🍭🍭🍭🍭

2.2K 355 74
                                    

Unicode

ဂျုံဆောင်းတစ်ယောက် နဖူးကို ဆေးထည့်ခံနေရင်း စပ်ဖြင်းဖြင်း ခံစားချက်ကြောင့် ဒေါသတွေ အလိတ်လိုက်ထွက်လာသည်။ သူမျက်စောင်းနဲ့တစ်ချက် ကြည့်လိုက်တော့ ကောင်လေးက ဇက်ကလေးပုထားသည်၊ သူ့အမှားသူသိတယ်ပေါ့။ မနက်ကတင် ဘာပဲဖြစ်ဖြစ် ယန်းဂျောင်းဝန်းက သိပ်မဆိုးပါဘူးဆိုတဲ့ အတွေးကို တွေးမိလိုက်သေးသည်။ သူ့ကို တမင်ဒုက္ခပေးနေတာမျိုးမဟုတ်ဘဲ သူ့အချစ်ကိုရဖို့ ကြိုးစားရင်း လွဲနိုင်တာပါလားလို့ တွေးမိခဲ့တာ တက်တက်စင်အောင်လွဲရသည်။ တကယ်ပဲ ယန်းဂျောင်းဝန်းက သူ့ကို တမင်ကို ဒုက္ခပေးနေတာကိုဖြစ်သည်။

အဖြစ်အပျက်က ဒီလို...




ဒီနေ့မနက်မိုးက ခပ်ဖွဲဖွဲ ရွာနေသည်။

ကျောင်းဝင်ပေါက်ကနေ လျှောက်လှမ်းလာတဲ့ ကျောင်းသားကျောင်းသူတွေက ဒီနေ့တော့နည်းနည်း လူကျဲသလို။
မိုးမရွာခင်ကျောင်းရောက်နေခဲ့တဲ့ ဂျုံဆောင်းအတွက်က သိပ်တော့ပြဿနာမရှိပေမဲ့ နည်းနည်းတော့ ချမ်းစိမ့်စိမ့် ခံစားရတာကြောင့် hot chocolateတစ်ခွက် ဝယ်သောက်လိုက်သည်။ ထူးဆန်းတာက တစ်မနက်ခင်းလုံး သူ့ဒုက္ခအိုးလေးကို မတွေ့။ ဆိုမှပဲ... ဟီဆွန်းကိုလည်း မတွေ့တာဖြစ်သည်။ ကျောင်းနောက်ကျနေတာလို့ပဲ ပေါ့ပေါ့တန်တန် မှတ်ယူရင်း ကျောင်းခန်းဆီကို လာခဲ့တော့...

ကျောင်းခန်းရှေ့မှာ ဟိုကောင်လေးက ဟီဆွန်းနဲ့ ရယ်ရယ်မောမော စကားတွေပြောနေတာ။

ဂျုံဆောင်းခြေလှမ်းတွေ ရပ်နေရင်း ငေးကြည့်နေမိသည်။ သူ့မျက်ခုံးတွေကတော့ ခါတိုင်းထက် တွန့်ချိုးနေသည်။ အဲ့လိုမျိုး သူ့ သူငယ်ချင်းနဲ့ ရောရောနှောနှော မြင်နေရတာ သူမကြိုက်ပါ။
ဘယ်သူနဲ့မှ စကားပြောတာမကြိုက်
အထူးသဖြင့် ဟီဆွန်းက ချစ်စရာလေးလို့မြင်နေတဲ့ သူ့ရဲ့ဒုက္ခအိုးလေးနဲ့ စကားပြောနေတာမြင်ရင် ပိုမကြိုက်။
အူတိုတာလားဆိုတော့ အူတိုတာပေါ့။
သူ့မှာ တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းလေ...

ရုတ်တရက် သူတို့စကားဝိုင်းကနေ ဖျက်ခနဲလှမ်းကြည့်လိုက်တဲ့ ဂျောင်းဝန်းကြောင့် ခိုးကြည့်နေတဲ့ဂျုံဆောင်းခမျာ သူခိုးလူမိသလိုရှက်ရမ်းရမ်းသွားတာနဲ့ သောက်လက်စ hot chocolateပင် နှာခေါင်းထဲက ပြန်လျှံထွက်လာရသည်။ ရုတ်ချည်းဆိုသလို ဘာလုပ်ရမလဲမသိဖြစ်သွားတာကို အနီးအနားက ကောင်မလေးတစ်ချို့က ကြိတ်ရယ်ကြသေးသည်။ နှာခေါင်းကို လက်ခုံနဲ့ပင့်သုတ်လိုက်တဲ့အချိန်မှာပဲ လက်ကိုလာဆွဲတဲ့သူကြောင့် ခဏလောက်ကြောင်အမ်းသွားမိသည်။ သူနဲ့ ထိုကောင်လေးရဲ့ ကြားမှာ အကွာအဝေးနည်းနည်းပဲ ရှိတော့တာဖြစ်ပြီး ထိုကောင်လေးက ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့မျက်သူငယ်အိမ်ထဲထိ ထိုးဖောက်ကြည့်နေသည်။ ထိုခဏမှာသူတွေးမိလိုက်တာက...

take this candy then, take me to your heart [ jaywon ] حيث تعيش القصص. اكتشف الآن