994

432 51 0
                                    

Chapter 994: ဆေးနှင့်ကိရိယာစံအိမ်၏ အရေးအခင်း

“ပေါက်ကရတွေ”

ဖုဝေ့သည် မျက်စိစောင်းလိုက်ရင်း အကြီးအကျယ် ရယ်ချပစ်လိုက်သည်။ “ရှင်…..ဟားဟား ရှင်လည်း ပေါက်ကရတွေ ပြောတတ်တာပဲ ရှင်က တစ်ချိန်လုံး တည်ကြည်လေးနက်တဲ့သူမျိုးလို့ ကျွန်မ အမြဲ ထင်ထားခဲ့တာ”

စစ်သင်္ဘောအလယ်ဗဟိုအခန်း၏ ထိန်းချုပ်မှုစီစဉ်ထားပုံ နဲ့  ရှင်းလင်းသော အမှတ်အသားများကို ကြည့်ပြီး ရှီယန် ပြုံးလိုက်သည်။ ပြီးမှ ပြောလိုက်သည်က “ဆွေးမြည့်နေတဲ့ အဲ့စာအုပ်က နတ်ဘုရားကျောက်တုံး သန်းတစ်ရာလောက်တောင် တန်ဖိုးရှိလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး ဒီတစ်ခါ ကျုပ် အမြတ်အများကြီး ရသွားတာပဲ”

သူ ပြုံးလိုက်သည်။ ဆန်းကြယ်သော ရှေးဟောင်းမြို့တော်၌ သူတို့ ရှာတွေ့ခဲ့သော ပစ္စည်းသုံးမျိုးအကြောင်းကို ပြောပြလိုက်သည်။ “ဘီလူးမျိုးနွယ်စုက သစ်သားကလန်ရဲ့ ရှေးဟောင်းသစ်မင်းပင်အပိုင်းအစနဲ့ နတ်ဆိုးနဂါးဦးခေါင်းခွံကို ယူထားကြတယ် အဲ့ဒါက သူတို့အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရာလို့ သူတို့က ထင်ထားကြတာ ဘာမှန်းမသိရတဲ့ အဲ့စာအုပ်က တန်ဖိုးရှိမယ်လို့ သူတို့ မတွေးမိခဲ့ဖူးကြဘူး အဲ့ဒါက တန်ဖိုးအရှိဆုံးအရာ ဖြစ်နေခဲ့တာပဲ”

“ရှင့် အမြင်က ဘီလူးမျိုးနွယ်စုတွေထက် ပိုကောင်းတာပဲ” သူ့စကားကို နားထောင်ပြီး ဖုဝေ့လည်း ပြုံးလိုက်သည်။ “ကျမ်းစာက တကယ်အရေးပါတဲ့အရာပဲ နတ်ဘုရားကျောက်တုံး သန်းတစ်ရာက မလုံလောက်ဘူးလို့ ရှင်ထင်ပြီး နတ်ဘုရားကျောက်တုံး သန်းပေါင်းတစ်ထောင် ရှင် တောင်းမယ်ဆိုရင်တောင် ကျွန်မတို့ အဲ့ဒါကို ၀ယ်မှာပဲ တကယ်လို့ ရှင်သာ နတ်ဘုရားကျောက်တုံး သန်းပေါင်းတစ်ထောင်တောင်းရဲရင် စံအိမ်က လူတစ်ချို့ကတော့ တခြားနည်းလမ်းရှာကြမှာကတော့ ကျိန်းသေတယ်”

အရင်တစ်ခါ  “ဆန္ဒသေရည်” ကို သူတို့ သောက်ခဲ့ကြပြီး အချင်းချင်း နှလုံးသားဖွင့်ဟခဲ့ကြသည်။ ကြည်နူးဖွယ်အဖြစ်အပျက်လည်း အနည်းငယ်ဖြစ်ပွားခဲ့သည်။ သူတို့ သတိမမူမိသည့်အချိန်တွင် သူတို့ကြား အကွာဝေးသည် တိုသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now