Arc - 1.15 ( Final )

2.2K 257 10
                                    

Unicode

May 27 🦋🍁

" အခြေအနေ "

* host ခန့်မှန်းထားတဲ့အတိုင်းပဲ *

" အင်း ဟွေ့လန်ရှင်းနဲ့ လက်ထပ်လိုက်တာနဲ့ ငါ့ mission တွေအကုန်ပြီးပြီမလား "

* ပြီးပြီ host ။ host တကယ်ပဲ ထွက်သွားတော့မာလား ဒီကမ္ဘာမှာဆက်မနေတော့ဘူးလား *

" မနေပါဘူး ဒီနေရာကငါနဲ့သက်ဆိုင်တဲ့နေရာမှ မဟုတ်တာ mission တွေ မြန်မြန်ပြီးအောင်လုပ်ပြီး ငါ့ကမ္ဘာကို မြန်မြန်ပြန်မယ် ဒါမှငါ့ကို လုပ်ကြံတဲ့သူတွေကို လက်စားချေနိုင်မာ "

* host ကို ဘယ်သူတွေလုပ်ကြံလဲဆိုတာ host သိသွားပြီလား *

" အင်း ငါသိသွားပြီ "

* Wow ဂုဏ်ယူပါတယ် host "

" အင်း အားယွမ် မင်းငါခိုင်းတဲ့တိုင်းသေချာလုပ်ထားတယ်မလား "

* လုပ်ထားတယ် host စိတ်မပူနဲ့ ဒါမယ့်လေ ဘာလို့ ဒီလိုသေမယ့်လမ်းကြီးကိုရွေးရတာလဲ host *

" Korea Drama ဆန်ဆန် သေချင်လို့လေ "

* ..... *

" သတိုးသား ရင်ခွင်ထဲမာ သတို့သမီး အဲ့လေ သတို့သားလေးက သွေးတွေနဲ့လဲနေတဲ့မြင်ကွင်းက ဘယ်လောက်တောင် Drama ဆန်လိုပ်လဲ "

* -_- *
ဟုတ်ပြီ ငါဒီ host ကိုဘာမှမပြောချင်တော့ဘူး

" အားယွမ် သေသွားတာလား "

* မဟုတ်ပါဘူး host ရယ် host အဲ့လိုလုပ်တာ သူများတွေ ခံစားရမာ host မသိဘူးလား host ပါးပါး host သူငယ်ချင်းတွေ ပြီးတော့ ဟွေ့လန်ရှင်း သူတို့ကို မသနားဘူးလား *

" ခနတာတွေ့ရတဲ့ သူတွေအပေါ် ငါသံယောဇဉ်မထားချင်ဘူး အားယွမ် ငါကဧည့်သည် အချိန်တန် ထွပ်သွားရမယ့်သူ ငါ့အတွက် mission ပြီးဖို့ကပိုအရေးကြီးတယ် "

* ဒါမယ့် host...*

" မင်းဘယ်ချိန်က အဲ့လောက်စကားများတတ်သွားတာလဲ "

* အားယွမ်က စေတနာနဲ့ပြောတာကို *

" တော်တော့ မဂ်လာပွဲအခြေအနေ အဆင်ပြေရဲ့လား သွားကြည့် "

* ဟုတ် *

ဒီနေ့က သူနဲ့ ဟွေ့လန်ရှင်းတို့ရဲ့ မဂ်လာဆောင်မယ့်နေ့ ။ ဒီကမ္ဘာကနေ ထွက်သွားတော့မယ့်နေ့ ဆိုလဲ မမှားဘူး ။ အားယွမ် သူ့ကိုစိတ်ကောက်သွားမှန်းသိတယ် သူစိတ်ကောက်လဲမတတ်နိုင်ဘူး ကိုယ်ကဒီကမ္ဘာကို ခနတာလာတာ ဒီကပုံရိပ်ယောင်တွေကို သံယောဇဉ်မတွယ်ချင်ဘူး နောက်ဆုံး ကိုယ်ပဲ ခံစားရမာ ဟွေ့လန်ရှင်း??
မညာတန်းဝန်ခံရရင် သူ့အပေါ်သံယောဇဉ်ရှိနေပြီ သူကိုယ့်ကို အရမ်းချစ်တယ်ဆိုတာလဲသိတယ်

Save The Loser System ( System ) Where stories live. Discover now