Arc - 1.5

2.8K 276 5
                                    

လီရှောင်ဖေး ( host )Note: ဒီပုံလေးက ရှောင်ဖေးကျောင်းမာ အငေးခံရတဲ့ပုံလေးပါ အရှေ့ပိုင်းမာထည့်ပေးဖို့မေ့သွားလ်ု့ အဟိ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လီရှောင်ဖေး ( host )
Note: ဒီပုံလေးက ရှောင်ဖေးကျောင်းမာ အငေးခံရတဲ့ပုံလေးပါ အရှေ့ပိုင်းမာထည့်ပေးဖို့မေ့သွားလ်ု့ အဟိ....🙊🙊

Unicode

ရှောင်ဖေး စစ်ကျွေးကိုခေါ်ကာ ကန်တင်းကနေပြန်ထွက်လာခဲ့တယ် သူဒီလူတွေကိုတော်တော်ဒေါသထွက်နေပီ။ ရှောင်ဖေးစိတ်ထဲကမကျေနပ်မှုတွေက အပြင်မာပါ မျက်ခုံးများအလိုလိုကျုံ့သွားမိတယ်

~ ဒင်းတို့ကြောင့်ငါမုန့်ငတ်ပီ ဗိုက်ဆာနေပါတယ်ကွာ ငိုးမဘဝ ~

' ရှောင်ဖေး...ရှောင်ဖေး..′

" အမ် အင်းပြောလေ စစ်ကျွေး "

' မင်းဘာတွေတွေးနေတာလဲ ခုနကကိစ္စလား ′

" အင်းဟုတယ် "

ငါဗိုက်ဆာနေလို့ပါလို့ ပြောရင် လဒက ထရီမာလေ ဒါမျိုးတော့အဖြစ်မခံနိုင်ဘူး

' မင်းလုပ်တာမဟုဘူးဆိုတာငါယုံတယ် ငါလဲချင်းဝမ်ဝမ်ကိုကြည့်မရဘူး အားနေ အဲ့တစ်ယောက်အရည်ပဲကျနေတာ မိန်းခလေးဖြစ်ပီး ′

" ငါအဆင်ပြေပါတယ် မင်းလဲငါ့ဘက်မာရှိနေတာပဲ လာငါတို့အတန်းလစ်မယ် ဗိုက်ဆာပီ "

' အတန်းလစ်မယ်....′

" ဟုတ်တယ်လေဘာဖြစ်လို့လဲ မင်းတစ်ခါမှအတန်းမလစ်ဖူးဖူးလို့တော့ ငါ့ကိုမပြောနဲ့နော် "

' မဟုတ်ပါဘူး အရင် မင်းက အတန်းလစ်တာမှ မဟုတာ ငါအတင်းခေါ်ရင်တောင်စိတ်ဆိုးတဲ့သူက အခုအတန်းလစ်မယ်ဆိုတော့ ငါနဲနဲ..′

" ဟေ့ စစ်ကျွေး မင်းမေ့သွားတာလား ငါကအရင်ရှောင်ဖေးမဟုဘူးလေကွာ အတိတ်မေ့နေတာ လာပါကွာငါဗိုက်အရမ်းဆာနေပီ နော် "

Save The Loser System ( System ) Where stories live. Discover now