Ep-13 (Uni/Zawgyi)

3.3K 229 83
                                    

Unicode
_________












စက်အခန်းထဲက​နေထွက်သွားတဲ့
Lisaကို တစ်စုံတစ်​ယောက်က
အကွယ်က​နေလှမ်းကြည့်​နေပြီး
ခဏအကြာ​မှာ ထိုသူက စက်အခန်းရဲ့
လှို့ဝှက်နံပါတ်ကိုနှိပ်ပြီး တံခါးဖွင့်လိုက်တယ်

အထဲမှာရှိ​​နေကြတဲ့ Lily နဲ့ Baek တို့က





" အမြန်သွား​တော့ Lily !
ဒီမှာ Baek ကို unnie ထိန်းထားလိုက်မယ် "





" Chaeyoung ဘယ်လိုလုပ် ...





" သွား​တော့ Lily ! "





Baek စကားမဆုံးခင်မှာပဲ
​ကြောင်ပြီးကြည့်​နေတဲ့ Lily ကို
Chae လှမ်း​အော်ပြီး​ပြောလိုက်​တော့
သူမက အခန်းထဲက​နေ​ပြေးထွက်သွားတယ်

အ​နောက်ကလိုက်ဖို့လုပ်​နေတဲ့
Baek ရဲ့အ​ရှေ့မှာ ပိတ်ရပ်လိုက်ပြီး





" က​လေးကိုလွှတ်​ပေးလိုက်ရ​အောင်
နည်းနည်းပါးပါးအခွင့်အ​ရေး​လေး​ပေးပါ Baek !
ကျွန်​မတို့​တွေ Lisa ကို မဆုံးရှုံးချင်ဘူး "





" Lily ကျ​တော့​ရော ?
သူ​သေသွားရင် သူ​ဌေးကဘာ​ပြောမလဲ ? "





" အဲ့ဒါ ကျွန်မ မသိဘူး "





Baek ကို ​ကျောခိုင်းပြီး
စက်အခန်းထဲက​နေ Chae ထွက်လာခဲ့တယ်

ဥယျာဥ် အမိုးထပ်ကိုတက်လာ​တော့
​ကောင်းကင်က​မှောင်မိုက်​နေပြီး ​
နေကြတ်ခြင်းဆိုတာသိသည်နှင့်တစ်ပြိုင်နက်
အမြန်​ပြေးပြီး​တော့လာခဲ့တယ်












~~~~~~~~~~~~~~~~~~~~~~~~~~~~










ပန်းကြဲချမယ့် ​လေယာဥ်ရဲ့အထဲမှာ
သူမဟာ ​သေနတ်တစ်လက်ကိုင်ပြီးရှိ​နေခဲ့တယ်

​အောက်ဖက်မှာမြင်ရတဲ့မြင်ကွင်းကို
မှန်ဘီလူးနဲ့​သေချာကြည့်​နေတုန်း
သူမရဲ့အ​ရှေ့မှာထိုင်​နေတဲ့အမျိုးသားက





" Lily ကို Jennie Kim သတ်မှာလား ? "





သူမက မဲ့ပြုံးတစ်ချက်ပြုံးရင်း
ခဲ​​ရောင်ဆံပင်​တွေကို နားကြားညှပ်လိုက်သည်





Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now