးရယ်..မနက်စာလေးစားသွားဦးမှပေါ့..လာလာ..ဒီမှာ..မား..သားကြိုက်တဲ့..ခေါက်ဆွဲလေးကို ကြက်ဥနဲ့သေချာကြော်ထားတယ်..စားသွား"

အော်..မားး..တတ်လဲတတ်နိုင်ပါပေ့...အလုပ်ပြုတ်တုန်းကကျ..ဆူငေါက်နေတာ..အော် ခုကျ..ဘာပဲဖြစ်ဖြစ် ခု ကျန့်ကျန့်လေးက on the elephantပဲ..ဟွန့်

ကဲ..မားဆီက အမြင်ကြည်မှုတွေနဲ့ စတင်တဲ့ နေ့တစ်နေ့ဆိုတော့ ငါ့ အလုပ်ရှင်...မင်းသား ဝမ်ရိပေါ်နဲ့လဲ..အဆင်ပြေပါစေ..ဟီးးဟီးး...ရင်တော့ ခုန်သားဟ..နာမည်ကြီးမင်းသားရဲ့ stylistကြီး လုပ်ရတော့မှာဆိုတော့...ဟီးဟီး...

ရှောင်ကျန့်တို့ ဘယ်လောက်တောင် အတွေးလွန်နေလဲ မသိ..ကျန်းဝေရဲ့ တိုက်ခန်းအောက် ရောက်မှန်းမသိရောက်လာလေသည်...

"ရှောင်ကျန့်..မင်းကလဲ နောက်ကျလိုက်တာကွာ..လာ ကားပေါ် မြန်မြန်တက်"

"အေးပါကွ..မားက မနက်စာစားသွားဆိုလို့ နောက်ကျသွားတာပါကွ"

"ငါကြိုတော့ပြောထားမယ်နော်...မင်း ရှက်ပြာရှက်ပြာ စပ်စလူးနတ်ပူးနေရင်..ဟိုက ထုတ်မှာနော်..နတ်မပူးတာတောင်..စိတ်မကြည်ရင် မကြည်သလို ထုတ်တာကွာ....အဲ့တော့..အဆင်ပြေပါစေ..ငါ့သူငယ်ချင်း..ရှောင်ကျန့်"

အင့်..ဂလု...ငါလေးကို motiပေးတာလား..depressionပေးတာလား...ဟင့်..ရှောင်ကျန့်နော် ..တစ်ကျန့်ပဲရှိတယ်....ငါလေးကိုဒါမျိုးလာခြောက်လို့ မရဖူးနော်..ကားပေါ်က ခုန်ဆင်းလိုက်မာ..ဘာမှတ်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဝါးး...ဒါ ဝမ်ရိပေါ်အိမ်လား...မိုက်တယ်ဟ..အကြီးကြီးပဲ...."

ဧည့်ခန်းထဲတွင်... ဆိုင်ကယ်စီး crash-helmet များကို သေသပ်စီရီစွာ အပြည့်ထားထားသည့် shelfအကြီးကြီးတစ်ခုက ထီးထီးကြီး နေရာယူထားသည်".....

My Super Duper Stylist( Completed)Where stories live. Discover now