Pᴀʀᴛ (3)

3.4K 519 79
                                    

Unicode

" Omm နမ်ဂျွန်း ငါအခုထွက်တော့မှာ . . . ok ok... Omm နောက်မှတွေ့မယ်"

ယွန်းဂီအခန်းထဲကထွက်ပြီး studio ကိုသွားမယ်ပြင်တော့ နမ်ဂျွန်းဆီက ဖုန်းလာတာကြောင့်
အမြန်ခြေသုတ်တင်ရန်ပြင်လိုက်သည်။

ဆိုဖာပေါ်က ဂျီပေါက်လေးကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေသည်။

" Daddy ဘယ်သွားမလို့လဲ"

"ကိုယ် အလုပ်ကိုခဏသွားရမယ် ဂျီမင် ခဏနေ
ခဲ့နော်"

ပြူးတူးတူးနဲ့သိချင်စိတ်ပြင်းပျနေတဲ့ ကောင်လေး
ကိုပြောလိုက်တော့ ဆိုဖာပေါ်ကဆင်းကာ အတင်း
ခေါင်းခါပြီး သူ့အကျီစကိုဆွဲသည်။

"ဂျီမင်လေးလဲ လိုက်ချင်တယ်"

"မဟုတ်ဘူးလေ ဂျီမင်လေးက ခဏ နေခဲ့
မကြာဘူးပြန်လာခဲ့မယ်"

"မရဘူး မရဘူး Daddy မရှိရင်မနေဘူး"

ခြေဆောင့်ကာ အကျီစကိုဆွဲပြီး ဂျီကျနေတဲ့
ကလေးပေါက်စကြောင့် ခေါင်းကိုအားရပါးရ
ကုတ်လိုက်ပြီး ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

"ဟုတ်ပြီ လိုက်ခဲ့ ဒါပေမဲ့ ကိုယ့်ကို ကတိပေး
ကိုယ့်အလုပ်ရောက်ရင် ဂျီမင် ငြိမ်ငြိမ်လေးနေ
ရမယ် အသံမဆူရဘူး . . ဘယ်လိုလဲ"

သူပြောလိုက်တော့ ပုတ်သင်ညိုလေးကိုခေါင်းဆက်တိုက်ငြိမ့်ပြသည်။

"ကတိ ကတိ pinky promise"

လက်သန်းပုတိုလေးထုတ်ပြလာတာကြောင့် ယွန်းဂီလဲ ကတိပြန်လုပ်ပေးလိုက်သည်။

" သွားမယ် အဲ့ နေဦး"

ယွန်းဂီ အခုမှသတိရတယ်။ ထိုကောင်လေးမှာ
ဖိနပ်မှမရှိတာ။ ရှုပ်ပွနေတဲ့ ဖိနပ်စင်ထဲက
ထိုကောင်လေးနဲ့သင့်တော်မဲ့ဖိနပ်ကိုရှာလိုက်သည်။

" တွေ့ပြီ"

အထက်တန်းနောက်ဆုံးနှစ်တုန်းကဝတ်ခဲ့တဲ့
ဖိနပ်။ ဂျီမင်ရဲ့ခြေထောက်နဲ့ ဖိနပ်ဆိုဒ်ကိုကြည့်
လိုက်တော့ ဖိနပ်ကတောင်နည်းနည်းကြီးနေ
သေးတယ်။ မတတ်နိုင်ဘူး ဂျီမင်နဲ့ခြေထောက်
နဲ့အဆင်ပြေဆုံးက ဒါပဲရှိတယ်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now