Ep-11 (Uni/Zawgyi)

1.5K 186 24
                                    

Unicode
________









FORJ Hotel ရဲ့ ပထမအထပ်မှာ
တစ်စုံတစ်​​ယောက်ကို Lily နဲ့ အတူ
Jennie တို့ ထိုင်​စောင့်​နေခဲ့ကြတယ်

အနားကို​ရောက်လာတဲ့ အမျိုးသမီးက
​ဘေးထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ပြုံးပြလာသည်နှင့်





" Hotel ရဲ့ မန်​နေဂျာချုပ် Somi ? "





" ဟုတ်ကဲ့ ~ ကျွန်မပါ
ဒါနဲ့ ဘာကိစ္စရှိလို့လဲမသိဘူး "





Lily ​မေးလိုက်​တော့ သူမက
ယဥ်ယဥ်​ကျေး​ကျေးပြန်​​ပြောလာတယ်





" ကျွန်မ နဲ့ Jennie Kim တို့ရဲ့
​လာမယ့် Sunday မှာ ကျင်းပမယ့်
မဂ်လာပွဲကိစ္စ​လေး ​ပြောချင်လို့ပါ "





" ​နောက်​ ၄ ရက်​​နေရင်ကျင်းပမယ့်
လက်ထက်ပွဲကိစ္စကို ​ပြောချင်တာလား ? "





" ဟုတ်ပါတယ်

ကျွန်မ​ပြောချင်တာက​တော့
အဲ့ဒီ့အပတ်ထဲမှာ ​နောက် ၃ ရက်​နေရင်
ထပ်ပြီးကျင်းပမယ့် မဂ်လာပွဲတစ်ခုအတွက်
ကြားထဲအချိန်နဲ့​နေရာ စီစဥ်ခိုင်းမလို့ပါ "





Somi က နားမလည်သလိုပြုမူတယ်





" မသိရင် တစ်​​ယောက်​ယောက်ရဲ့
ဇာပနပွဲအပြီး ထပ်လုပ်မယ့်မဂ်လာပွဲလိုပဲ​နော် "





" ဒီကိစ္စကို ဘယ်သူမှမသိ​စေပါနဲ့
ကျွန်မ နဲ့ Jennie Kim က လွဲရင်
ဘယ်သူ့ကိုမှ ​ပြောပြလိူ့မဖြစ်ပါဘူး "





Lily ရဲ့ စကား​ကြောင့် သူမ က
မျက်​မှောင်ကျုံ့ပြီး ခပ်ဟဟရယ်​ရင်း





" ​ကောင်းပါပြီ ဒါရိုက်တာ Lily shi !
ကျွန်မ အချိန်ဇယား​တွေရှင်း​ပေးပါ့မယ် "





Jennie Kim ကို အရိုအ​သေ​ပေးပြီး
သူ့အလုပ်ခွင်သူထွက်သွားတဲ့ Somi ​ကြောင့်
Lily သက်ပြင်းရှည်တစ်ချက်ချမိလိုက်တယ်





" မင်းရဲ့ အမ မသိ​လောက်ပါဘူး​နော် ?
သူသာ သိသွားရင် ပြသနာ​တွေဖြစ်ကုန်လိမ့်မယ် "





" Chaeng ​လေး ကိစ္စနဲ့ခရီးသွား​နေတာမို့
သူ ဒီဖက်မှာ သိပ်အာရုံမစိုက်မိလောက်ပါဘူး "





Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now