977

403 51 0
                                    

Chapter 977: ပြန်လည်ဆုံဆည်းခြင်း

မိခင်အစီအရင်မှ တုတ်ခိုင်သန်မာသော အရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်လာသည်ကို ကြည့်၍ ဖန်းရို၏ မျက်နှာထက်၌ မျက်ရည်များ ထိန်းမနိုင်အောင် စီးကျလာသည်။ နှစ်ပေါင်းများစွာအတွင်း သူမ စုစည်းခံစားခဲ့ရသော ခါးသီးသည့် စိတ်မကောင်းမှုပေါင်းများစွာသည် ရုတ်တရက် ပေါက်ကွဲလာသလိုမျိုး သူမ ခံစားလိုက်ရသည်။

နှစ်ပေါင်းသုံးဆယ့်နှစ်နှစ် ကြာခဲ့သည်။ တစ်ချို့လူတွေအတွက် ထိုနှစ်တာသည် ခဏတာသာဖြစ်သည်။ သို့သော် တစ်ချို့သူများအတွက်မူ ထိုနှစ်များသည် အလင်းတစ်စက်လေးပင်မရှိဘဲ နာကျင်မှု စိတ်မကောင်းဖြစ်မှုတို့၌သာ နစ်မြုပ်နေရသည့် ညတာရှည်တစ်ရက်နဲ့ တူနေသည်။

ရှီယန်သည် ကျဆုံးသွား၍ သူ့ဝိဉာဉ်တံဆိပ်သည်လည်း ပျောက်ဆုံးသွားသည်ဟု ဖန်းရို ထင်ခဲ့သည်။ သူ့ကို သူမ ဘယ်တော့မှ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူးဟူ၍ ထင်ခဲ့သည်။ သို့သော် သူမ ကူကယ်ရာမဲ့အဖြစ်ဆုံးအချိန်တွင် မိခင်အစီအရင်သည် အသက်ဝင်လာသည်။ ထို့နောက် ရှီယန်သည် ထိုအစီအရင်မှ တစ်ယောက်တည်း ထွက်လာခဲ့သည်။

ရင်းနှီးနေသော မျက်နှာ ၊ ရင်းနှီးနေသော အရှိန်အဝါ၊ သူ့ခန္ဓာကိုယ်……..အကုန်လုံးသည် မနေ့တစ်နေ့ကလိုပင် ဖြစ်နေသည်။

သူမချစ်သောယောက်ျား၏ ရင်ခွင်ထဲတွင် ဖန်းရို စိတ်လွတ်လက်လွတ် ငိုချလိုက်မိလေတော့သည်။

ဘီလူးမျိုးနွယ်စုမှ ကျန်းကု အသံတိတ်သွားသည်။ သူ့ဝိဉာဉ်ဆက်သွယ်မှုဖြင့် မျိုးနွယ်စုအကြီးအကဲ နာ့စင်းကို ခေါ်လိုက်သည်။

ဖေးလန် ၊ လီအိုနာ နဲ့ ကာထို့တို့သည် မတ်တပ်ရပ်၍ ခုလေးတင် ရောက်လာသော လူယောကျာ်းကို မလှုပ်မရှား အာရုံစိုက်ကြည့်လိုက်ကြသည်။

ယန် မိသားစုမှ ယန်ကျောက်၊ ပြီးနောက် လုံဇူး ၊ ယွန်ဟောင်၊ နတ်ဆေးဆရာ ဂျက်စတာ ၊ ချောင်ချူထောင် နဲ့ တန်းယာနန် စသူတို့အကုန်လုံး တုန်ယင်နေကြသည်။ အစီအရင်မှ ထွက်လာသော ယောကျာ်းလေးကို သူတို့အကုန်လုံး စိုက်ကြည့်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now