870

420 63 0
                                    

Chapter 870: နှလုံးသား တစ်ခု ပြောင်းလဲသွားခြင်း…
ကာထို့၏ အဆင့်ချိုးဖျက် တက်ရောက်မှုက သူတို့ ထင်ထားသည်ထက် ပို၍ နှေးကွေးသည်။
သူက ကစဉ့်ကလျား စွမ်းအင် ဗဟိုတွင် လဝက်ကြာ နေထိ်ုင်ပြီး မူလဝိညာဉ်ကို သိပ်သည်းသည်။ သူ့နယ်ပယ် သန်မာလာစေရန် အချိန် လိုအပ်သည်။
သို့သော် အလျင်အမြန် ထွက်သွားချင်နေသော ဓားပြများ၏ စိတ်ရှည် သည်းခံမှု ပျောက်ဆုံး လာသည်။
“ငါတို ဒီမှာ အကြာကြီး မနေနိုင်တော့ဘူး။ ငါတို့ နောက်မှာ အင်အားစု သုံးစု လိုက်ပါလာတယ်။ သူတို့တွေ ဒီနေရာကို အချိန်တို အတွင်း ရောက်လာလိမ့်မယ်။ သူတို့တွေ့ရင် ခုခံနိုင်ဖို့ ခက်ခဲ့လိမ့်မယ်။ ငါတို့ အခု ထွက်သွားရမယ်…”
ဘာရတ်တီ ဒေါသတကြီး အော်ဟစ်သည်။
ဓားပြ အများစုက သူ့စကားကို သဘောတူသည်။
ထိုအချိန်မှစကာ လူအများ ဆူညံဆူညံ ဖြစ်လာသည်။ သူတို့က ဤနေရာတွင် ကာထို့ကို ထားခဲ့ပြီး တားမြစ် ကုန်းမြေ အနက်ပိုင်းသို့ ဆက်သွားချင်သည်။
ဖန်းခါ့ သူတို့ကို မထိန်းထားနိုင်တော့ပါ။
“ဒါ မှန်တယ်။ ကာထို့ တစ်ယောက်ထဲနဲ့ ငါတို့ အချိန်တွေ မဖြုန်းသင့်ဘူး”
ကျိနုံ ထပ်ဖြည့်ပြောသည်။
“အစ်ကိုကြီး ဖန်းခါ့…ကြယ်တာရာ မြေပုံကြောင့် ဒီမှာရှိတဲ့ လူအားလုံး အစ်ကိုကြီးနဲ့အတူ လိုက်လာခဲ့တာ။ ကာထို့ အဆင့် ချိုးဖျက် တက်ရောက်ဖို့ အတွက် လိုက်လာတာ မဟုတ်ဘူး။ အစ်ကို ဘာပြောချင်လဲ…”
ထိုအခြေအနေက ဖန်းခါ့ ဖြေရှင်းရန် ခက်ခဲလာသည်။
“ဒါကအရေးမကြီးပါဘူး။ မင်းတို့ အရင်ဆုံး သွားနိုင်တယ်…”
ရှီယန် ခဏမျှ စဉ်းစားကာ ပြုံးသည်။
“ငါ သူ့ကို စောင့်လိုက်ဦးမယ်။ မကြာခင် ငါ မင်းတို့ကို အမီ လိုက်လာခဲ့မယ်…”
“မင်း မရှိဘဲနဲ့ ငါတို့ ဘာမှ မသေချာနိုင်ဘူး…”
ဖန်းခါ့ မျက်မှောင်ကြုတ်သည်။
ဤရှာဖွေ ဖော်ထုတ်ရေး ခရီးစဉ်တွင်…
ရှီယန်က သူတို့ကို မှော်ဆန်သော စွမ်းရည်များ ပြသခဲ့ပြီး အခက်အခဲ အားလုံးကို အလွယ်တကူ ဖြေရှင်းခဲ့သည်။ ထိုအချိန်မှ စ၍ ဖန်းခါ့က ရှီယန်ကို သူ့ညာလက်ရုံး အဖြစ် သတ်မှတ်ခဲ့သည်။ ရှီယန်က သူတို့၏ အဖွဲ့များကို ဒုက္ခများမှ ကယ်တင်နိုင်သည်ဟု သူ တွေးခဲ့သည်။
