935

424 59 0
                                    

Chapter 935: အခွင့်အရေး

ဟင်းလင်းပြင်က ထူးကဲသည့် အရာတစ်ခုဖြစ်သည်။ ပုံစံအတည်တကျမရှိသည့် ပစ္စည်းတွေကို ဟင်းလင်းပြင်လို့ ယူဆလို့ရသည်။ မည်သို့ပင်ဖြစ်စေ အတွင်းဟင်းလင်းပြင်စွမ်းအားကို နားမလည်သည့် သူက အပြင်ဘက်ဟင်းလင်းပြင်စွမ်းအားကို နားလည်နိုင်ကြမည်မဟုတ်ပါ။

သားအမိကောင်းကင်ချိတ်ဆက်ခြင်းအစီအရင်က ကြမ်းပြင်ပေါ်တွင် ရှိနေသည်။ဤအစီအရင်က ဗလာစိတ်ကူးယဉ်ကျောက်သလင်းအပြင် ရှီယန် မသိသော ရှားပါးသည့် ပစ္စည်းမျိုးစုံကို အုတ်မြစ်အဖြစ် အသုံးပြုထားသည်။ အစီအရင်နှစ်ခု၏ အစွန်အဖျားတွင် ခွက်၀င်သော နေရာအများအပြားရှိသည်။ ၎င်းနေရာတွေမှာ အစီအရင်ကို စွမ်းအင်ပေးဖို့ နတ်ဘုရားကျောက်တုံးများ ထည့်သွင်းရန်ဖြစ်ပြီး လက်သီးဆုပ်လောက် အကျယ်အ၀န်းရှိကြသည်။

ရှီယန် လုပ်ဖို့လိုသည့် ပထမဆုံးအဆင့်က ယင်းချိုင့်ခွက်များတွင် နတ်ဘုရားကျောက်တုံးတွေများ ဖြည့်သွင်းဖို့ ဖြစ်သည်။

သားအမိကောင်းကင်ချိတ်ဆက်ခြင်းအစီအရင်ရှိ ချိုင့်ခွက်များတွင်နတ်ဘုရားကျောက်တုံး သုံးသောင်းလောက် ဖြည့်သွင်းလိုက်ရသည်။ ၎င်းနတ်ဘုရားကျောက်တုံးများတွင် ဧရာမစွမ်းအင်ပမာဏများရှိသည်။ နတ်ဘုရားကျောက်တုံးတို့က သာယာသည့် ညတွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ကြယ်တွေနဲ့ တူကြသည်။ ဆန်းကြယ်သည့် အလှတရားကို ဖြစ်ပေါ်စေသည်။

နတ်ဘုရားကျောက်တုံးများကို မွမ်းမံစီရင်ပြီးနောက် မိခင်အစီအရင်ဆီသို့ ရှီယန် လျှောက်သွားလိုက်သည်။ သူ၏ ဟင်းလင်းပြင်စွမ်းအင်နှင့်အတူ ဝိညာဉ်အသိကို ထုတ်လွှတ်ပြီး အစီအရင်ထဲသို့ စိမ့်၀င်စေလိုက်သည်။

ခမ်းနားစွာ ရှုပ်ထွေးသည့် ဟင်းလင်းပြင်အစီအရင်၊ ဧရာမပင့်ကူအိမ်သဖွယ်ဖြစ်နေသည့် အစီအရင်က သူ့အသိပင်လယ်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ကြီးမားသည့် ဟင်းလင်းပြင်တန်းတွေက စေးကပ်သည့် ပင့်ကူမျှင်ကဲ့သို့ ယှက်ဖြာနေကြပြီး အံ့သြဖို့ကောင်းသည့် ဟင်းလင်းပြင် ဆက်ကြောင်းများ ဖြစ်ပေါ်စေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now