Ep-6 (Uni/Zawgyi)

1.8K 232 23
                                    

Unicode
________













FORJ စံအိမ်ရဲ့အ​ပေါ်ဆုံးအထပ်
မိသားစုအပန်း​ဖြေ ဥယျာဥ်ပန်းခြံငယ်​​လေးထဲမှာ
ဝိုင်နဲ့မြည်းစရာအသီးတစ်ချို့ကိုပြင်ဆင်ထားတယ်

ညဥ့်နက်သန်း​ခေါင်​ကျော်​နေပြီဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်က အ​တော်​လေး​မှောင်မိုက်​နေပြီး
အလှဆင်ထားတဲ့ ခပ်မှိန်မှိန်မီးအလင်း​ရောင်နဲ့ ​
ကောင်းကင်က လရဲ့အလင်း​ရောင်​ကြောင့်သာ
အနည်းငယ်မြင်ရသိရ​လောက်တဲ့ ပတ်ဝန်းကျင်မြင်ကွင်း
အ​နေအထား​​တစ်ခုမှာ Jennie ရှိ​နေခဲ့သည်

ဖန်ခွက်ထဲက​သောက်လက်စ ဝိုင်ကို​​မော့ရင်း
မျက်နှာ​ပေါ်ကို​တိုက်ခတ်လာ​တဲ့ ​​လေစိမ်း​တွေ ~





" ဘာ​ကြောင့် Liceက ​သေဖို့ထိုက်တန်ရတာလဲ ? "





​ကောင်းကင်ကို​ မော့ကြည့်ပြီး​မေးမိ​ပေမယ့်
Jennieအတွက်​ ဘယ်သူမှဖြေ​ပေမယ့်သူမရှိဘူး





" သူက တကယ့်ကိုဖြူစင်ပါတယ်
အ​မေဖြစ်သူအတွက် လက်စား​ချေချင်တဲ့
စိတ်တစ်ခုတည်းကြောင့်သာ ဆိုးသွမ်းခဲ့တာပါ

ကျွန်မ Lisaကိုလုံးဝမသတ်နိုင်ဘူး
ရှင်အဲ့ဒါကိုသိရက်သားနဲ့ ဘာလို့ခုလိုလုပ်ရတာလဲ ?
ဒါဆို Lilyကို သတ်ပစ်ရမှာလား ? "





လက်ကျန်ဝိုင်ကို​မော့​သောက်ရင်း
စားပွဲ​ပေါ်မှာပြန်တင်ဖို့လုပ်​တော့
လက်​ချော်ပြီး ​အောက်ကိုကျကွဲသွားတယ်

စုတ်တစ်ချက်သပ်မိတယ်

ထိုင်​နေရာက​နေ​ထပြီး ဖန်ကွဲစ​တွေကိုကောက်ဖို့ပြင်တုန်း
လှမ်းလိုက်တဲ့လက်ကို ဖမ်းဆွဲလာတဲ့လက်တစ်စုံ​ကြောင့်
Jennie​ကြောင်အအနဲ့​မော့ကြည့်မိ​တော့ ဒါကNiရဲ့ Li ~





" Li ! "





" Liမဟုတ်ဘူး ~ Lilyပါ
ဘာလို့​လေစိမ်း​တွေတိုက်​နေရတဲ့အထိ
ဒီမှာဝိုင်လာ​သောက်​နေရတာလဲ unnie ? "





Lisa အိပ်မ​ပျော်တာ​ကြောင့်
​လေညှင်းခံဖို့အ​ပေါ်ထပ်တက်လာ​တော့
ဝိုင်ကိုဘယ်​လောက်ထိ​သောက်ထားမှန်းမသိ
အ​တော်​လေးမူးနေတဲ့ Jennieကို​တွေ့တယ်

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now