ရှီယန် မပါဘဲနှင့် သူတို့ တားမြစ် ကုန်းမြေ အတွင်းပိုင်းသို့ ဆက်သွားလျှင် အန္တရာယ်နှင့် တွေပါက မုချ သေဆုံး ပေလိမ့်မည်။
“မင်း ဘာကြောင့် နေခဲ့မှာလဲ။ ကာဖူနဲ့ သူ့လူတွေက သူ့ကို ဂရုစိုက်လိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်း စိုးရိမ်စရာ လိုလို့လား…”
ကျိနုံ သဘော မတူပါ။ ရှီယန် မည်မျှ အရေးပါမှန်း သူ သိသည်။ အကယ်၍ ရှီယန် နေခဲ့လျှင် သူတို့၏ ခရီးစဉ်က ပို၍ အန္တရာယ် များပြား ပေလိမ့်မည်။
“ဟုတ်တယ်။ သူ့ကို ကာဖူ လူတွေ ဂရုစိုက်လိမ့်မယ်။ မင်း သူတို့နဲ့ သွားသင့်တယ်။ ဆိုးဝါးတဲ့ အရာတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး…”
“ညီငယ်လေး…မင်းက အကူအညီ ကြီးကြီးမားမား ပေးတယ်။ တကယ်လို့ မင်း ဒီမှာနေရင် မင်းရဲ့ စွမ်းရည်ကို အသုံးချနိုင်မှာ မဟုတ်ဘူး…”
“ငါတိုနဲ့ လိုက်ခဲ့ပါ။ ကာထို့ ဘာမှ မဖြစ်ပါဘူး…”
"..."
ဓားပြများက သူ့ကို တောင်းပန်သည်။
ရှီယန်၏ အံ့ဖွယ် လှုပ်ရှားမှုများကို မြင်ပြီးနောက်…
ဘယ်သူမှ သူ့ကို နောက်ထပ် လျော့မတွက်ရဲတော့ပါ။ ရှီယန်က ကြယ်တာရာ မြေပုံ ကိုင်ဆောင်ထားသည့် ဖန်းခါ့ထက် အရေးပါသည်ဟု သူတို တွေးလာကြသည်။ ထိုအချက်ကို ရှီယန်က သူ့ကိုယ်ပိုင် အရည်အချင်းဖြင့် သက်သေ ပြခဲ့သည်။
“ကောင်းပြီလေ။ ငါတို့ သူ့ကို ဆက်စောင့်ကြတာပေါ့”
ကာဖူလည်း ခက်ခဲနေသည်။ သူက လူအများကို ဒေါသ မထွက်စေချင်ပါ။
သူက ရှီယန်ကိုကြည့်ကာ ခက်ခက်ခဲခဲပြောလိုက်သည်။
“မင်း သူတို့နဲ့ လိုက်သွားလိုက်ပါ။ ငါတို့က သူ့ကို ဂရုစိုက်ထား လိုက်ပါ့မယ်…”
“သူတို့ရဲ့ သေခြင်း ရှင်ခြင်းကို ငါက ဘာကြောင့် ဂရုစိုက်ရမှာလဲ”
ရှီယန်က စိတ်ထဲတွင် ဖုံးကွယ်ထားခြင်း မရှိဘဲ ကြမ်းတမ်း ခက်ထန်စွာ ပြောသည်။
“ကာထို့ အဆင့် ချိုးဖျက် ပြီးတဲ့အထိ ငါ စောင့်နေမယ်။ အဲဒီ အချိန်ဆို မင်းတို့ ကောင်တွေ တားမြစ် ကုန်းမြေ အတွင်းပိုင်းထဲကို ရောက်နေလောက်ပြီး။ ငါ မရှိတဲ့ အချိန်ကျရင် မင်းတို့နဲ့ ပြန်တွေ့မလား ဆိုတာ မသေချာဘူး။ ပြီးတော့ ကာထို့ အဆင့်ချိုးဖျက် တက်နေတဲ့ အချိန် အင်အားစုကြီး သုံးစု ရောက်လာနိုင်တယ် မဟုတ်လား။ တကယ်လို့ ငါ ရှိနေရင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ကာထို့ကို ဟင်းလင်းပြင် ချိုင့်ဝှမ်းထဲ ထည့်ထားပေးလို့ ရတယ်။ ငါ မူလ နတ်ဘုရား နယ်ပယ်ကို ချိုးဖျက်ပြီးရင် အိမ်ပြန်လမ်းကို ရှာဖွေနိုင်တယ်။ တကယ်လို့ ငါ ဒီမှာ မရှိရင် အင်အားစု သုံးစုနဲ့ တွေ့တဲ့အခါ အကျိုးဆက်က သေခြင်းပဲ…”
