Ep-3 (Uni/Zawgyi)

2.1K 219 29
                                    

Unicode
_________














Jisoo ပြန်သွား​တဲ့​​နောက်မှာတော့
Jennie အ​ပေါ်ထပ်ကိုတက်လာခဲ့တယ်

အရင်အတိုင်းမ​ပြောင်းလဲတဲ့အခန်းပုံစံ​တွေနဲ့
တစ်ချိန်​ကပျော်ရွှင်ခဲ့ကြတဲ့ Li နဲ့ Jennie တို့ရဲ့ပုံရိပ်​တွေ ~

​ကျောင်းသွားခါနီး အ​မေဖြစ်သူရဲ့အစား
အမြဲတမ်း နှဖူးကိုနမ်း​ပေးတတ်တဲ့ Li ကို
မိဘ​တွေအတွက်ပြန်လက်စား​ချေတာလားလို့
ခါးခါးသီးသီး စွပ်စွဲခဲ့ဖူးတာ​တွေကိုပြန်ကြား​ယောင်မိတယ်

အလုပ်​တွေရှုပ်​နေတဲ့ Li က Jennieကိုပစ်ထားလို့
စိတ်ဆိုးပြီး အပြင်မှာတစ်​နေကုန်​​နေရင်း အရွဲ့တိုက်ကာ
ပရိ​ဘောဂဆိုင်​တွေ ​စျေးဝယ်စင်တာ​တွေ​လျှောက်သွားခဲ့တယ်

​​နောက်တစ်​နေ့မနက်မိုးလင်းတာနဲ့
ပစ္စည်းအသစ်​တွေ အိမ်ကို​ရောက်လာတာသတိထားမိ​ပေမယ့်
အရင်က ​သေချာမကြည့်မိခဲ့သလို စိတ်မဝင်စားခဲ့ဘူး

အခု​တော့ မျက်စိ​ရှေ့မှာမြင်​နေရတဲ့အရာ​တွေက
Jennieသ​ဘောကျလို့ ဝင်ကြည့်ဖြစ်ခဲ့တဲ့ပစ္စည်း​တွေချည်းပဲ ~

တစ်ခါတစ်​နေ့ ဧည့်ခန်းက စားပွဲနဲ့ဆိုဖာ တစ်ခုလုံး
အသစ်ဖြစ်​နေတာ​တောင် ဘာဆိုဘားမှ စိတ်မဝင်စားမိခဲ့ဘူး

Li က Jennie ကို အရမ်းချစ်ခဲ့တာပဲ

သူ မအား​ပေမယ့်
အမြဲတမ်းအနားမှာရှိ​နေသလိုမျိုး
အစစအရာရာ ​သေချာဂရုစိုက်​ပေးခဲ့တာပါ

ဒါ​ပေမယ့် Jennie မသိခဲ့ဘူး
ဘယ်အရာ​တွေက ဒီ​လောက်မှားယွင်းခဲ့တာလဲ ?

တစ်​လောကလုံးမှာမှ
Jennie ရဲ့မျက်နှာတစ်ခုတည်းကိုပဲ
အမြဲဂရုတစိုက် ကြည့်​နေတတ်တဲ့သူ ~





" တို့ ဦး​လေး Park ကို​ပေးခဲ့တဲ့
ကတိ​တွေ​တောင် မတည်ဖြစ်နိုင်ခဲ့ဘူး Li ! "





" Lisa က သမီး Jennie ကိုသိပ်ချစ်ရှာတာ "

" သူ့​ဘေးမှာ​နေပြီး သူ့ကို​သေချာပြုပြင်​ပေးရင်း
သမီးJennieကသာ Lisaကိုချစ်​ပေးမယ်ဆိုရင်
အရမ်းကို ပြည့်စုံသွားမှာပဲလို့ ထင်မိတယ် "

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now