🍭🍭🍭🍭🍭🍭

2.2K 352 114
                                    

Unicode

အနွေးထည်ကိုထပ်ဝတ်လိုက်ရင်း အပြင်ထွက်ဖို့ ပြင်နေတဲ့ ဟီဆွန်းကို ဂျုံဆောင်းက မျက်မှောင်ကျုံ့ရင်း ကြည့်နေသည်။ လွန်ခဲ့တဲ့ ၁နာရီလောက်က တုန်တုန်ချိချိနဲ့ ကြောက်အားလန့်အား ပြေးလာခဲ့တဲ့သူ ဟာ အခုတော့ သူမဟုတ်တော့သည့်အတိုင်း မျက်နှာကြောဟာ ဒုံရင်းက ဒုံရင်း။

"ဒီအချိန်ကြီးဘယ်လဲ ဒါ"

ဂျာကင်ဇစ်ကို ဆွဲတပ်လိုက်တဲ့ ဟီဆွန်းက ဂျုံဆောင်းဆီတစ်ချက်ပြန်ကြည့်ရင်း

"ဂျောင်းဝန်းဆီလေ... သူတစ်ယောက်တည်းကျန်ခဲ့တာဆို မင်းပြောတော့"

ဂျုံဆောင်းက ဆိုဖာပေါ်တင်ထားတဲ့သူ့ခြေထောက်ကို ဆက်ခနဲအောက်ချလိုက်သည်။

"မင်းက ဘာလို့သွားမှာလဲ??"

ဂျုံဆောင်းမျက်လုံးတွေက အရောင်တောက်လာသည်ကို ဟီဆွန်းသတိထားမိတော့ စိတ်ထဲကကြိတ်ရယ်လိုက်မိသည်။

"မင်းပဲ မပြန်ဘူးဆို.. ကလေးကိုတစ်ယောက်တည်းထားခဲ့လို့ အဆင်မပြေဘူးလေ တော်ကြာတစ်ယောက်ယောက်ဝင်ဆွဲသွားရင် ဘယ်လိုလုပ်မတုန်း"

"ပြန်မယ်အခု"

ဆိုဖာပေါ်ကနေ ကုန်းထလာတဲ့ ဂျုံဆောင်းဟာ အတင်းလုပ်ယူထားရတဲ့ ခပ်တည်တည်မျက်နှာပေးနဲ့။ ပတ်ဂျုံဆောင်းအကြောင်း နောကြေနေတဲ့ အီဟီဆွန်းကတော့ မရယ်မိအောင် နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း...

🍬

သုံးယောက်သား ဧည့်ခန်းမှာ မျက်နှာချင်းဆိုင် ထိုင်နေကြရင်း တုတ်တုတ်မှ မလှုပ်ဖြစ်။ ဂျောင်းဝန်းကတော့ တည့်တည့်ကိုသာ ငေးနေတဲ့ ဂျုံဆောင်းကို မျက်လုံးမှေးရင်း ကြည့်နေသည်။ လွန်ခဲ့တဲ့ ၂နာရီလောက်က အော်ဟစ်ထွက်ပြေးသွားတဲ့သူမှ ဟုတ်ပါရဲ့လား လို့ စူးစမ်းနေတာဖြစ်ကောင်း ဖြစ်နိုင်မည်။ ဟီဆွန်းကတော့ သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ရင်း ကို့ရို့ကားယား ဖြစ်နေသည်၊ သူ့မှာ ကသိကအောက်ဖြစ်နေတဲ့ နှစ်ယောက်ကြား ဘာစပြောရမှန်းမသိ။ နောက်မှ အသိတစ်ခုဝင်ရင်း...

"ဂျောင်းဝန်း ဟို... ဘာစားစရာရှိလဲဟင်?"

ထိုတော့မှ ဂျောင်းဝန်းက သူ့ဆီလှည့်လာရင်း ပါးစပ်ကလေးအဟောင်းသားနှင့် လက်ညှိုးလေးထောင်ရင်း။

take this candy then, take me to your heart [ jaywon ] Where stories live. Discover now