သူ့စကားကို ကြားပြီးနောက်…
ကာဖူ ခေါင်းညိတ်ကာ နှိုးထလာသည်။ သူအလွန်ကျေးဇူးတင်သွားသည်။
“တကယ်လို့ မင်းတို့ သွားချင်ရင် သွားပါ။ ငါ စိတ်မဆိုးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ နေခဲ့မယ်…”
ရှီယန် နောက်လှည့်ပြီး အခြား ခေါင်းဆောင်များကိုလည်း ပုံမှန်အတိုင်း ပြောသည်။
“မင်းတို့ သေတာရှင်တာက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး…”
ထိုလူများ ရှက်ရွံ့သွားသည်။ သူတို့က ပါးစပ်ကြီး ပိတ်လျှက် ဘာပြောရမှန်း မသိတော့ပါ။
ရှီယန် သူတို့နှင့် အတူ သွားလျှင် သူတို့ အကျိုးအမြတ် ရရှိပေမည်။ သို့သော် ကာထို့ အဖွဲ့က အန္တရာယ်ကြီးထဲသို့ ကျရောက် ပေတော့မည်။ သို့သော် ရှီယန်က သူတို့နှင့် ဘယ်လိုပတ်သက်ပါသနည်း။ သူတို့ကို ဘာကြောင့် ကူညီရမည်နည်း။
“ငါတို့မှာ အဖြေ မရှိတာ မဟုတ်ပါဘူး…”
ထိုအုပ်စု အတွင်းရှိ နတ်ဆေးဆရာ ဂျက်စတာက စာအုပ်ချရင်း ကြားဝင် ဖျန်ဖြေသည်။
“ငါ မင်းကို ပေးခဲ့တဲ့ ကောင်းကင်ဘုံ အားဖြည့် ဆေးပြား သုံးပြားထဲက ကာထို့ကို တစ်ပြား ပေးလိုက်လေ။ ဒါက့ပြဿနာကို အချိန်တို အတွင်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါက မူလ ဝိညာဉ်ကို အလျင်အမြန် သိပ်သည်းစေပြီး သူ့နယ်ပယ်ကို အလျင်အမြန် တိုးတက်စေတယ်။ ဒါပေမဲ့ ဒါက နည်းနည်းတော့ ဖြုန်းတီးရာ ရောက်တယ်…”
လူတိုင်း တုန်ခါ သွားသည်။
ရှီယန်၏ မျက်ဝန်းတို့ တောက်ပ သွားသည်။
“ဒီ ကောင်းကင်ဘုံ အားဖြည့် ဆေးပြားက ဒီလိုမျိုး စွမ်းရည် ရှိတာလား…”
“ကောင်းကင်ဘုံ အားဖြည့် ဆေးပြားက မူလ ဝိညာဉ်ကို အားဖြည့်ပေးတယ်။ တကယ်လို့ မူလ ဝိညာဉ် ထိခိုက် ဒဏ်ရာ ရထားရင်တောင် ဆေးပြားက အလျင်အမြန် ကုသ နိုင်တယ်။ သူရဲ့ မူလ ဝိညာဉ် သိပ်သည်းဖို့နဲ့ နယ်ပယ် ခိုင်မာဖို့ ဒီဆေးပြားနဲ့ မင်း သူ့ကို ကူညီလို့ ရတယ်။ ဒါက လွယ်ကူတယ်။ ဒါပေမဲ့ သူ့လိုလူတစ်ယောက်အတွက် ဆေးကို အသုံး ပြုရတာ ဖြုန်းတီးမှု တစ်ခုပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်…ငါတို့ အလျင်လိုနေတယ်။ ဒီတော့ မင်း နောင်တ မရဘူးဆိုရင် သူ့ကို တစ်ခု ပေးလိုက်ပါ…”
