အစိမ်းဘဒိုနှင့်အရှင့်သားဝိညာဉ်လဲခံလိုက်ရသောအခါ-1

470 56 3
                                    

//Zaw//

''သြော် ငါ့နှယ် သောက်ကျိုးနဲ အိမ်စောင့်ခွေးလည်းမဟုတ်ပါဘဲနဲ့ တစ်နေ့တစ်နေ့ ဒီသောက်အတွဲအိမ်ရှေ့မှာသောင်တင်နေတယ် ငါ့ရဲ့သောက်တစ်ဝမ်းကွဲနောင်တော်ဆိုသည်မှာလည်း ဟိုခွေးဟွားချန်မြင်တာနဲ့ဆင်ခြင်တုံတရားဆိုတာ ခွေးစားခံလိုက်သလိုဘဲ ခွေးကောင်ဟွားချန် ခွေးလူးကောင်ရှဲ့လျန် စောင်အတွဲတွေ ချီးဘဲ!!!''

ဆောင်းတွင်းဝင်လာတာကြာပြီဖြစ်ပေမဲ့ ချီရုန်ဟာ အခုချိန်ထိ ဖူကျိနတ်ကွန်းအပြင်မှာဘဲအိပ်နေရတာဘယ်နှရက်မှန်းမသိ။ကူဇစ်ကိုတော့အထဲခေါ်သိပ်ပြီးမိမိကျတော့ အိမ်စောင့်ခွေးလိုစောင်တစ်ထည်ပတ်ပေးပြီးဝတ်ကျေတန်းကျေအပြင်ထုတ်သိပ်ထားသည်။

ဒါမျိုးလုံးဝမဖြစ်သင့်။ကပ်ဆိုးလေးဖော်ထဲကတစ်ပါးဖြစ်တဲ့အပြင် သုံးလောကမှာနှစ်ယောက်မရှိတဲ့မိမိလိုစွရမ်းဆွဲဆောင်မှုရှိတဲ့အစိမ်းကောင်လေးကဒီလိုအဖြစ်မျိုးလုံးဝလက်မခံ။စောင်အတွဲတွေ ငလူးဘဲ!!!

''ချီရုန် အာကျယ်အာကျယ်မလုပ်နဲ့ ဒီမှာ ဒါကိုကြည့်စမ်း မင်းဘာလို့ထင်လဲ''

ရှဲ့လျန်ကချီရုန်နားဝင်ထိုင်ပြီးလက်ထဲကပစ္စည်းကပြတယ်။ချီရုန်ကတစ်ချက်ကြည့်ပြီးမှ

''ဘာများလဲလို့ အမှိုက်ကောက်ရင်းပါလာတဲ့ဟာများ ကြည့်တာနဲ့အမွှေးအိုးမှန်းသိသာနေတာကို''

''မင်းလည်းအဲ့လိုထင်တာဘဲလား ငါလည်းအဲ့လိုတွေးမိတယ် မဆိုးပါဘူး ပူဇော်စားပွဲပေါ်တင်ထားလိုက်မယ် သြော် ညကျအထဲဝင်အိပ်တော့ ဒီရက်ပိုင်းဆောင်းတွင်းဝင်နေတာသတိမထားမိဘူး''

''ဆောင်းတွင်းဝင်တာ ခင်ဗျားဖင်ဘဲဆောင့်နေပြီ ငလူးရဲ့ ''

''အထဲပေးအိပ်တာဘဲကျေးဇူးတင်ရမှာကို စောက်စကားကများနေပြန်ပြီ ဆောင်းတွင်းတစ်တွင်းလုံးမသေမချင်း အပြင်ထုတ်ထားလိုက်ရမလား ဟမ်!''

ဟွားချန်အသံကြားတာနဲ့အစိမ်းဘဒိုကမသိချင်ယောင်ဆောင်ပြီးနတ်ကွန်းရှေ့ပြန်လှဲနေတယ်။

''သေချင်ရင် တခြားနေရာသွားသေ ကိုကို့နတ်ကွန်းရှေ့လာဘ်ပိတ်အောင်လာလှဲနေတယ်''

Tian Guan Ci Fu FanfictionsWhere stories live. Discover now