We F**k Our Teachers

761 91 12
                                    

//Zaw//

''ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ ညတိုင်းဘဲ ရှစ်စွမ်းကိုအိပ်ပျက်ခံပြီးလွမ်းတာ သားရဲ့အဖြစ်ကိုသနားပါဗျာ ဝူးဝူးဝူး📢📢📢''

လာပြီ ။ညဘက်ဆိုရိုးရာမပျက် အဆောင်ရှေ့လာဆိုနေတဲ့ကျောင်းသားတွေ။မတိုင်ပင်ထားဘဲနဲ့ရှန်ချင်းချိုးနဲ့ ချူးဝမ်နင် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်

''စားမရအိပ်မရအခြေအနေနဲ့ သွေးအားနည်းလို့သေပါပြီ ရှစ်စွမ်းရယ် ရှစ်စွမ်းမချစ်လို့တော့သေနိုင်မယ် အပိုတွေမဆိုဘူးယုံပေါ့ကွယ် ရှစ်စွမ်းမှမချစ်ရင် ဘဝပျက်သွားနိုင်တယ် သားကိုမသနားတော့ဘူးလားလို့ ရှစ်စွမ်းရဲ့ ဒီကဟက်စကီးငတုတ်လေးကရှစ်စွမ်းပြန်မချစ်ရင် စာမလုပ်ဘူးနော်''

ရှန်ချင်းချိုး အပြင်ထွက်ကြည့်တော့ ဟိုသကောင့်သားလော့ပင်းဟယ်ဆိုတာလေးက မျက်လုံးတွေအရောင်တလက်လက်နဲ့ထကြည့်တယ်။

''ရှစ်စွမ်း''

''လော့ပင်းဟယ် အခုချက်ချင်းအိမ်ပြန် မနက်ဖြန်ငါပေးထားတဲ့အိမ်စာမပြီးလို့ကတော့ မင်းတို့အတန်းပိုင်လျိုချင်းကောနဲ့တိုင်ပြောမယ် ''

''လျိုချင်းကောများစကားထဲထည့်ပြောလို့ ဒါပေမဲ့လည်း ရှစ်စွမ်းကလုပ်စေချင်ရင်လုပ်ပါ့မယ် ဒါကြောင့်စာလုပ်ဖို့မိုတီလေးပေးပါဦး''

''F**k you လော့ပင်းဟယ်''

ချက်ချင်း ဖုန်းထုတ်ပြီး တတောက်တောက်နဲ့ရှာတယ်။နောက် မျက်နှာကြီးဖြီးပြီးအကျယ်ကြီးအော်ရော။

''ရှစ်စွမ်းကသိပ်ရိုတာဘဲ googleမှာ F**k youဆိုတာ Love youတဲ့ ရှစ်စွမ်းရေ F**k you too''

''ဒီMother besideလေးကတော့!!!''

''ရှစ်စွမ်း ပေါင်ပေ့လေး ဟက်စကီးလေးကိုထွက်မကြည့်တော့ဘူးလား ဟင် ဒီက တပည့်အလိမ္မာလေးကို မချစ်တော့ဘူးလား''

လော့ပင်းဟယ်ဘေးက မော့ရန်ကပါထအော်တယ်

''ရွှီး''ခနဲ အသံနောက်မှာ ဟက်စကီးတစ်ကောင်အမြီးလေးကုပ်သွားတယ်။နောက် တင်ပါးမှာအရှိုးရာတစ်ချက်ထင်သွားတယ်။

Tian Guan Ci Fu FanfictionsWhere stories live. Discover now