Pᴀʀᴛ (2)

3.6K 539 97
                                    

Unicode

ဒီကောင်လေး သူပြောတဲ့စကားရဲ့အဓိပ္ပာယ်ကို
နားရောလည်ရဲ့လား?? ပြီးတော့ Daddy??
ငါကသူ့အဖေနဲ့များ ရုပ်ဆင်နေလို့လား??

ယွန်းဂီ ခေါင်းထဲအတွေးပေါင်းများစွာရှုပ်ယှက်ခက်လျက်။

"နော် Daddy ... ဂျီမင်လေး ဆေးမလိမ်းတော့ဘူးနော်Daddy နဲ့ပဲအတူနေမယ်နော်"

ဂျီမင်လေး?? ထိုအကောင်ပေါက်ရဲ့ နာမည်ဖြစ်နိုင်သည်။ ကပ်ချွဲသော လေသံဖြင့်ပြောလာတာကြောင့်သူအတော်စဥ်စားနေရသည်။ အခုရှုပ်မှနောင်ရှင်းဆိုတဲ့အတိုင်း အရှေ့ကအကောင်ပေါက်ကိုအရင်ဆေးလိမ်းပေးဖို့ကအရင်။

"အခု ခြေထောက် ဆေးလိမ်းကြမယ် ကောင်လေး"

သူပြောလိုက်တော့ သူခြေထောက်ကိုဆိုဖာပေါ်တင်ပြီး အရုပ်နဲ့အတူ ခြေထောက်ကိုစုထိုင်ကာ
ဖွက်လိုက်သည်။

"မလိမ်းဘူး"

"ကျစ် ဘာလို့မလိမ်းရတာလဲ"

"အာ့"

ထိထားတဲ့နေရာကို ဖိမိသလိုဖြစ်သွားတာကြောင့်
နာသွားပုံပေါက်ပေမဲ့လဲ ထိုအကောင်ပေါက်ဟာ
ခေါင်းမာတယ်။ အတင်း ခြေထောက်ကိုဖွက်ထားသည်။

"ဂျီမင်လေး သာလိမ်းလိုက်ရင် Daddyနဲ့ နေရ
တော့ မှာမှမဟုတ်တာ..."

တဖြေးဖြေးတိမ်ဝင်သွားတဲ့ အသံကြောင့် ယွန်းဂီ
စိတ်ထဲ ပျော့လာတာအမှန်ပင်။ ဆိုဖာပေါ်ကဆင်း
လိုက်ပြီး ထိုကောင်လေး အရှေ့မှာဝင်ထိုင်လိုက်
တော့ အနောက်ကိုဆုတ်သွားသည်။

"ဂျီမင်လေး ကိုယ်နဲ့အတူနေချင်တယ်လား "

သူပြောလိုက်တော့ မျက်ရည်ဝဲတေးတေးလေးနဲ့
ကြည့်သည်။

"ဟုတ်ပြီ အဲ့တာဆို ဆေးလိမ်းရမယ် လာကိုယ်လိမ်းပေးမယ်"

"Daddy နဲ့နေမှာနော်"

"ဟုတ်တယ် ကိုယ်နဲ့ပဲနေရမယ်"

" ကတိ"

နှုတ်ခမ်းထူထူတို့အလှဆုံးပြုံးလိုက်ပြီး လက်သန်း
ပုတိုလေးတစ်ချောင်းက သူ့ဆီကိုထုတ်ပေးတယ်။

ဆိုဖာပေါ်မှာချစ်စရာကောင်းအောင်ပြုံးပြနေပြီး
pinky promise ကို လက်သန်းသေးသေးလေးနဲ့
တောင်းနေတဲ့ ကောင်လေးကို ဘာတစ်ခုမှသတိ
မရတော့လိုသမျိုးငေးကြည့်နေတဲ့ ကောင်လေး
တစ်ယောက်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now