ဂျက်စတာက ပုံမှနအတိုင်း ပြုံးသည်။
“ငါ မင်းကို သတိ မပေးဘူးလို့ မပြောနဲ့။ မင်း မူလ နတ်ဘုရား နယ်ပယ် တက်လှမ်းတဲ့ အချိန်မှာ ကောင်းကင်ဘုံ အားဖြည့် ဆေးပြားက မင်းရဲ့ အသက်ကို ကယ်တင်နိုင်တယ်။ ကာထို့ကို ပေးလိုက်တာက မင်းရဲ့ အသက် တစ်ချောင်းကို သတ်လိုက်တာနဲ့ အတူတူပဲ…”
“ဆေးဝါးဆိုတာ လိုအပ်တဲ့ အချိန်မှာ အသုံး ပြုရတယ်…”
ရှီယန် တဟားဟားရယ်မောသည်။ သူက အခြား ဘာစကားမှ မပြောတော့ဘဲ ကောင်းကင်ဘုံ အားဖြည့် ဆေးပြား တစ်ပြားကို ထုတ်ယူသည်။ သူက အတွေး တစ်ချက် ထုတ်လွှတ်ပြီးနောက် ဆေးပြားကို ကာထို့၏ နတ်ဘုရား နယ်ပယ်ထဲသို့ ပစ်လွှတ်သည်။
“ဆေးပြားကို မျိုချလိုက်…”
ရှီယန် အော်ပြောသည်။
နတ်ဘုရား နယ်ပယ် အတွင်း၌ မျက်လုံးပိတ်လျှက် မူလ ဝိညာဉ်ကို သိပ်သည်းနေသော ကာထို့က ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။ သူ့သွေးမျက်လုံးက ကျေးဇူး တင်ရှိမှုကို ပြသနေသည်။
သူ့စွမ်းအင် စီးကြောင်းတစ်ခု ကျယ်ပြန့်သွားပြီး ကြိုးတစ်ခု အဖြစ် ပြောင်းလဲကာ ဆေးပြားကို ချည်နှောင်သည်။ ပြီးနောက် သူ့ပါးစပ်ထဲသို့ ဆွဲသွင်းသည်။ ဆေးပြားကို ဝါးမျိုပြီးနောက် သူ့ အသိ ပင်လယ်ထဲတွင် ထူးဆန်း ကြီးမားသော စွမ်းအင်လှိုင်းကြီး တစ်ခု ချက်ချင်း စီးဆင်းလာသည်။
ကာထို့၏ သွေးမျက်လုံးက အဖြူရောင် စူးရှ တောက်ပလာသည်။ သူ့နတ်ဘုရား ခန္ဓာကိုယ်က တုန်ခါနေပြီး ဝိညာဉ် ယဇ်ပလ္လင်က အလျင်အမြန် လှည့်ပတ်ကာ ကောင်းကင်ဘုံ အားဖြည့် ဆေးပြား၏ စွမ်းအင် များစွာကို စားသုံးသည်။
“ကောင်းကင်ဘုံ အားဖြည့် ဆေးပြားကို သန့်စင်ဖို့ အတွက် တန်ဖိုးကြီး ပါဝင် ပစ္စည်းတွေကို နှစ်ရာပေါင်းများစွာ စုဆောင်းပြီး အသုံး ပြုခဲ့ရတယ်။ ဒါက နောက်ထပ် အသက် တစ်ချောင်းပဲဆိုတာ မင်း သိလား။ မူလ ဝိညာဉ် သိပ်သည်းဖို့ အတွက် အသုံးပြုတာက ဖြုန်းတီးမှု တစ်ခုပဲ။ မင်းက ပစ္စည်းကောင်းကို ဖြုန်းတီး နေတာပဲ”
