Pᴀʀᴛ (5)

3.2K 493 78
                                    

Unicode

ယွန်းဂီ သီချင်းစာသားအသစ်တွေတွေးလိုက်
သံဇဥ်တွေစဥ်စားလိုက်အချိန်ကုန်နေမိသည်။
အလုပ်ထဲကစိတ်ထွက်နိုင်တဲ့အချိန် ဘေးကိုကြည့်လိုက်တော့ ကွေးကွေးလေး အိပ်ပျော်နေတဲ့ဂျီမင်
ကြောင့် သက်ပြင်းခပ်တိုးတိုးချလိုက်တယ်။

ယွန်းဂီ သီချင်းစာသားအသစ်တွေတွေးလိုက်သံဇဥ်တွေစဥ်စားလိုက်အချိန်ကုန်နေမိသည်။အလုပ်ထဲကစိတ်ထွက်နိုင်တဲ့အချိန် ဘေးကိုကြည့်လိုက်တော့ ကွေးကွေးလေး အိပ်ပျော်နေတဲ့ဂျီမင်ကြောင့် သက်ပြင်းခပ်တိုးတိုးချလိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူ့ကိုစောင့်ရင်း အိပ်ပျော်သွားတဲ့ပုံပဲ။ ဘောင်းဘီအတိုနဲ့ အိပ်နေတာကြောင့် ထိုကလေး အေးမှာဆိုးလို့ အခန်းထဲကစောင်ကိုယူပြီး ခြုံပေးလိုက်ကာ Laptop ဘေးက ဖုန်းကိုကောက်ကိုက်လိုက်သည်။

သူ ဒီကိစ္စကိုတစ်ယောက်ထဲ ဖြေရှင်းလို့မရတော့ဘူး နမ်ဂျွန်းကိုအကူအညီတောင်းကြည့်ရမယ်။

မီးရောင်ထိန်ထိန်လင်းနေတဲ့ ဝရန်တာကြောင့်
ယွန်းဂီပြုံးလိုက်ပြီး မနေ့က ဂျီမင်နဲ့ မီးသီးတွေ
ချိတ်မိတာကိုတောင် သတိရသွားသေးတယ်။

မီးလုံးကြိုးတွေနဲ့ကစားပြီး ကြိုးတွေက ဂျီမင်ခန္ဓာကိုယ်နဲ့ညှိနေတော့ Daddy ရေ ဆိုပြီးကြောက်ပြီး
အကျယ်ကြီးအော်ငိုနေလို့ ချော့ခဲ့ရသေးသည်။

အတွေးတွေကိုဖြတ်ပြီး နမ်ဂျွန်းဆီဖုန်းခေါ်လိုက်တော့သည်။တစ်ဖက်က ဖုန်းဝင်သံနဲ့ ခဏကြာတော့နမ်ဂျွန်းရဲ့ အသံကိုကြားလိုက်ရသည်။

" နမ်ဂျွန်း မင်းအခုအားလား"






ကော်ဖီနံ့တို့သင်းပျံ့နေပြီး BTS ရဲ့ spring day
ကိုဖွင့်ထားကာ crystal dreamcather လေးတွေ
နဲ့ အလှဆင်ထားတဲ့ Dream cafe ။ ဆိုင်အပြင်
အဆင်လေးနဲ့ coffee အရသာကောင်းကြောင့်
လူကြိုက်လဲများလှသည်။

နမ်ဂျွန်း ဆိုင်အတွင်းကိုဝင်သွားတော့  ပြတင်း
မှန်နားမှာ ထိုင်နေတဲ့ ယွန်းဂီကိုတွေ့လိုက်ရသည်။
တစ်ခုခုကိုစိတ်နှစ်ပြီးတွေးနေတဲ့ ယွန်းဂီကြောင့်
သူပဲ အနားသွားကာ ခုံကိုခေါက်လိုက်တော့
အသိဝင်လာတဲ့လူလိုပင်။

Wᴀɪᴛ!? I'ᴍ ɴᴏᴛ ʏᴏᴜʀ ᴅᴀᴅᴅʏ!!Where stories live. Discover now