အရှင့်သားရဲ့Online Shopping-2

2.1K 176 14
                                    

//Zaw//

(liveစဖို့ နာရီဝက်အလို)

''ကိုကို ''

''အင်း စန်းလန်''

''ကိုကို liveဆက်မလွှင့်နဲ့တော့''

''ဘာလို့လဲ စန်းလန်ရဲ့ ကိုကိုမနေ့ကပြောခဲ့တယ် နောက်နေ့ဆက်လွှင့်ပါ့မယ်လို့ ကတိဖျက်လိုက်ရင်မကောင်းဘူးလေ စန်းလန်ကဘာလို့မလွှင့်စေချင်တာလဲ''

''သူတို့ကကိုကို့ကိုမှအာရုံမစိုက်ကြတာ မနေ့ကcommentတွေလိုက်ဖတ်ကြည့်တာ ပရမ်းပတာနဲ့ အဆိုးဆုံးကကျွင်းဝူပဲ ကိုကို ကျွင်းဝူခေါ်ရင်လိုက်မသွားနဲ့နော် စန်းလန်ငိုမှာဗျ''

''မလိုက်ပါဘူး စန်းလန်ရယ် ဒီလောက်ချစ်ဖို့ကောင်းတဲ့ကိုကို့ကလေးကိုထားခဲ့စရာလား နောက်ပြီးအခုမှစရောင်းတာဆိုတော့ဒီလောက်တော့ရှိမှာပေါ့ မပူပါနဲ့နော် စန်းလန်''

''ကိုကိုတကယ်ပြောတာနော်''

''တကယ် နှစ်ကယ်''

''ဘာမှရောင်းမရရင်ကျွန်တော်ကိုယ်တိုင် သူတို့ကိုဂုတ်ဆွဲပြီးဝယ်ခိုင်းမှာနော်''

''စန်းလန်သဘော''

''အွန်း အာ့ဆို ကိုကိုဆက်liveလွှင့်မယ်ဆိုလွှင့်တော့ စန်းလန် လက်ရေးလှကျင့်ဦးမယ်''

---------------
''အဟဲ ထပ်တွေ့ကြပြီနော် မင်္ဂလာပါဗျ ကျွန်တော် ရှဲ့လျန်ပါ ဟုတ်ကဲ့ မနေ့က တစ်ဝက်တစ်ပျက်ကြီးရပ်လိုက်ရလို့အားနာပါတယ် ဟုတ်ကဲ့ အဲviewerတွေဒီနေ့ပိုများလာတာတွေ့တယ်ဗျ ဟုတ်ကဲ့ကျေးဇူးပါ
ဆိုတော့ ကျွန်တော်တို့ရောင်းလက်စလေးဆက်ရောင်းရအောင် ဒီနေ့တော့စားစရာအပြင် အသုံးဝင်တဲ့ပစ္စည်းလေးတွေပါ ရောင်းချသွားမှာပါ

ဒါလေးကတော့အားလုံးသိတဲ့ အတိုင်းပါပဲ ရေခဲလိုကြည်လင် ကျောက်စိမ်းလိုအေးမြတဲ့အသားလုံးပါဗျ မာလာဟင်းခြောက်ထုပ်ကိုသိတယ်မလား သူကလည်းအဲ့အတိုင်းပါပဲ ဒီပါကင်ထဲမှာပါတဲ့ အစာပလာတွေကိုအသားလုံးနဲ့နယ်ပြီးရေနွေးထည့်နှပ် ၁၅မိနစ်ဆို အရသာရှိတဲ့အသားလုံးအေးအေးလေးကိုစားသုံးနိုင်ပါပြီဗျ လူကြီးမင်းတို့အနေနဲ့ ဒီပါကင်ကိုသုံးဘူးဝယ် တစ်ဘူးလက်ဆောင်ရမှာဖြစ်ပြီး ခြောက်ဘူးဝယ်ရင်တော့ ဟုတ်ကဲ့ ဒါလေးကိုလူတိုင်းသိကြမှာပါ ဟုတ်ပါတယ် High Natureရေသန့်တစ်ပါကင်လက်ဆောင်ရမှာပါ စိတ်ဝင်စားတဲ့လူတွေ ကျွန်တော့်ဆီလာဝယ်လို့ရပါပြီ ကျွန်တော့်စကားဝှက်ကတော့မနေ့ကliveမှာပြောပြီးပါပြီဗျ''

Tian Guan Ci Fu FanfictionsWhere stories live. Discover now