ဂျက်စတာ နာကျင် နေဟန်ရသည်။
“မင်းက တကယ့်ကို ရက်ရောတာပဲ…”
ဖန်းခါ့ ခေါင်းခါရင်း ခံစားချက်များစွာဖြင့်ပြောသည်။
“ကျေးဇူး တင်ပါတယ်…”
ကာဖူ ရှီယန်ကို ဂါဝရ ပြုသည်။ သူ့မျက်နှာပေါ်တွင် လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိမှုကို ပြသနေသည်။
ထိုအခိုက်၌ သူ့အစ်ကိုက ရှီယန်ကဲ့သို့ လူတစ်ယောက်နှင့် မည်ကဲ့သို့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားမှန်း နောက်ဆုံးတွင် သူ နားလည် သဘောပေါက် သွားသည်။ ၎င်းက ဘဝ တစ်လျှောက်လုံး ကံကောင်းမှုကြီး ဖြစ်သည်။
ရှီယန်က မူလ နတ်ဘုရား သိုင်းသမားများ၏ အသက်ကို ကယ်တင်နိုင်သည့် ဆေးပြား တစ်ပြားကို ပေးလိုက်သည်ကို မြင်လျှင် သူတို့ ဘာပြောစရာရှိပါသေးသနည်း။
ရှီယန်က သူတုိ့၏ ညီအစ်ကိုများကို ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ရန် ပြောလျှင်ပင် သူတို့ ငြင်းပယ်မည် မဟုတ်ပါ။
“တကယ့်ကို ရက်ရောတာပဲ။ ကာထို့တို့ ညီအစ်ကိုတွေက ဒီလို လူတစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာ ကံကောင်းတယ်…”
“မှန်တယ်။ တကယ်လို့ သူက ငါကို ကောင်းကင်ဘုံ အားဖြည့် ဆေးပြားလိုမျိုး ဆေးပြား တစ်ပြား ပေးရင် ငါ့ဘဝ တစ်ခုလုံးကို သူ့အပေါ်မှာ ပုံအပ်ထားမယ်…”
“သူက ထိုက်တန်တဲ့ မိတ်ဆွေ တစ်ယောက်ပဲ…”
“မှန်တယ်…”
"..."
ဓားပြ ခေါင်းဆောင်များက ရှီယန်ကို တောက်လောင်သော အကြည်တို့ဖြင့် ကြည့်လျှက် ဆူညံစွာ ပြောဆို ဆွေးနွေးနေသည်။
ကာထို့ ကောင်းကင်ဘုံ အားဖြည့် ဆေးပြားကို ဝါးမျိုပြီးနောက်…
သူ မူလ ဝိညာဉ် သိပ်သည်းနှုန်းက ပိုမို မြန်ဆန် လာသည်။ သူ့ဝိညာဉ် ယဇ်ပလ္လင်က ဆေးပြား၏ စွမ်းအင်ကို ချေဖျက်နေစဉ် သူ့နယ်ပယ် ခိုင်မာလာခဲ့သည်။ ကစဉ့်ကလျား နတ်ဘုရားအာရုံ နယ်ပယ် တစ်ခု ထုတ်လွတ်ပြီး သူ့နတ်ဘုရား အသိကို ဖုံးလွှမ်းသွားသည်။
ကောင်းကင်ဘုံ အားဖြည့် ဆေးပြား တစ်ပြားနှင့်အတူ နှစ်ရက်ကြာပြီးနောက်…
ကာထို့က သူ့မူလ ဝိညာဉ်ကို အောင်မြင်စွာ သိပ်သည်း နိုင်ခဲ့သည်။ သူ့နယ်ပယ်လည်း တည်ငြိမ်သွားသည်။
