Quest To Million-1

770 95 3
                                    


//Zaw//

''နိဟောင် အားလုံးပဲနောက်တစ်ခေါက်ထပ်တွေ့ကြပြန်ပြီနော် ကျွန်တော် ရှဲ့လျန်ပါ ဟုတ်ကဲ့  ကျွန်တော့်ကိုရိုက်ကူးရေးအစီအစဉ်တစ်ခုကနေကမ်းလှမ်းလို့presenterအနေနဲ့ကျွန်တော်တာဝန်ယူရတယ်ဗျ ဘာအစီအစဉ်လဲဆိုတော့အားလုံးသိကြပါတယ်

''Quest To Million''ကတော့အားလုံးသိတဲ့အတိုင်းမေးခွန်းလွယ်လွယ်လေးတွေကိုမျက်စိမှိတ်ဖြေပြီးအနည်းဆုံး ဆယ်သိန်းလောက်တော့အသာလေးဘတ်လို့ရတဲ့အစီအစဉ်ပါဗျ အဲ အဲ့လိုဆိုလို့လည်းဒီprogramကိုအထင်မသေးပါနဲ့  မေးခွန်းလွယ်လွယ်ကနေ ဟောသလို ဒိုင်းခနဲ အကြပ်ရိုက်စေတဲ့မေးခွန်းတွေကလည်း စောင့်ကြိုနေပါတယ်ဗျ

ကဲ အခုပဲ ကျွန်တော်တို့ရဲ့ဒီအစီအစဉ်ကိုစိတ်ဝင်စားလို့ပါဝင်ချင်တယ်ဆိုရင် ဖူချိနတ်ကွန်းကနေ ဖောင်ထုတ်ယူပြီး လိုအပ်တဲ့အချက်ဖြည့်ပြီးတာနဲ့ဖောင်တင်ပြီးယှဉ်ပြိုင်လို့ရပါပြီဗျ''

(အစီအစဉ်စဖို့ 3မိနစ်အလို ပြိုင်ပွဲဝင်အယောက်40နှင့် ပွဲဦးထွက်ပြိုင်ပွဲဝင်နေရာယူ ရှဲ့လျန်အဆာပြေပေါက်စီတစ်လုံးစား)

''1 2  3 Action!!!"

''ဟုတ်ပါပြီ အခု ကျွန်တော်ရှေ့မှာပြိုင်ပွဲဝင်တစ်ယောက်တော့ရောက်နေပါပြီဗျ သူမှားသွားတာနဲ့နောက်ထဲကလူ၄၀ထဲမှာအမှတ်အများဆုံးလူနဲ့ဆက်ပြိုင်ရမယ် save cardပေးထားတယ် ကို့ဟာကိုအိမ်ကကြံဖန်လုပ်လာတဲ့ကဒ်နဲ့ပြိုင်တာမိရင် အရေးယူပါမယ် ဟုတ်ကဲ့ပါ အခု ပြိုင်ပွဲဝင်အကို့နာမည်လေးမိတ်ဆက်ပေးပါဦး''

''မင်္ဂလာပါ ကျွန်တော့်နာမည်က ရှန်ချင်းချိုးပါ ချင်းကျင့်တောင်ကလာပြိုင်တာပါ ဒီပြိုင်ပွဲကိုကြည့်နေတာတော့အတော်ကြာပြီဗျ မေးခွန်းတွေကသောက်ရမ်းလွယ်တော့ဆဲချင်စိတ်တောင်ပေါက်တယ်ဗျ အဲ့ဒါနဲ့စိတ်ဝင်စားလို့လာပြိုင်တာပါ ဟုတ်ကဲ့''

''ok တော်တော်လေးပြည့်စုံပါပြီ ကဲအခုပဲ အစဉ်အစီကိုစလိုက်ရအောင် အဖြေသုံးခုအရင်ပြပါ''

(1) ၃   (2) ၅  (3) ၇

''ဘာဖြစ်မယ်ထင်လဲဗျ''

''ဘာမှကိုမထင်တာဗျ မေးချင်သလိုသာမေးပါ''

Tian Guan Ci Fu FanfictionsWhere stories live. Discover now