Pᴀʀᴛ (1)

8.3K 626 96
                                    

Unicode

လိုအပ်တဲ့ သံစဥ်အတက်ကျ နဲ့ အဆိုတော်ရဲ့ key
အနိမ့်အမြင့်တို့ကို ချိန်ကိုက်ပြီး အကြမ်းဖျင်း
လက်စသတ်လိုက်ကာ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ လက်တံအတိုက ၁၂ နားရောက်နေပြီး လက်တံရှည်ကနံပတ်အသေးဖြစ်တဲ့ ၅ နဲ့ ၆ ကြား . .  ည ၁၂ နာရီ၂၇ မိနစ် တိတိ။

ယွန်းဂီ ခါးကြောဆန့်ပြီး ဆိုဖာနဲ့ခုံပေါ်က ခေါက်ဆွဲပြုတ်ဗူးတွေကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သုံးရက်တိတိ Studio ထဲမှာနေပြီ အရစ်ရှည်နေတဲ့ PD နဲ့ CEO ကြောင့် နှစ်ရက်နဲ့ ပြီးရမှာကို ၅ရက်လောက်ကြာသွားပြီ။ မနက်ဖြန် နမ်ဂျွန်း နဲ့ အချောသတ်လိုက်ရင်တော့ ပြီးလောက်မှာပါ။

သုံးရက်လုံးအောင်းနေရတဲ့ ဒီ Ent ကြီးထဲက အမြန်ဆုံးနည်းနဲ့အိမ်ပြန်ချင်နေတာမို့ အမှိုက်တွေကို
ကျွတ်ကျွတ်အိပ်ထဲထည့်ကာ လွှင့်ပစ်ခဲ့ပြီး
အခုလက်ရှိ ပန်းတိုင် အိမ်ဆီသို့...။



ဆိုလ်းမြို့ရဲ့ ညက မီးရောင် စျေးတန်းတွေနဲ့ စည်ကားနေသေးသည်။ အစကတော့ အိမ်ကိုပဲတန်းပြန်မယ်စိတ်ကူးပေမဲ့ စားဖို့သောက်ဖို့အတွက်က လိုအပ်သေးတာမို့ စျေးတန်းဝင်ဖြစ်သေးသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆိုလ်းမြို့ရဲ့ ညက မီးရောင် စျေးတန်းတွေနဲ့ စည်ကားနေသေးသည်။ အစကတော့ အိမ်ကိုပဲ
တန်းပြန်မယ်စိတ်ကူးပေမဲ့ စားဖို့သောက်ဖို့အတွက်က လိုအပ်သေးတာမို့ စျေးတန်းဝင်ဖြစ်သေးသည်။

"ဟေ့ ဟေ့ ကောင်လေး အရုပ်ယူပြီး ထွက်မပြေးရဘူးလေ"

အနောက်ကအသံတွေကြားလိုက်တာကြောင့်
လှည့်ကြည့်မိတော့ အကျီအမဲလဲမဟုတ် မီးခိုးလဲမဟုတ် ဝတ်ထားတဲ့ ထွက်ပြေးသွားတဲ့ကောင်လေးရဲ့နောက်ကို အသည်းအသန်လိုက်နေတဲ့ အရုပ်ဆိုင်ပိုင်ရှင်။

ကိုယ့်အလုပ်မဟုတ်တာကြောင့် ခဏပဲကြည့်လိုက်
တာ မနက်ဖြန်အတွက် ချက်စားမဲ့ တော့ပိုကီ အထုတ်တွေကိုသာ ဝယ်နေလိုက်သည်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now