ကစဉ့်ကလျား နတ်ဘုရားစိတ်အာရုံ နယ်ပယ်က ပြန်လည် ပျောက်ကွယ်သွားပြီး ကျောက်တုံးစများနှင့် သစ်ကိုင်းခြောက်များ မြေပေါ် ကျသည်။ ကာထို့ မျက်လုံး ပွင့်လာသည်။ သူက ကစဉ့်ကလျား ဒြပ်ထု၏ အလယ်ဗဟိုတွင် ထိုင်နေဆဲ ဖြစ်သည်။ သူ့အော်ရာက ပင်လယ်နက် အောက်တွင် သိုလှောင် ထားသည့်အလား ရှေးဟောင်းဆန်သည်။ သူ့မျက်ဝန်းထဲတွင် နတ်ဘုရား အလင်းများ ဖြာထွက်လာသည်။ သူ့နတ်ဘုရား ခန္ဓာကိုယ်က ချောမွေ့သော ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ဖြစ်လာကာ တောက်ပနေသည်။ သူ့စွမ်းအားက ခမ်းနား ထည်ဝါစွာ တိုးတက်ခဲ့သည်။
“ကျေးဇူး တင်ပါတယ်…စီနီယာ”
ကာထို့ တည်ငြိမ်စွာ လမ်းလျှောက်လာပြီး သူ့နှလုံးသားထဲမှ ကျေးဇူးတင်ရှိမှုကို ပြသသည်။
“ဒါက ဆေးပြား တစ်ပြားပါပဲ။ ဒီလောက်ထိ မခက်ခဲပါဘူး။ တကယ်လို့ ကောင်းကင်ဘုံ အားဖြည့် ဆေးပြား မရရင်တောင် မင်း အဆင့်ချိုးဖျက် တက်ရောက်နိုင်တယ်။ အချိန် ပိုယူရုံပဲ ရှိတာ…”
ရှီယန် ပုံမှန်အတိုင်း ပြုံးသည်။
ကာထို့ ခေါင်းညိတ်သည်။ သူ့မျက်နှာပေါ်ရှိ ကျေးဇူးတင်ရှိမှုက ဘယ်တော့မှ မမှေးမှိန်သွားပါ။ သူက ရှီယန်၏ မျက်နှာကို ဘဝ၏ နောက်ဆုံးအချိန်ထိ စွဲမှတ်နေမည်ဖြစ်သည်။
“အခု ငါတို့ သွားလို့ ရပြီလား”
ကျိနုံ၏ အသံက ဆိုးဝါးနေသည်။ သူ မနာလို ဖြစ်နေသည်။ သူက နှားခေါင်ရှုံ့ရင်း…
“ငါတို့ ဒီနေရာမှာ အချိန်ဖြုန်းနေတာ ကြာနေပြီ…”
“ရှီယန်…အားလုံး အဆင်ပြေလား…”
ဖန်းခါ့ မေးသည်။
“သွားစို့…”
ရှီယန် ပေါ့ပေါ့ပါးပါး ပြုံးသည်။

အံ့ဖွယ် အလင်းတို့ နေရာတိုင်းတွင် တောက်ပနေသည်။
ကျိယောင်၏ လပြည့်၀န်းကဲ့သို့ လဲ့ဖြာသော မျက်၀န်းလေးများ ပွင့်လာသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော နတ်ဘုရား အလင်းတို့ ပြန်လည် သိမ်းယူကာ ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်သွားသည်။ သူမ၏ ဟန်ပန်အမူအရာ ပြောင်းလဲသွားသည်။ သူမက ယခု သန့်စင် ကျော့ရှင်း လှပနေသည်။ သူမသည် အတ်ိတ်၏ ဆွဲဆောင်ဖွယ် အမျိုးသမီး တစ်ယောက် မဟုတ်တော့ပါ။ သူမ၏ မျက်ဝန်းတို့က အပြစ် အနာဆာ မရှိဘဲ ကြည်လင် သန့်ရှင်းနေသည်။
“ဂုဏ်ပြုပါတယ် အရှင့်သမီး…”
ခါသေ့ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်သည်။
“တခြားလူတွေရော…”
