Pᴀʀᴛ (7)

2.9K 408 76
                                    


Unicode

အသက်၅နှစ်အရွယ် ကလေးနဲ့ နုပျိုလှပနေတဲ့ မိန်းမတစ်ဦးတို့ ၊ ကြည့်ရတာ သားမိ ဖြစ်ဟန် ။

ကျောပိုးအိတ်လွယ်ထားတဲ့ ကလေးလေးရဲ့ လက်ကိုဆွဲကာ ပြုံးရွှင်စွာ လမ်းလျှောက်နေတဲ့ မြင်ကွင်းမှာ အလွန်ကြည်နူးဖွယ်ကောင်းတဲ့ ပုံရိပ်ပင်။

ကလေးလေးနဲ့ ထိုအမျိုးသမီးက ကြည့်တာနဲ့ သားမိမှန်း သိစေမဲ့ အချက်က ရီလိုက်ရင် လခြမ်းပုံမှိတ်ကျသွားတဲ့ မျက်လုံးကျဥ်းကျလေးတွေပါပဲ။

ကလေးလေးကလဲ သူ့အမေဖြစ်သူအား ဘာတွေပြောနေလဲမသိ တစ်ခါတစ်ခါ ဆူထော်လာတဲ့ နှုတ်ခမ်းလေးက သက်သေပင်။

ဘယ်လောက်ပဲ လှပပြီး မြတ်နိုးဖွယ်ကောင်းတဲ့ အချိန်ကိုတောင် မုန်တိုင်းထန်စေတတ်တဲ့ အချိန်အဖြစ်ကို ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော အရာက ကံကြမ္မာ ပေမလား...။




အခန်းတွင်းက မိခင်ဖြစ်သူရဲ့ အဖြစ်အပျက်တွေကို
အခန်းဝမှာ ဘာမှနားမလည်သလို ကြည့်နေတဲ့ ကလေးငယ်။

အင်္ကျီအဖြူရောင် အရှည်ကြီးတွေနဲ့ ဦးလေးကြီးတွေက အမေ့ကို ကုသနေတာကို ကလေးတစ်ယောက်အနေနဲ့ ငေးကြည့်ရုံပဲတတ်နိုင်ခဲ့တယ်။

အိမ်တော်ထိန်း အန်တီကြီးကို "အမေ့ကိုသတိရတယ် အမေ့ဆီလိုက်ပို့ပေးပါ" လို့ ပူဆာခဲ့တာမို့ အန်တီကြီးက လိုက်ပေးပို့ခဲ့တယ်။ကလေးငယ် လဲ အမေ့ဆီကိုရောက်တော့ အမေဖြစ်သူ နဲ့ စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ကြောက်ဖို့ကောင်းလောက်အောင် ခန္ဓာကိုယ်တွေက တုန်ရီလာကာ မျက်လုံးတွေကလဲ အပေါ်ကိုလှန်တင်နေတာကြောင့် ကလေးငယ်မှာ ကြောက်လန့်သွားမိသည်။

မကြာပါ အန်တီကြီးက အဖြူရောင် အင်္ကျီဝတ်ထားတဲ့ ဆရာဝန် ဆိုသော လူတွေကိုခေါ်လိုက်ပြီး သူ့ကိုရောက် အန်တီကြီးက ချီကာ အခန်းအပြင်ကို ခေါ်ထုတ်သည်။

အခန်းတံခါးက မပိတ်ပဲ အနည်းငယ်ဟနေတာကြောင့် ကလေးငယ်က အဖြစ်အပျက်အားလုံးကိုမြင်တွေ့နေရတယ်။

ထို့နောက် အန်တီကြီးက "သားအမေ ကို ဦးဦးဆရာဝန်တွေက သက်သာအောင် ကုပေးမှာမို့ မနက်ဖြန် မှ ထပ်လာကြရအောင်" ဆိုတဲ့စကားကြောင့်ကလေးငယ်မှာ အန်တီကြီးနောက်ကို ပါသွားတော့သည်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now