Arc - 1.12

2.2K 243 0
                                    

Unicode

* Host ရေ ထတော့ ကျောင်းသွားရမယ် host!!*

" အမ် ဟမ် အင်းအင်း ထပြီ "

* ခုထ မထရင် point နှုတ်မာ *

" ထပါပြီကွာ "

မနေ့ကအလုပ်ထဲမာ ပင်ပန်းလို့ အိပ်ချင်နေသော်လည်း သကောင့်သား အားယွမ်က point နဲ့ခြိမ်းခြောက်တော့ ထရပြန်ပြီ ဟူး စိတ်လျှော့ စိတ်လျှော့ ရှောင်ဖေး ။
ပြင်ဆင်သင့်တာ ပြီးဆင်ပြီး ကျောင်းသွားမယ်အလုပ် ခြံထဲကို ကားတစ်စီးဝင်လာလို့ ရှောင်ဖေး ထိုကားကိုကြည့်လိုက်တယ်။ ဒါ ဟိုလူကြီး ကားမလား ဘာလာလုပ်ပြန်ပြီလဲ...

' သည်းငယ် ကျောင်းသွားတော့မာမလား '

" အွန်း "

' လာ ကားပေါ်တက် ကိုယ်လိုက်ပို့ပေးမယ် '

" ရတယ် ကျွန်တော့်ကားနဲ့ပဲ ကျွန်တော်သွားမယ်"

' လာပါကွာ ကိုယ်လိူက်ပို့ပေးချင်လို့ပါ နော် '

" အင်း အင်း ပြီးရော "

~ ဟမ့် သူလိုက်ပို့မာ ငါတောင်သက်သာသေးတယ် ကားပေါ်မာ အိပ်ပြီးလိုက်လို့ရတယ် ʕ•ᴥ•ʔ~

' သည်းငယ် '

" ဟမ် "

' ကိုရ့်ကို ဘယ်ချိန်အဖြေပြန်ပေးမယ် စဉ်းစားထားလဲ '

" ဘာကိုလဲ "

' ကိုရ် သည်းငယ်ကို လက်ထပ်ခွင့်တောင်းထားတယ်လေ အဲ့တာ ဘယ်ချိန်မှလက်ခံမာလဲလို့ '

" လက်ထပ်ပွဲကိစ္စ လက်ခံရအောင် ခဗျားနဲ့ကျွန်တော်က ရည်းစားမှမဟုတ်တာ ပြီးတော့ခဗျားလဲ ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခါမှမပြောဖူးဖူး အဲ့တာ ကျွန်တော်က ဘာကိုစဉ်းစားပေးပြီး လက်ခံရမာလဲ "

' အာ ဒါဆို ကိုရ် အခုပဲ ပြောမယ် '

ကားကိုရပ်ကာ သူ့ဘက်ကို လှည့်ပြီး ပေါင်ပေါ်တင်ထားတဲ့လက်ကို သူလက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ကာ

' ကိုရ် သည်းငယ်ကို ချစ်တယ်
မြင်မြင်ချင်းကို ချစ်သွားတာ သည်းငယ် center ထဲကို စဝင်လာထဲက ကိုရ်သည်းငယ်ကို မြင်ပြီး ဒီကနှလုံးသားထဲမာ အမြစ်တွေ တွယ်နေတဲ့ထိ ချစ်မိသွားတာ ကိုရ်ဒီလိုတစ်ခါမှ မဖြစ်ဘူးဘူး ကိုရ့်နှလုံးသားက သည်းငယ်နဲ့မှ ရင်ခုန်လာတာ အဲ့တော့ ကိုရ့်ကို စဉ်းစားပေးပါနော် '

Save The Loser System ( System ) Where stories live. Discover now