🍭🍭

2.4K 377 113
                                    

Unicode

ပြောင်းဖူးအလုခံလိုက်ရတဲ့ ဒေါသက ခုထိမပြေသေး။

ဒေါသဆိုတာထက် ဝမ်းနည်းပြီး ကြေကွဲနှမြောမိတာဆို ပိုမှန်မည်ထင်သည်။
ဒီနေ့ဒီအချိန်မှာ ပြောင်းဖူးစားရဖို့ မျှော်လင့်တကြီးနဲ့စောင့်စားခဲ့ရတာ။ ကျောင်းက နှစ်ပတ်တစ်ကြိမ် ပြောင်းဖူးကျွေးတာမို့ အခုလွတ်သွားတာနဲ့ နောက်နှစ်ပတ်စောင့်ရမှာဖြစ်သည်။
ဆိုတော့ အိမ်ကမကျွေးလို့ ကျောင်းမှာ စားရဖို့မျှော်နေတာလား ဆိုတော့...

ဟုတ်ပါတယ် အဲ့အတိုင်းပဲ။

အရင်နှစ်က ပြောင်းဖူးကို စားပိုးနင့်အောင် စားမိလို့ အစာမကြေဖြစ်ပြီး အော့အန်လို့ ဆေးရုံတင်လိုက်ရကတည်းက အမေဖြစ်သူက ပြောင်းဖူးမကျွေးတော့တာဖြစ်သည်။ ပတ်ဂျုံဆောင်းကလည်း တထိုင်တည်းမှာတင် လေးဖူးလုံး ထိုင်စားပစ်လိုက်တာကိုး...။

အလုခံလိုက်ရတဲ့ပြောင်းဖူးအကြောင်း တွေးရင်းတွေးရင်း ငိုချင်လာသည်။
သင်နေတဲ့စာထဲလည်း စိတ်က‌မရောက်။ "ငါ့ပြောင်းဖူးကို ဒုက္ခအိုးက လုသွားတယ်" ဆိုတဲ့ စကားကိုပဲ နားထဲကြားယောင်နေသည်။ အကြည့်တွေက တောင်တောင်စီစီ ရေရေရာရာ မရှိ၊ ခေါင်းက ဆံပင်တွေထဲ လက်တွေနဲ့ ထိုးဖွထားပြီး ခေါင်းကိုဝပ်ထားတဲ့ သူ့ပုံစံက အရူးမီးဝိုင်းနေတဲ့ သားပျောက်ဖခင်လိုမျိုး။

စိတ်နဲ့ ကိုယ်နဲ့မကပ်တဲ့ ဂျုံဆောင်းကို ဟီဆွန်းက နောက်ကနေ ဘောပင်နဲ့လှမ်းတို့လိုက်တော့ ကိုယ်ကအသာတုန်သွားရင်း ခပ်ဖြည်းဖြည်းလှည့်ကြည့်လာသည်။

"ဘာလဲ" လို့ လေသံခပ်တိုးတိုးနဲ့ မေးလိုက်တော့ ဟီဆွန်းက ပြုံးစိစိနဲ့ ကျောင်းခန်းဝက ပြတင်းပေါက်ဆီကို မေးငေါ့ပြသည်။
သူကြည့်မိတော့...

အမလေး... ဒုက္ခအိုး ဒုက္ခအိုး သူ့ရှေ့ကိုရောက်လာပြန်ပြီ

တကယ်တော့ ယန်းဂျောင်းဝန်းဆိုတာနဲ့တင် သူက ထရော်မာ ရချင်နေတာဖြစ်သည်။ ယန်းဂျောင်းဝန်းမှ မဟုတ်၊ ဥယျာဉ်ကို မြင်တဲ့အခါရော သိုးသားကို မြင်တဲ့အခါမှာပါ အသက်ရှူတွေကျပ်လာတတ်သည်။ ဒီအကြောင်းကိုသာ ယန်းဂျောင်းဝန်းသာ သိရင် သူ့ကို စိတ်ထဲရှိနေတာပဲဆိုပြီး တွေး ပျော်နေဦးမည်။

take this candy then, take me to your heart [ jaywon ] Nơi câu chuyện tồn tại. Hãy khám phá bây giờ