Ep-4 (Uni/Zawgyi)

1.9K 212 22
                                    

Unicode
_________











Circe ဆိုတာ ဂရိနတ်ဘုရားမပါ

သူမကို လူသားနဲ့နတ်ဘုရား
ပေါင်းစပ်ပြီး​ မွေးဖွားလာခဲ့တာဖြစ်တယ်

​ရှေး​ခေတ်တုန်းက နတ်ဘုရား​တွေဟာ
လူသားမျိုးနွယ်စု​တွေနဲ့ အတူတကွ​နေထိုင်​လေ့ရှိပြီး​​တော့
သူတို့ရဲ့​နောက်မျိုးဆက်​တွေကို ချန်​လေ့ရှိကြတယ်

ဒါ​ပေမယ့် မိခင်ဖြစ်သူက လူသားဆို​ရင်​​တော့
​မွေးလာတဲ့က​လေးဟာ လူသားအဖြစ်နဲ့ပဲ​နေထိုင်ရပြီး
မိခင်ဖြစ်သူက နတ်ဘုရားဆိုရင်​တော့ အဲ့က​လေးဟာ
အသက်18 နှစ်ပြည့်တဲ့အခါ ပညာရပ်တစ်ချို့ကိုသင်ကြားပြီး
Olympus ​တောင်မှာ နတ်မင်းကြီး Zeus ကို အမှုထမ်းရတယ်

Circe ဆိုတဲ့ နတ်ဘုရားမက​တော့
ဂရိဘုရင် Aeetes နဲ့ နတ်ဘုရားမ Hecate တို့​ရဲ့သမီးဖြစ်ပြီး
အသက် 18 နှစ်ပြည့်တဲ့အချိန်မှာ ပညာသင်ကြားဖို့အတွက်
​နေနတ်ဘုရား Helios ဆီကို စေလွှတ်ခြင်းခံခဲ့ရတယ်

Zeus ရဲ့​ကောင်းချီး​ပေးမှု​ကြောင့် ​
မွေးဖွားကတည်းက သဘာဝတရားရဲ့နတ်ဘုရားမအဖြစ်
ကြီးမားတဲ့အစွမ်းကို လက်ခံရမှာဖြစ်တဲ့ Circeဟာ
နောင်တစ်ချိန်မျိုးရိုးယှဥ်လာခံရနိုင်မှာကိုလည်း စိုးရိမ်ခဲ့ကြသည်

လူသားမျိုးနွယ်စုရဲ့​ သွေးပါ​နေတာ​ကြောင့်
သူမကို နေနတ်ဘုရား Helios နဲ့ ပင်လယ်နတ်ဘုရားမ
Perse တို့ ဇနီး​မောင်နှံက ​မွေးစားခဲ့တယ်

သူမမှာ ​မွေးရာပါအစွမ်းတစ်ချို့ကတည်ရှိ​နေပြီး​တော့
သဘာဝနတ်ဘုရားမအဖြစ် ချီး​မြှောက်ခြင်းမခံရခင်မှာ
ဂရိစစ်သည်​တော် Telemachus နဲ့
လက်ထက်​ပေးဖို့ကိုလည်း စီစဥ်ခဲ့ကြ​သေးသည်

Circe က လွတ်လပ်မှုကိုမြတ်နိုးတယ်
သူမဟာ အမြဲတမ်းဖခင်အရင်းဖြစ်သူကို လွမ်းဆွတ်​နေပြီး
​တွေ့ဖို့ခွင့်ပြုထားတဲ့ Olympus ​တောင်​ခြေရဲ့ ​တောအုပ်ထဲမှာ
ဖခင် ဘုရင်နဲ့​တွေ့ဖို့ တစ်ခါတစ်​လေချိန်းဆို​​လေ့ရှိတယ်

တစ်​နေ့ သူမရဲ့ဖခင်ဖြစ်သူ ​သေဆုံးသွားခဲ့တာကို
နတ်ဘုရား​တွေက Circe မသိ​အောင် ဖုံးကွယ်ထားခဲ့ကြတယ်

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now