Pᴀʀᴛ (4)

3.3K 523 149
                                    

Unicode

" အခုထိမတွေ့သေးဘူးလား နင်တို့တွေစောက်
သုံးကိုမကျဘူး!!"

ခပ်ကြိတ်ကြိတ်အော်လိုက်တော့ ဖုန်းတစ်ဖက်က
ကျွန်တော်တို့တွေ့အောင်ရှာပါ့မယ်ဆိုသော
စကားကိုသာ ထပ်အောင်ပြောနေသည်။

" တွေ့အောင်ရှာပြီး ရှင်းလိုက်တော့ ဒါပဲ"

ဖုန်းကိုချပြီး ပြတင်းပေါက်ကနေ အောက်ထပ်
က ပန်းခြံမှာမှိုင်စွာထိုင်နေတဲ့ ပတ်ခ်ဆိုမင်း ကို
ဆူရာ ကြည့်လိုက်ပြီး ကောက်ကျစ်တဲ့အပြုံး
များက အသက်ဝင်လာပြီး ဒီအိမ်ကိုစရောက်လာ
တဲ့အချိန်တွေဆီ...။

Bussiness major နဲ့ကျောင်းပြီးခဲ့တဲ့ ဆူရာက
မူဂွန်း စားသောက်ကုန်လုပ်ငန်းမှာ သာမန်စာရေး
အနေနဲ့အလုပ်ရခဲ့သည်။ဆင်းရဲ့တဲ့မိသားစု
ကမွေးလာတာမို့ ချမ်းသာမှုကိုမက်မောသည်။

တနေ့တော့ မူဂွန်း လုပ်ငန်းရဲ့ ပင်မ Company
ကြီးဆီကိုရာထူးတိုးရင် CEO ရဲ့အတွေးရေးမှုး
ရောက်သွားတော့သည်။ အတွင်းရေးမှူးရဲ့လစာ
ကသူမ သာမန် စာရေးဘဝရဲ့လစာထက် ငါးဆ
ပိုများတယ်လေ။

ပိုက်ဆံရှိရင်ဘာမဆိုဖြစ်နိုင်တဲ့စကားအတိုင်း
သူမ အပျော်အပါးတွေ လိုသည်ထက်ပိုလာ
တော့သည်။ ငယ်လဲငယ် ချောချောလဲချောတော့
သူမကို သဘောကျတဲ့ပုရိသများက အများအပြား။

ဒါပေမဲ့ သူမစိတ်မဝင်စားပါ။ သူမ စိတ်ဝင်စားတာက သူမ CEO ပတ်ခ်ဆိုမင်း ပင်။ အသက်အရွယ်
ကြီးတယ်ဆိုပေမဲ့ နုပျိုဆဲဖြစ်ပြီး ပိုက်ဆံချမ်းသာ
သော ထိုလူကို သူမအလွတ်မပေးနိုင်ပါ။

မိသားစုနောက်ခံကိုစုံစမ်းကြည့်တော့ မိန်းမဖြစ်
သူက သေဆုံးသွားတာလွန်ခဲ့တဲ့ ၁၅ နှစ်ထဲကပင်။
ကျန်းမာရေးမကောင်းတဲ့သားတစ်ယောက်ရှိတယ်
ကြားပေမဲ့ သူမဂရုစိုက်ကာ ပတ်ခ်ဆိုမင်း
တစ်ယောက်ထဲသာ။

မိန်းမမာယာသဲကိုးဖြာဆိုတဲ့အတိုင်း ပတ်ခ်ဆိုမင်း
လဲ ထိုသဲကိုးဖြာထဲမှ ရုန်းမထွက်နိုင်ခဲ့ပေ။
ဒုတိယ ဇနီးနေရာအား သူမကိုပေးခဲ့သည်။

သူမထိုအိမ်ကိုရောက်တော့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့သည်။ပတ်ခ်ဂျီမင်..အမြဲတမ်းပြုံးနေ
တတ်ပြီးဖော်ရွေတတ်တဲ့ကောင်လေး။ ပြည့်စုံနေ
တဲ့ထိုကောင်လေးမှာ ချို့ယွင်းချက်တစ်ခုရှိနေတယ်။ အဲ့တာကတော့ အသိစိတ်က ကလေးစိတ်သာ
ရှိနေသည်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now