Finale

2.4K 342 83
                                    

Unicode

ယွန်းဂီ အိပ်ယာကနိုးလာတော့ ညနေတောင် အတော်စောင်းလုပြီ။ ဂျီမင်က မနက်က တက် တဲ့ အကျိုးဆက်တွေလားမသိပေမဲ့ ကိုယ်နည်းနည်းနွေးတာမို့ ဆေးတိုက်ကာ အိပ်ခိုင်းပေမဲ့ ဂျီမင်က
သူပါလာအိပ်ဆိုလို့ ချော့သိပ်ရင် ကိုယ်ပါရောအိပ်
ပျော်သွားခဲ့တာ။

ဘေးနားမှာလွတ်နေတာမို့ ဂျီမင်များထသွားတာလား?? ။ စောင်ဖယ်ကာ အခန်းထဲက ထွက်ခဲ့တော့ အခန်းအပြင်မှာလဲမရှိ။ အိမ်အပြင်မှာ လူရိပ်ရှိတာမို့ ဂျီမင်ပဲဖြစ်မည်။

ညလေအေးတိုက်တာမို့ ယွန်းဂီ စောင်တစ်ထည်ယူပြီး အပြင်ထွက်ကြည့်တော့ ကွပ်ပျစ် ပေါ်မှာ မီးသီးတွေအောက်မှာ ထိုင်ပြီး ကောင်းကင်ကိုကြည့်နေတဲ့ ကောင်လေး။

အနားသွားပြီး စောင်ခြုံပေးလိုက်တော့ သူ့ကိုကြည့်လာသည်။

"နိုးနေတာကြာပြီလား"

"ဟုတ်"

ဟုတ်ဆိုတဲ့ စကားနောက် နှာခေါင်းရှုံ့သံထွက်လာသည်။ ကြည့်ရတာနှာစေးနေပြီထင်တယ်။

"ဖျားတော့မှာပဲ ဒီကလေးကတော့"

စောင်ကို တစ်ကိုယ်လုံးအလုံပတ်ပေးလိုက်တော့
ပေါက်စီလုံးကို အဝတ်နဲ့ထုတ်ထားသလိုပင်။

" အိမ်ထဲဝင်မယ် "

"ဟင့်အင်း မဝင်ချင်ဘူး "

"ဂျီမင် မဆိုးနဲ့ကွာ"

"ဆိုးလဲ Daddy က ချစ်မှာမလား"

ကိုယ့်ကိုမော့ကြည့်ပြီးပြောလိုက်တဲ့စကားကြောင့်
ဒီလူမှာ ဆွံ့အလျက် ။ တတ်နိုင်သမျှ စိတ်ကိုတင်း
မယ်လုပ်သော်လဲမရ ။

"ဂျီမင်လေး ဒီမှာခဏထိုင်ချင်သေးတယ် ကြယ်တွေကိုလဲ ကြည့်ချင်တယ် Daddy ဘေးနားကနေ ဂျီမင်လေး မချမ်းအောင်ဖက်ပေးထားလေ"

နောက်ဆုံးတော့ သခင့်အမိန့်ကို နာခံတဲ့ခွေးပေါက်လေးက ကျွန်တော်ဖြစ်သွားပြီး သခင့်ရဲ့ စကား
အတိုင်းဘေးနားမှာထိုင်ချပေးလိုက်သည်။

ဒါတောင် သခင်က မကျေနပ်သေးပါ။ ကျွန်တော် ကိုဆွဲပြီး ကွပ်ပျစ်ပေါ်လှဲချကာ ကျွန်တော့်လက်မောင်းပေါ် ခေါင်းအုံးကာ ရင်ဘတ်ထဲအတင်းတိုးလျက်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now