Arc - 2.1

1.6K 187 7
                                    

Unicode

" အားးးးးးးးးး "

* ဘာဖြစ်တာလဲ host ရယ် အလန့်တကြား *

" ငါအိပ်လို့မရဘူး အားယွမ်ရယ် အခုမှ မနက်အစောကြီးပဲရှိသေးတာကို ဒီစောက်စိကြီးနှစ်လုံးက သူ့အလိုလို ပွင့်နေတယ်ဟ အားးးးးးး "

* ဒါကတော့ host ရယ် ဒီကိုယ်ပိုင်ရှင်က အရင်ဒီချိန်ထနေကျမို့လို့ မျက်လုံးတွေက အကျင့်ဖြစ်နေတာ နေမာပါ host လဲထတော့လေ ပြန်အိပ်လို့မရမာချင်းတူတူ *

" အားးးးးး ချီးပဲဟေ့ ချီးပဲ မထချင်ပါဘူးဆို "

ပြန်အိပ်လို့မရတဲ့အဆုံး အိပ်ယာထကာ မင်းကြီးဆီသွားရန် ပြင်ဆင်လိုက်တယ်။ ဟုတ်တယ်လေ ဒီကမ္ဘာမာ သူက မင်းကြီးရဲ့ သက်တော်စောင့်ကို။ အပျင်းကြီးနေလို့မှမရတာ ဟူးးးးး

" အရှင်မင်းကြီးကို ဂါဝရပြုပါတယ် "

' ဟွားရောက်လာပြီလား '

" ဟုတ်ကဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးရောက်ရှိကြောင်းပါ "

' ငါအရှင်မြတ် မင်းကိုပြောစရာရှိတယ် ဟွား '

" မိန့်တော်မူပါ မင်းကြီး "

' မနက်ဖြန် ဝမ်နိုင်ငံကို ၂နိုင်ငံချစ်ကြည်ရေးအဖြစ် သားတော်လော့ရီလေးကို သံတမန်အနေနဲ့စေလွှတ်မယ် မင်းက လော့ရီလေးရဲ့ သက်တော်စောင့်အနေနဲ့ လိုက်သွားပြီး သူ့ကိုစောင့်ရှောက်ပေးပါ '

" မင်းကြီး!! ကျွန်တော်မျိုးက မင်းကြီးရဲ့ သက်တော်စောင့်..."

' ငါကိုယ်တော်ရဲ့ အမိန့်ကို မနာခံတာလား ဟွား '

" မဟုတ်ရကြောင်းပါ အရှင်မင်းကြီး ကျွန်တော်မျိုးမရှိတဲ့အချိန် အရှင်မင်ကြီးကို တစ်စုံတစ်ယောက်က လုပ်ကြံနိုင်တာကြောင့်ပါ "

' ငါကိုယ်တော်မာ မင် တစ်ယောက်လုံးရှိပါသေးတယ် ဟွားရယ် မင်းစိတ်ပူနေစရာမလိုဘူး သားတော်လေးကိုသာ အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးပါ '

( မင် = ချီဘုရင်၏ဘယ်လက်ရုံးသက်တော်စောင့် )

" အမိန့်တော်မြတ်တိုင်းပါ အရှင်မင်းကြီး ကျွန်တော်မျိုး အသက်နဲ့လဲပြီး အရှင့်သားကို ကာကွယ်ပေးပါ့မယ် "

Save The Loser System ( System ) Where stories live. Discover now