🍭🍭🍭

2.2K 384 164
                                    

Unicode

"ယန်းဂျောင်းဝန်း... လာထိုင်ဦး ဒီမှာ"

အိမ်ထဲကို ကုပ်ချောင်းချောင်းနဲ့ဝင်လာတဲ့ ဂျောင်းဝန်းတစ်ယောက် ခြေလှမ်းတွေ ရပ်တန့်သွားသည်။ သေချာသလောက်ရှိတာက နာမည်အပြည့်အစုံအခေါ်ခံရကတည်းက အကြောင်းတစ်ခုခုကြောင့် အဆူခံရတော့မည် ဖြစ်ပါသည်။ အမေ့‌ဘေးမှာဝင်ထိုင်ပြီး အမေ့ကို သွားဖြဲပြလိုက်ရင်း...

"ဟီး... ဟုတ် ဘာများလဲ မေမေ"

အမေက သူ့ကို ပေစောင်းစောင်းကြည့်နေသည်။ မျက်စောင်းထိုးတာမျိုးတော့မဟုတ်၊ ဆိုတော့ ဒေါသက အကြီးအကျယ်ထွက်နေတာမျိုး ဟုတ်မနေတာကြောင့် ဂျောင်းဝန်းနည်းနည်းတော့ စိတ်အေးသွားသည်။

"အထက်တန်း ပထမနှစ်ကျောင်းသားက စာမလုပ်ဘဲ ဖွန်ကြောင်နေတယ်နော်"

ဂျောင်းဝန်းမျက်လုံးပြူးသွားသည်။ သူ တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတဲ့ ကိစ္စမျိုးကို အမေ့ကိုမပြောပြဖူး၊ အမေမှမဟုတ် တခြား ဘယ်သူငယ်ချင်းကိုမှ မပြောဖူး၊ နီခီတစ်ယောက်တည်း သိခြင်းဖြစ်သည်။ ပြောတဲ့ကောင်ကို မိတဲ့နေ့တော့ တိုက်ကွမ်ဒို ၁၂ကွက်‌‌လောက်ထုတ်ပြီး အရေခွံစုတ်ဦးမည်။

"အာ... ဘယ်- ဘယ်သူပြောတာလဲ အမေ့ကို"

အမေဖြစ်သူက တစ်ဖက်ကိုလှည့်သွားပြီး သူ့ဘက်ကို ပြန်လှည့်ပြီး လက်ထဲတစ်စုံတစ်ခုကို ထည့်ပေးလိုက်သည်။

"အမေ့!!!!! ဘာလို့ သူများ ဒိုင်ယာရီ ခိုးဖတ်တာလဲ!!!"

"ဟဲ့... နင့်ဟာနင် စားပွဲပေါ်မှာ ဖွင့်ပြီးတင်ထားတာလေ
အော်ဟော... မဖတ်စေချင်ရင် သေချာသိမ်းပါလား
စည်းကမ်းကျမရှိဘဲ..."

အဲ့လိုပြောခံလိုက်‌ရတော့လည်း ဂျောင်းဝန်းခမျာ အောင့်သက်သက်။
တကယ်လည်း သူက အရာရာနဲ့ပတ်သက်ရင် စည်းကမ်းမရှိ၊ စာအုပ်စင်တွေက ဖုန်တက်နေပြီး တစ်ချို့အထပ်တွေမှာဆို ဟောင်းလိဟောင်းလောင်း နဲ့ ပုရွက်ဆိတ်တက်နေတဲ့ မုန့်ထုတ်တွေပင်ရှိသေးသည်။ အဝတ်အစားဆိုသည်မှာလည်း အမေကသာ ဆင်နိုင်လွန်းလို့တော်သေးသည်၊ သူ့အဝတ်ဗီဒိုဆိုတာလည်း ရစရာမရှိ မွစာထိုးထားလိုက်တာ ကြွက်သိုက်လိုမျိုး။သန့်ရှင်းရေးလုပ်ဖို့ ဘာညာလည်း စိတ်ထဲလည်းမရှိ။ သူ့စိတ်ထဲရှိတာ ပတ်ဂျုံဆောင်းကို ဘယ်လိုအပိုင်သိမ်းရမလဲ ဆိုတာပဲ ဖြစ်သည်။

take this candy then, take me to your heart [ jaywon ] Where stories live. Discover now