System ကမ္ဘာသို့ရောက်ရှိခြင်း

8.1K 326 4
                                    

Unicode

"အားယား ခေါင်းကိုက်လိုက်တာ ကျွတ်ကျွတ်"

ရှောင်ရှင်းယံတစ်ယောက် သတိရလာတဲ့အချိန်
ခေါင်းတွေမတရားကိုက်နေလို့ ငြီးလိုက်မိတယ် မျက်လုံးဖွင့်လိုက်တော့ သူရောက်နေတဲ့နေရာက်ုကြည့်ကာ တစ်ခနတာကြောင်အနေမိတယ်....
ဘယ်နေရာကိုပဲကြည့်ကြည့်တိမ်တွေနဲ့ပဲပြည့်နေတာ အဆုံးကိုလဲမမြင်ရဘူး

~ ငါလေး နတ်ပြည်များရောက်လာတာလား~

သူတွေးလို့ပင်မပီးသေးဘူးအသံလေးတစ်သံထွက်လာတယ်

* အဟမ်း အဟမ်း Host သတိရလာပီလား
Save the loser system ကကြိုဆိုပါတယ် ကျွန်တော်က system 88 ပါ host *

ရှောင်ရှင်းယံ အသံလာရာနေရာကို ကြည့်လိုက်တော့ အမဲရောင် နားရွက်‌လေးနှစ်ဖက်နဲ့ နောက်က အမြှီးလေးပါ ပါတဲ့ ပုပုသေးသေးလေး ကောင်လေးတစ်ယောက်

" ဝါးးး မင်းက ချစ်စရာလေးပဲ
နားရွက်လေးနဲ့ အမြှီးလေးက တကယ့်အစစ်‌လေး အတိုင်းပဲနော် ။ မင်း အဲ့တာတွေ ဘယ်မှာ ဝယ်တာလဲဟင် "

ရှောင်ရှင်းယံရဲ့ စကားကို ကြားလိုက်ရတဲ့ system ကတော့ မျက်လုံးကိုသာ လှိမ့်လိုက်ပြီး
' စိတ်လေတယ် ' ဟူသော အကြည့်ဖြင့် ‌ရှင်းယံကို ကြည့်လိုက်တယ်....။

* Host မဟုတ်တာတွေ လျှောက်မပြောပါနဲ့
ဒါတွေက အင်တွေ မဟုတ်ဘူးဗျ အစစ် အစစ်!!
ကျွန်တော့်ရဲ့ တကယ့်နားရွက်နဲ့အမြှီးတွေ "

" အာ အဲ့လိုလား ဒါနဲ့ငါဘယ်ကိုရောက်နေတာလဲ မင်းခုနကပြောတဲ့ loser system ဘာကြီး..? "

* Host အခုရောက်နေတာ Save the loser system ဆိုတဲ့ System ကမ္ဘာတစ်ခုကိုပါ
ဒီ system က host တို့လိုလူ့ဘဝမာ မတရားလုပ်ကြံခံရပီးသေတဲ့လူတွေကိုပြန်ကယ်တင်ပေးတဲ့ systemတစ်ခုပါ ဒုတိယအခွင့်အရေးပေးတာပေါ့ ။ host က ကမ္ဘာတွေတစ်ခုပီးတစ်ခုသွားရမယ် အဲ့ကမ္ဘာတွေမာမတရားလုပ်ကြံခံရပီးသေသွားတဲ့လူတွေရဲ့ကိုယ်ထဲကိုဝင်ပီး သူ့တို့ရဲ့ဆန္ဒတွေကို mission အနေနဲ့လုပ်ပေးရမာပါ။ သူတို့ဆန္ဒတွေမပြီးပဲ host အဲ့ကမ္ဘာမာသေသွားခဲ့ရင် mission fail မာပါ။ ပီးတော့ out of character (OOC) ဖြစ်လို့လဲမရပါဘူး။ တကယ်လို့ mission တွေသာအကုန်အောင်ခဲ့ရင် ဆုအနေနဲ့ point တွေရမာပါ ကျွန်တော်ရှင်းပြတာနားလည်ရဲ့လား host *

Save The Loser System ( System ) Where stories live. Discover now