Arc - 2 ( Huá / ဟွား )

1.8K 200 4
                                    

Unicode

" အာ့ နာလိုက်တာ အားယွမ် မင်းဖြေးဖြေးသာသာ ပို့ပေးလို့မရဘူးလား ခေါင်းကြီးတစ်ခုလုံး ဆင်နင်းခံလိုက်ရသလိုပဲ "

* အဲ့တော့ ယွမ်ယွမ်နဲ့ဆိုင်ဘူး အထက်ကလူတွေလုပ်တာ *

" အင်းဒါဆို အဲ့အထက်ကိုပြောပေးပါ ငါကစကားလက်ဆောင်ပါးလိုက်တယ် တသက်လုံး bt ထိုင်ရပါစေ fuck ပါပဲလို့ သိလား "

* OK OK host ပြောပေးမယ် *

ကိုက်နေတဲ့ခေါင်းကို ခနမေ့ထားကာ သူရောက်နေတဲ့ နေရာကို ကြည့်လိုက်တော့ ကျွန်သစ်တွေနဲ့ ဆောက်ထားတဲ့ အခန်းကျဉ်းကျဉ်းလေးတစ်ခန်း အခန်းထဲမာ အိပ်ယာရယ် စားပွဲတစ်လုံးရယ် ဘီဒိုတစ်ခုရယ်ကလွဲရင် ကျန်တာမရှိ

" ယွမ်ယွမ် ဇာတ်ကြောင်းပေး "

* OK host ပို့လိုက်ပြီ *

" ကျစ် ဖြေးဖြေးသာသာပို့စမ်းပါကွာ "

ခေါင်းထဲဝင်လာတဲ့ ဇာတ်ကြောင်းတွေကိုဖတ်လိုက်တော့ ဇာတ်ကြောင်းအရဆို အခု သူရောက်နေတာ ရှေးခေတ်ကမ္ဘာတစ်ခုကိုပင်။ ဒီကမ္ဘာမာ ယောကျာ်း မိန်းမအပြင် ကောဟူသော လူသားတွေလဲရှိတယ် ကောဆိုတာ လက် ဒါမှမဟု နဖူးမာ အနီရောင်ကျူးကျားရစ်လေး ပါတဲ့သူတွေကိုခေါ်တာ။ ဒီကမ္ဘာက ကောတွေက ကလေးလဲ မွေးနိုင်တယ် သူတို့ကျူးကျားရစ်က အရောင်ရင့်ရင် ရင့်သလောက် ကလေးများများမွေးဖွားနိုင်တယ် အားနည်းချက်က သူတို့ကအရမ်းပျော့ညံ့တယ် မိန်းမသားတွေထပ်ပိုပြီးအားနည်းကြတယ် ဒါတွေထားပါ ဇာတ်ကြောင်းကိုပြောပြရမယ်ဆိုရင်

ဒီကမ္ဘာရဲ့သားတော် ဇာတ်လိုက်က ဝမ်မော့ချီ ဝမ်နိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့အထက်မြတ်ဆုံး ဘုရင်တစ်ပါး။ ဇာတ်လိုက်မက ကျင်းရီလင်း ( ကော ) ကျင်းအမတ်ကြီးရဲ့သား။ ဒုဇာတ်လိုက်က ဝမ်ရန်ဟောက် အိမ်ရှေ့စံမင်းသား။

ဖန်တရာလည်နေတဲ့ဇာတ်ကြောင်းကြီးအရ ဘုရင်နဲ့ကောတစ်ယောက်ရဲ့ချစ်ကြိုက်ခန်း၊ ဇာတ်လိုက် ၃ ယောက်လုံးက ငယ်ပေါင်းသူငယ်ချင်းတွေ ဇာတ်လိုက်မကို ဇာတ်လိုက်၂ယောက်လုံးက ကြိုက်နေတယ် ဒါပင်မယ့်ထုတ်တော့မပြောကြဘူး ပြသနာရဲ့အစက ချီနိုင်ငံက အိမ်ရှေ့စံမင်းသား ဝမ်နိုင်ငံကိုလာတဲ့အချိန်ကပင်။ ချီနိုင်ငံရဲ့အိမ်ရှေ့စံကလဲ ကောတစ်ယောက် နိုင်ငံရေးရာကိစ္စဆွေးနွေးရန် ဝမ်နိုင်ငံကို လာခြင်းဖြစ်တယ် အဲ့မာ ဇာတ်လိူက်မက သူ့ထပ်လှတဲ့ ချီအိမ်ရှေ့စံကို ကြည့်မရ ပိုဆိုးသည်မာ သူ့ကိုကြိုက်နေတဲ့ ဝမ်နိုင်ငံရဲ့ဘုရင် ဇာတ်လိုက်ကြီးဟာ ချီအိမ်ရှေ့စံကို အလေးပေးနေတဲ့အတွက် မနာလိုကာ ချီအိမ်ရှေ့စံကို အမျိုးမျိုးကွယ်ရာကနေ လုပ်ကြံတယ်။ ဒါမယ့် ချီအိမ်ရှေ့စံက သူ့ထောက်ချောက်ကနေ အမြဲလွတ်မြောက်တယ်။ တစ်နေ့ ချီအိမ်ရှေ့စံရဲ့ နားဆောင်ကိုသွားကာ စကားပြောဆိုရင်း ရုတ်တရက် ဇာတ်လိုက်မက သွေးများထအန်တယ် အဲ့ချိန် ဇာတ်လိုက်၂ယောက်ကရောက်လာ ချီအိမ်ရှေ့စံကို အဆိပ်ခတ်တယ်စွတ်ဆွဲ မ စိတ်မွှန်နေတဲ့ ဇာတ်လိုက်က ချီအိမ်ရှေ့စံကို သူကိုယ်တိုင်ဓားနဲ့သတ်လိုက်ကာ ဇာတ်လိုက်မကို ဆေးကု ဇာတ်လိုက်မသက်သာသွားတော့ ဇာတ်လိုက်မကို ချစ်နေကြောင်းဝန်ခံ ဟိုကလဲလက်ခံ နောက်ဆုံးတော့ ဧကရီဖြစ် ကလေးမွေး Happy Ending. ဒုဇာတ်လိုက်ကြီးက အိမ်ရှေ့စံရာထူးစွန့်လွန့်ပြီးပျောက်သွား ဒါပါပဲ ဇာတ်လမ်းကြီးက

Save The Loser System ( System ) Where stories live. Discover now