Arc - 2.3

1.1K 104 15
                                    

Unicode

ကဲ လင်းလိုက်ပြီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကဲ လင်းလိုက်ပြီ..... (◕ᴗ◕✿)
Up မမှန်တာ ၊ အရေးအသားမကြိုက်တာ
တစ်ခုခုဆို လာပြောကြ လာဆူကြနော် 🤍

ညီတော်နဲ့စကားပြောနေတုန်း ကျောကို လာတိုက်တဲ့ ကောင်လေးကြောင့် စကားစကပြတ်သွားတယ်။ ထူပေးဖို့လုပ်ပင်မယ့် ကြားလိုက်ရတဲ့စကားတွေကြောင့် မထူပေးချင်တော့။ သူကလဲ ဝင်တိုက်သေးတယ် လူကိုများ ပြောလိုက်တာ ဘာတဲ့ ' ခြေထောက်တွေကြီးရိုက်ချိုးပြီး မျက်နှာကိုထိုးမယ်ဆိုပဲ ' ပြန်ကိုင်ပေါက်လိုက်လို့ မထနိုင်ပဲ ဖြစ်တော့မယ်။ လူကြည့်တော့ သူ့ပုခုံးလောက်လေးပဲရှိတယ် လူကောင်သေးသေးလေး။

ထိုအကောင်ပေါက်ကတော့ သူနဲ့ညီတော်ကို ရှိတယ်လို့ကို ထင်ပုံမရ။ စိတ်တိုနေတဲ့ရုပ်လေးနဲ့ ဒီလိုကျတော့လဲ ချစ်စရာလေး။ အလို ငါကိုယ်တော် အခု ဒီရှေ့ကလူသားလေးကို ချစ်စရာလေးလို့ပြောလိုက်တာလား...? ကော မဟုတ်တဲ့ ယောကျာ်းလေးတစ်ယောက်ကိုလေ။ မဖြစ်ပါဘူး တိုင်းရေးပြည်ရေး လုပ်တာများသွားတာ ထင်တယ် သမားတော်ဆီ ဆေးတောင်းရမယ်။

နောက်ထပ် ကောင်လေးတစ်ယောက် ရောက်လာမှ ခုနကပြောတဲ့စကားတွေက သူ့ကိုပြောတာမဟုတ်မှန်း သဘောပေါက်တော့တယ်။ လက်စသတ်တော့ မနက်ဖြန်လာမယ့် ချီနိုင်ငံက အိမ်ရှေ့စံပဲ ဒါဆို သူလေးက အိမ်ရှေ့စံရဲ့ သက်တော်စောင့်ပေါ့ ဒီလူကောင်သေးသေးလေးကလေ...? သူတို့အချင်းချင်းတော့ ဟုတ်နေတာပဲ ကော ဖြစ်ပြီး သေရည်ကြိုက်တဲ့လူရယ် အိမ်ရှေ့စံထပ် ရာထူးမြင့်ပါတယ်ဆိုတဲ့ လူရယ်။ အင်း ချီနိုင်ငံ လက်တွဲဖို့ ညီတော်နဲ့သေချာတိုင်ပင်သင့်ပြီ။

ညီတော့်ဘက်လှည့်ကြည့်တော့ ဟိုက ကော လေးကိုကြည့်နေတာ မြေခွေးအိုအလား။ အကောင်ပေါက်လေးကို ပြန်ကြည့်လိုက်တော့ နှုတ်ခမ်းလေးဆူပြီး အိမ်ရှေ့စံကို ပြောနေလိုက်တာ လူကြီးလေးကျလို့ အသည်းယားစရာလေးကွာ။ ကြားရသလောက်ကတော့ အကောင်ပေါက်လေးက ဖက်ထုပ်နဲ့ သစ်တော်သီးတော်တော်ကြိုက်တဲ့ပုံပဲ။ ဟော ခုလဲကြည့် ရှက်ရှက်ရမ်းရမ်း သွားကြပြန်ပြီ ဟဟ တကယ့် ကလေးတွေ။ အင်းးး ပြန်တွေ့ကြတာပေါ့ အကောင်ပေါက်လေးရေ ။

You've reached the end of published parts.

⏰ Last updated: Mar 07, 2022 ⏰

Add this story to your Library to get notified about new parts!

Save The Loser System ( System ) Where stories live. Discover now