ကျိယောင် အသာအယာပြုံးသည်။
“သူတို့ အားလုံး မစောင့်နိုင်တော့လို့ သွားပြီ မဟုတ်လား…”
“ဟားဟား…အမှန်တော့ သူတို့က ကျွန်တော်တို့ကို မစောင့်ချင်ဘူး။ သူတို့ကြား မဝင်တာ ကောင်းပါတယ်…”
ခါသေ့ ပြုံးသည်။
ယခု ဤနေရာတွင် ခါသေ့တို့ အဖွဲ့သာ ရှိသည်။ အိုကူဒို၊ လီရွှယ်ဖုန်း၊ ပိုင်ထျန်းတို့က သူတို့၏ စစ်သည်များနှင့်အတူ တားမြစ် ကုန်းမြေ အနက်ပိုင်းထဲသို့ ဝင်ရောက် သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ဒီလို မှော်ဆန်တဲ့ နေရာတစ်ခု…
ဒီမှာ ပြင်ပ အာကာသ နတ်ဘုရား အလင်း ရှိတယ်။ ဒီတစ်ကြိမ် ဒီကို လာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ”
ကျိယောင် ခေါင်းညိတ်သည်။ သူမ၏ မျက်နှာကရွှန်းပကြည်လင်နေသည်။
“ပြင်ပ အာကာသထဲမှာ နတ်ဘုရား အလင်းကြောင့် ငါ အဆင့်ချိုးဖျက် တက်ရောက်နိုင်တာ ကျေးဇူး တင်ရမယ်။ အဲဒီ အခိုက်အတန့်မှာ မကြာသေးခင် နှစ်က ငါ ဘာကြောင့် အဆင့်မတက်ခဲ့မှန်း နားလည်ခဲ့တယ်”
“ဘာကြောင့်လဲ…”
ရဲ့လန်က အလိုအလျောက် မေးမိသည်။
“ငါ့စိတ်ထဲမှာ တခြားသူတွေရဲ့ အကူအညီကို အမြဲတမ်း လိုချင်ခဲ့တယ်။ ငါ့ကို ထောက်ပံ့ပေးမယ့် သန်မာတဲ့ နောက်ခံကို လိုချင်ခဲ့တယ်။ ငါ လိုချင်တာ မှန်သမျှကို တခြားသူတွေရဲ့ စွမ်းအားကို အသုံးပြုပြီး ယူခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို ရှုံးနိမ့်သွားတယ်…”
ကျိယောင် သက်ပြင်းချသည်။
“အစစ်မှန် သိုင်းသမား တစ်ယောက်က တခြားသူတွေ အပေါ်မှာ ဘယ်တော့မှ မမှီခိုဘူးဆိုတာ ငါ မေ့သွားတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် စွမ်းအားက ကိုယ့်ကိ်ုယ်ကို ဖွံ့ဖြိုးလာအောင် ပြုလုပ်ပေးမယ့် အုတ်မြစ်ပဲ”
ရဲ့လန် တုန်လှုပ်သွားသည်။ သူမက ခဏမျှ စဉ်းစားပြီးနောက် ပြောသည်။
“ကျေးဇူး တင်ပါတယ်။ ငါ ဉာဏ်အလင်း ပွင့်သွားပြီ…”
“ကိုယ့်ကိုယ်တိုင်က အုတ်မြစ်ပဲ…”
တိုင်မူ မျက်မှောင်ကြုတ်ကာ အတွေးထဲတွင် နစ်မြှုပ် သွားသည်။
ကျိယောင်က စွမ်းအင် လေ့လာခြင်းတွင် နောက်ကျခဲ့သည်။ သူမက သူမ၏ အစ်ကို့ကိုနှင့် ထီးနန်း ယှဉ်ပြိုင်ရန် အခြားသူများ၏ စွမ်းအားကို အသုံး ပြုချင်ခဲ့သည်။ တဖြည်းဖြည်းနှင့် ကိုယ့်ကိုယ့်ကို ဆုံးရှုံးကာ ကိုယ်ပိုင် သန်မာမှုကို မေ့လျော့သွားသည်။
