သိုင်းလောကရဲ့ပြောင်းပြန်စုံတွဲ

740 71 5
                                    

//Zaw//

**နာမည်ကျော်ကြား အမှောင်လောကသားများ**

လော့ပင်းဟယ်-" ဝံ့ကြွားဂုဏ်အင် မိစ္ဆာလမ်းစဉ်"ဝတ္ထု၏ဇာတ်လိုက်။ဇာတ်လမ်းထဲပါသမျှအမျိုးသမီးဇာတ်ကောင်တို့၏နှစ်သက်ခြင်းခံရ။မိစ္ဆာဓားတစ်လက်ဖြစ်သည့်ရှင်းမော့ဓားအားပိုင်ဆိုင်ထားပြီးသွေးအေးအေးနှင့်လက်ရဲဇက်ရဲရှိသောမျက်ရည်တစမ်းစမ်းနှင့်မိစ္ဆာဘုရင်။
အကျဉ်းချုပ်-(ဝူးဝူးမြည်သံစွဲကာ ပိုင်ရာဆိုင်ရာကောင်းကင်ထောက်တိုင်ကြောင့်အတိဿယဝုတ္တိလကာင်္မြောက်သူ)

ဟွားချန်-ပန်းတစ်ပွင့်အားလက်လှမ်းမူ သွေးမိုးအဟူဘွဲ့ပိုင်ရှင်။သုံးဆယ့်သုံးပါးသောနတ်ဘုရားတို့အားမကြောက်မလန့်စိန်ခေါ်ခဲ့သူ။''အဲ့မင်''အမည်ရမျက်နှာလိုက်သည့်ဓားကောက်နှင့်နတ်ဘုရားတိုင်းကြောက်ရွံ့သောမရဏလိပ်ပြာတို့အားစေခိုင်းနိုင်သူ။အရာရာကိုသိမြင်နှံ့စပ်ပြီးဘာမဆိုလုပ်ကိုင်နိုင်စွမ်းရှိသော အချေတစ်လိုင်းမျက်နှာထားနှင့် ကိုကိုကြောက်တယ်ဟူသောဖျက်ဆီးချေမှုန်းရေးအဆင့် တစ္ဆေဘုရင်။
အကျဉ်းချုပ်-(2021ခုနှစ်၏အကောင်းဆုံးအကယ်ဒမီဆုရှင် မောင်သုံးလန်)

ဝေဝူရှင်း-မှော်နက်လမ်းစဉ်၏ပထမဆုံးကျင့်ကြံသူ။လက်စွဲတော်''ချန်ချင်''အမည်ရပုလွေတစ်ချက်အမှုတ်မှာ ဖုတ်ကောင်ပေါင်းများစွာကို(ခွေးသေမှလွဲ၍)ထိန်းချုပ်နိုင်ပြီးသိုင်းလောကသားတိုင်းကြောက်ရသည့်''ဝမ်နင်း''ဟူသောချစ်စရာ့တစ္ဆေစစ်သူကြီး(ပေပီဖုတ်)အားအသက်သွင်းခဲ့သည့် နာမည်ကြားရုံနှင့်လူတိုင်းဖိန့်ဖိန့်တုန်ကြောက်ရပါသောရီလင်းအကြီးအကဲ။
အကျဉ်းချုပ်-(မကြုံဖူး မြင်မှသိ ၃၁ဘုံမှာ သူအရွဆုံး)

အဆိုပါဂုဏ်ဆောင်ပုဒ်များဖတ်အပြီးမှာ ဝေဝူရှင်းကဝမ်းသာအားရနှင့်ပြောသည်။

''ကိုယ့်လူတို့ ဒါဆိုကျွန်တော်တို့သုံးယောက်ကအတူတူဘဲပေါ့ ဟားဟား''

သူ့စကားကြောင့်ဟွားချန်နှင့်လော့ပင်းဟယ်ကဂရုဏာသက်နေသည့်အကြည့်နှင့်ကြည့်ကာ

''မဟုတ်ဘူး ငါတို့ကမတူဘူး''

''ဘာမတူလို့တုန်း ဘယ်နေရာကများမတူလို့လဲ ပြောကြည့်စမ်းပါဦး''

Tian Guan Ci Fu FanfictionsWhere stories live. Discover now