TGCF LA ><><

517 76 6
                                    


//Zaw//

TGCF LAကြောင့်လောင်နေတဲ့သူတွေအတွက်သက်သာရာရစေဖို့ပြဇာတ်လေးတစ်ဖြတ်
><><><><><><><><><><><
ဆေးရုံတစ်ခုတွင်ဖြစ်သည်

''ဝေဝူရှင်း''

''အယ် ဆရာရှန်တို့ပါလား လာလာ''

''မင်း ဆေးရုံတက်နေရတယ်ကြားလို့ လာခဲ့တာ တစ်ယောက်တည်းလား''

''ဟုတ်တယ်ဗျ လန်ကျန့်ကအခုလေးတင်ကျန်းချန်နဲ့လိုတာတွေယူဖို့အိမ်ပြန်သွားတယ်''

ရှန်ချင်းချိုးကပတ်တီဗလပွနဲ့ဝေဝူရှင်းကိုကြည့်ပြီးသက်ပြင်းချတယ်

''ဘယ်လိုဖြစ်ရတာလဲဗျာ ငါကြားတာတော့ ဟန်ကွမ်ကျွင်းကမင်းကိုနှိပ်ပေးလိုက်တာ ပခုံးရိုးကျိုးသွားလို့ဆို ဖြစ်ရလေဗျာ''

''မကျိုးပါဘူး မကျိုးသေးပါဘူး နဲနဲအက်သလိုဖြစ်သွားလို့ပါ ''

''ပင်းဟယ်က ဝေဝူရှင်းစားရအောင် သူ့လက်ရာဟင်းတွေယူလာတယ် ''

''ကျေးဇူးပါဗျာ ဒါနဲ့ရှဲ့လောင်ရှစ်တို့လာမယ်ပြောတာဘဲ အခုထိတော့ဘာအကြောင်းမှမကြားသေးဘူး''

'' ကျွန်တော်လာပြီ ဝေ့ချန်ပေ့ နဲနဲလေးနောက်ကျသွားတယ်''

ရှဲ့လျန်နဲ့ဟွားချန်နှစ်ယောက်လုံးဝင်လာတယ်။လော့ပင်းဟယ်ကရှဲ့လျန်တို့ဝင်လာတော့မျက်နှာတစ်မျိုးဖြစ်သွားတယ်။ရှဲ့လျန်ယူလာတဲ့ပစ္စည်းမှာမကောင်းဆိုးဝါးအငွေ့အသက်တွေကပ်နေတာမြင်တော့ ရှင်းမော့ဓားကိုဆင့်ခေါ်ဖို့လက်ဟန်ပြင်တုန်းရှိသေး ရှန်ချင်းချိုးကသူ့လက်ကိုအုပ်ကိုင်ပြီးတိုးတိုးလေးပြောတယ်

''ပင်းဟယ် ရှင်းမော့ကိုပြန်သိမ်းထား အဲ့ဒါ ရှဲ့လျန်ချက်ထားတဲ့ဟင်းတွေ မင်းအခုနေရှင်းမော့ကိုထုတ်လိုက်တာနဲ့ဟို ရွှယ်ယွီထန့်ဟွားနဲ့မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်''

''ပင်းဟယ်သိပါပြီ ရှစ်စွမ်း''

လော့ပင်းဟယ်ကလေးကလိမ်လိမ်မာနဲ့ရှင်းမော့ကိုပြန်သိမ်းရှာတယ်

''ရှဲ့လောင်ရှစ် ကျွန်တော်ကြားတာတော့ HOBကိုLAပြန်ရိုက်မယ်ဆို ရှဲ့လောင်ရှစ်တို့အောင်မြင်ချက်ကတကယ်လက်ဖျားခါတယ် ''

Tian Guan Ci Fu FanfictionsWhere stories live. Discover now