🍭🍭🍭🍭🍭🍭🍭

3.2K 372 161
                                    

Unicode

ကြည်လင်နေသော နေရောင်အောက်မှာ ပျော်ရွှင်နေတဲ့ လူတွေက များပြားလျက်။ သီချင်းသံငြိမ့်ငြိမ့်အောက်မှာ ရယ်သံလွင်လွင် နဲ့ လူတို့။
လူကြီးထက် လူငယ်တွေက ပိုများသည်ထင်သည်။

အနီရောင် ကတ္တီပါ ခင်းထားတဲ့ လမ်းတစ်လျှောက်ဟာ ဖုန်တစ်မှုန်မျှ မရှိအောင် သပ်ရပ်နေပြီး နွယ်ပန်းရစ်ခွေ ပူပေါင်းရောင်စုံတို့နှင့် အလှဆင်ထားသည့် ခြံဝန်းတစ်ခုလုံးဟာလည်း ကျက်သရေအပေါင်း ခညောင်းနေသည်။

ဒီနေ့က ပတ်ဂျုံဆောင်း နှင့် ယန်းဂျောင်းဝန်း တို့ ချစ်သူသက်တမ်း ၇နှစ်ပြည့်တဲ့နေ့၊ တစ်နည်းဆိုရသော် လက်ထပ်ပွဲနေ့လည်း ဖြစ်သည်။
နွေဦးမို့ ရာသီဥတုဟာ သိပ်မပူပြင်း။
ရံဖန်ရံခါတော့ မိုးရွာတတ်ပေမဲ့ ဒီနေ့တော့ ကြင်ဖက်နှစ်ဦးအတွက် ကောင်းကင်က သဘောတူပေးနေသလို ရာသီဥတုက ကြည်လင်နေသည်။

"မှတ်မိသေးတယ်မလား အစ်မ.. လွန်ခဲ့တဲ့ ၇နှစ်က ဒီလိုနေ့မှာ အစ်မ အိမ်သော့ပျောက်တာလေ"

ယန်းဟီက အချိန်တစ်ခဏအတွင်း ခမည်းခမက်ဖြစ်တော့မည့် မီရယ်ကို ရယ်မော စနောက်ရင်း ပြောလာသည်။ လွန်ခဲ့တဲ့ ၇နှစ်က ဂွမ်ဂျူကို ဈေးသွားဝယ်ပြီး အပြန်မှာ အိမ်သော့ပျောက်ခဲ့လို့ ထိုနေ့က သော့ဖျက်ဝင်ခဲ့ရတဲ့ အကြောင်းလေးဟာ အခုတော့ အမှတ်တရလေးတစ်ခု။

Flesh Back

"ဂျောင်းဝန်းရေ..."

တံခါးတွန်းဖွင့်ရင်း အထုပ်အပိုးဆွဲပြီး ဝင်လာတဲ့ အမေဖြစ်သူကို မြင်တော့ ဂျောင်းဝန်းက ဝမ်းသာအားရ ခုန်ပေါက်ရင်း အမေ့ကိုပြေးဖက်သည်။

"မေမေ့ မေမေ့!!"

"သားရည်းစားရပြီ သားရည်းစားရသွားပြီ!!!"

"ဟဲ့ ကောင်လေး ချပေးစမ်း ချပေးဟဲ့"

အမေဖြစ်သူကို ဆွဲပွေ့လိုက်ရင်း လှည့်နေတဲ့ ဂျောင်းဝန်းဟာ တော်တော်ကို ပျော်နေမှန်းသိသာသည်။ ပတ်ဂျုံဆောင်းဆီက အချစ်ကိုရလိုက်တာဟာ သူ့အတွက် နိဗ္ဗာန်ဘုံတမျှ ဖြစ်မည့်ပုံ။ ယန်းဟီက ဂျုံဆောင်းဆီ တစ်ချက်လှမ်းကြည့်တော့ နားရွက်တစ်ခုလုံးနီရဲ‌ နေပြီး မျက်နှာကိုအောက်ငုံ့ထားသည်။ သူ့သားအစွမ်းအစကို မယုံပေမဲ့ ရှက်နေတဲ့ပုံအရ တကယ်ဆိုတာကို လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။
ယန်းဟီက သက်ပြင်းတစ်ချက်ချလိုက်ရင်း...

take this candy then, take me to your heart [ jaywon ] Where stories live. Discover now