နတ်ဘုရင် နယ်ပယ်တွင် နှစ်ပေါင်းများစွာ ရောက်ရှိနေသည့်တိုင် သူမကိုယ် သူမ အဆင့်မြှင့်ရန် အခွင့်အရေး ရှာမတွေ့ခဲ့ပါ။
တားမြစ် ကုန်းမြေထဲတွင် ကျွမ်းကျင်သူများစွာနှင့် နေထိုင်ရင်း လူမသိ သူမသိမှ ထင်ပေါ် ကျော်ကြားလာသော ရှီယန်ကို သူမ အမှတ်ရမိသည်။ လျှမ်းလျှမ်းတောက် ကျော်ကြားသူ အားလုံးက သူ့ကို နှစ်သက်သည်။ သူက သာမန်ကာလျှံကာ သတ်မှတ်ထား၍ မရသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
ထိုအကြောင်းကို သူမ ရုတ်တရက် နားလည် ခဲ့သည်။ ရှီယန်က အမြဲတမ်း သန်မာချင်ပြီး အစွမ်းကုန် ကြိုးစားသည်။
ယခုအချိန်တွင်
သူမ၏ နှလုံးသားထဲမှ အနှောင်အဖွဲ့ကို ဖြတ်တောက်ပြီးနောက် ကံကောင်းမှု တစ်ခု ကြုံတွေ့ကာ သူမ မူလ နတ်ဘုရား နယ်ပယ်သို့ ချိုးဖျက် တက်ရောက် နိုင်ခဲ့သည်။
“ငါတို့ အဝေးကြီး ကျန်ခဲ့ပြီ။ အခု ငါတို့ သွားသင့်ပြီ။ အရှင့်သမီး…အဆင်ပြေရဲလား”
ခါသေ့ မေးသည်။
“သွားစို့။ ကျွန်မတို့ နောက်ထပ် အချိန် မဖြုန်းသင့်တော့ဘူး…”
ကျိယောင် ခေါင်းညိတ်သည်။

နောက်ထပ် လဝက်ကြာပြီးနောက်…
ကျိယောင်တို့ ရပ်တန့်ခဲ့သော နေရာတွင် အရပ် ကလန်ကလားနှင့် လူအိုကြီး တစ်ယောက် ထွက်ပေါ်လာသည်။ သူက နတ်ဘုရား အပြစ်ပေး ကုန်းမြေမှ ရောက်လာခဲ့သော ဖန်ဟီ ဖြစ်သည်။
သူက အနီးရှိ အံ့ဖွယ် အလင်း ဖြာထွက်မှုကို မျက်မှောင်ကြုတ်ရင်း ကြည့်ကာ ခဏမျှ အာရုံခံသည်။ သူက တီးတိုး ရေရွှတ်သည်။
“ဒီကောင်မလေးက ပါရမီရှိတယ်။ သူမက မူလ နတ်ဘုရားအဆင့်ကို ရောက်သွားပြီ။ တုထျန်းကျင်မှာ ထူးကဲတဲ့ သမီးလေး တစ်ယောက် ရှိနေတာပဲ။ ဟုတ်တယ်။ သူမ တစ်ယောက်သာ ငါ့သားနဲ့ သင့်တော်တယ်…”
ဖန်ဟီ ခဏကြာမျှ တီးတိုး ရေရွတ်ပြီးနောက် အသံ ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ အချက်ပို့လိုက်သည်။
ခဏမျှ ကြာပြီးနောက် သူက အရိပ် အသွင်သို့ ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ် သွားသည်။
------ ------ ------ ------- -------- ------- -------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now