🍭

5.9K 468 327
                                    

Unicode

"အစ်ကို့ကို စတွေ့တဲ့နေ့ကတည်းကနေ တလှပ်လှပ်ခုန်နေတဲ့ နှလုံးသားက ဒီနေ့အထိ မရပ်တန့်ခဲ့ဘူး။ မျက်ခုံးတန်းတန်းလေးတွေရယ် နှုတ်ခမ်းဖူးဖူး လေးတွေရယ် နှာတံစင်းစင်းလေးတွေရယ် နဲ့ ကျွန်တော့ ရင်ထဲရောက်လာခဲ့တာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၁၀၀ ပါ။ အစ်ကို့ ဆံပင်တွေ ကြားထဲ လက်ထည့်ပြီး ဖွလိုက်တဲ့ အချိန်တိုင်း ငေးလိုက်ရတာ ကျွန်တော့ကမ္ဘာကြီး ရပ်တန့်သွားသလိုပါပဲ။ ကျွန်တော်ကြားပါတယ်၊ အစ်ကိုက တစ်ခါမှ မချစ်ဖူးဘူး တဲ့။
ဒါကြောင့် ကျွန်တော်က အစ်ကို့ရဲ့ ပထမဆုံး ဖြစ်ချင်ပါတယ်
အစ်ကို့ရဲ့ အချစ်ကိုမှ မရရင် ကျွန်တော် အချစ်ရူးပြီး သေသွားနိုင်တယ်။
အဲ့တာကြောင့် ပြန်ချစ်ပါနော်"

အသံနေအသံထားနဲ့ စာကို မဲ့ရွဲ့ဖတ်ပြီးတဲ့ နောက်မှာတော့ ဂျုံဆောင်းတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ စာပေးတဲ့သူကို ပြန်ကြည့်လိုက်တော့ မျက်လုံးဝိုင်းလေးတွေနှင့် ပြူးကြောင်ကြည့်နေသည်။

*နို့နံ့ကဖြင့် မစင်သေးဘူး မူကြိုကလေးရုပ်နဲ့ ရည်းစားစာလာပေးနေတယ်*

တွေးမိလိုက်သေးသည်၊ တကယ် အဲ့ကလေးက အထက်တန်းပထမနှစ်သာ ပြောတာ၊ မူကြိုကလေးနှင့် နင်လားငါလား မေးရမယ့်ပုံလေး။

"ငါက တစ်ခါမှ မချစ်ဖူးဘူးလို့ မင်းကို ဘယ်သူပြောတာလဲ" ခါးထောက်ပြီး အပေါ်စီးကနေ ငုံ့ပြီးမေးလိုက်တော့ မျက်လုံးလေးကလယ်ကလယ် နှင့်။
ဂျုံဆောင်းထင်တာ မမှားရင် အဲ့ကလေး လက်တွေ ဒူးတွေတုန်နေတာ သေချာပါသည်။

"ဟို... ဟီ..ဟီဆွန်း ဟျောင်း ပြော..ပြောပြတာ.."

ကျစ်!
ဂျုံဆောင်း စုတ်တချက်သတ်လိုက်သည်။ ဟီဆွန်းအာချောင်ပေါင်းများပြီ၊ ခဏခဏပြောလည်း မမှတ်၊ ဂျုံဆောင်းကိုယ်တိုင်ကလည်း အာချောင်ပါတယ်ဆိုတဲ့ ဟီဆွန်းကိုမှ အကုန်ပြောပြမိသည်။
အင်း... သူငယ်ချင်းဆိုလို့လည်း ရှားရှားပါးပါး တစ်ယောက်တည်းကို။

"နေစမ်းပါဦး.. မင်းက အာချောင်ကောင် ပြောတာ ယုံတယ်ပေါ့?"

"ဟုတ်... အဲ မဟုတ်.. မဟုတ်ဘူးလို့လည်း မဟုတ်"

take this candy then, take me to your heart [ jaywon ] Where stories live. Discover now