extra 🍭

1.5K 171 34
                                    

Unicode

ယန်းဂျောင်ဝန်းတစ်ယောက် အိမ်ရှေ့ဧည့်ခန်းက ဆိုဖာမှာ ဒူးတစ်ဖက်ထောင်၊ ဒူးပေါ် ခြေထောက်တစ်ဖက်ကို တင်ပြီး လှဲလျောင်းနေရှာတယ်။ ရင်ဘတ်ပေါ်မှာ အာလူးကြော်ထုပ်ကို တင်ပြီး မုန့်ထုတ်ထဲက မုန့်ကို တစ်ခုချင်းယူစားနေတယ်။ လက်တစ်ဖက်ကို နဖူးပေါ် တင်ထားတဲ့ပုံအရ တစ်ခုခုကို စဉ်းစားနေတဲ့ပုံပါပဲ။ အိမ်ရှေ့ဧည့်ခန်းက စားပွဲထက်ဟာ မုန့်ထုတ်ခွံတွေ အအေးဘူးခွံတွေနဲ့ ရှုပ်ပွနေပြီး ဒါဟာလည်း ဂျောင်ဝန်းနဲ့ ဂျုံဆောင်း မင်္ဂလာသက်တမ်း တစ်နှစ်အတွင်း ပြောင်းလဲမလာတဲ့ ဂျောင်ဝန်းရဲ့ အကျင့်တွေပါပဲ။

ရည်းစား ဘဝကတည်းက ဂျောင်ဝန်းအလိုကို အမြဲ လိုက်ခဲ့တဲ့ ဂျုံဆောင်းက အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း ဂျောင်ဝန်းပင်ပန်းမှာ စိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်လည်း သူပဲသွားပြီး အိမ်မှုကိစ္စကိုလည်း သူပဲလုပ်ပါသတဲ့။ ကျောင်းသားဘဝတုန်းက ဒေါသအိုးဟာလည်း ဘယ်လိုများ စိတ်ရှည်သွားတတ်ခဲ့ပါလိမ့် လို့ ဂျုံဆောင်းတအံ့တဩ ဖြစ်ရဖူးသေးတယ်။ ဒါပေမဲ့လည်း ဂျုံဆောင်းရဲ့ သည်းခံမှုတွေက ကျော်လွန်သွားတဲ့ အခြေအနေတွေထိတောင် ရှိခဲ့ဖူးသေးတယ်။ အဲ့တာကလည်း ယန်းဂျောင်ဝန်းရဲ့ ဂဏာမငြိမ် ကြက်ဥမွှေစက် လို မွှေနိုင်လွန်းတဲ့ အကျင့်ကြောင့် ဆိုတာ အံ့ဩစရာတောင် မရှိတော့ပါဘူး။

ခုလည်း ဂျောင်ဝန်းဟာ ခြေတစ်ဖက်ကို ထောင်ရင်း အကြံထုတ်နေပြန်တယ်။
ဘာမွှေရင်ကောင်းမလဲ လို့ စဉ်းစားနေပုံပါပဲ။ နာရီလက်တံက တဖြည်းဖြည်း ၄ နာရီကို နီးကပ်လာတာ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေတယ်။ ၄ နာရီဆို ဂျုံဆောင်း အလုပ်က ပြန်ရောက်ပြီ။ ပြီးရင် ‌ဆေးကြောပြီးတော့ ညစာအတွက် ချက်တော့မှာ။ ဂျောင်ဝန်းအနေနဲ့ ‌ဂျုံဆောင်းနဲ့ မယူခင်တုန်းက အိမ်ထောင်ကျပြီးရင် ကိုကို့ ကို ချက်ကျွေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဟင်းချက်သင်တန်းလေး ပြေးတက်ဖူးပါရဲ့။ လွဲနိုင်ကောင်းတဲ့ အကျင့်လေးဟာ ‌မီးဖိုချောင်တစ်ခါဝင်တိုင်း ပန်းကန်တစ်ခါခွဲနေတော့ မင်္ဂလာခန်းဝင်ပစ္စည်းတွေ မျိုးပြုတ်မသွားခင်မှာပဲ ဂျုံဆောင်းဟာ မီးဖိုချောင်တာဝန်ပါ လုံးဝ လက်လွှဲယူလိုက်ရပါတော့တယ်။ အဲ့ကတည်းက စလို့ ဂျောင်ဝန်းအနေနဲ့ အပြင်ဆိုင်မှာ စားရတယ်လို့ကို မရှိသလောက်ပဲ ၊ ဂျုံဆောင်းက တခြားနေရာတွေမှာ အလိုလိုက်‌ ပေမဲ့ အပြင်စာပေါ်မှာတော့ စည်းကမ်းတင်းကျပ်တယ်။ အပြင်စာတွေ မသန့်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ မရိုးရတဲ့ ဟင်းတွေချက်ကျွေးတတ်တယ်။

take this candy then, take me to your heart [ jaywon ] Hikayelerin yaşadığı yer. Şimdi keşfedin