ep37

1.9K 242 10
                                    

ည8နာရီကျော်သွားပြီဖြစ်သည်။
အသီးသီးညစာစားသောက်ပြီးကြ၍ အခန်းကိုယ်စီပြန်ဝင်သွားကြပြီ။
ဘတ်ခ်ဟျွန်းမှာတော့ 8နာရီတောင်ကျော်ပြီ ပတ်ခ်ချန်းယောလ်တစ်ယောက်ကတော့ ပေါ်မလာသေး။ သူ့ကို‌ နောက်ကျမည်လည်း မပြောသွား၍
သူစိတ်ပူနေခြင်းဖြစ်သည်။ တီလေးက
စောင့်မနေဖို့ပြောပေမဲ့ သူ့မှာလည်း
အလုပ်မရှိအားနေပြီမလို့ စောင့်သာနေလိုက်သည်။ ဧည့်ခန်းထဲတွင် ချန်းယောလ်ကိုစောင့်နေရင်း
အရင်က ချန်းယောလ်နောက်ကျဖူးတဲ့အကြောင်း
ခေါင်းထဲရောက်လာသည်။ အဲတုန်းက ချန်းယောလ်က မူးနေတာ။
အရမ်းလည်းရိုးသားခဲ့သည်။
အခုရော သူမူးပြီးပြန်လာမလား။

တီ တီ တီ တီ တီ

ထိုင်စောင့်နေရင်း အိပ်ကပ်ထဲက
ဖုန်းမြည်သံကြောင့် သူနိုးနိုး
ကြားကြားဖြစ်လာသည်။ ချန်းယောလ်ကို
ဖုန်းဆက်မေးဖို့ စိတ်ကူးရှိပေမဲ့
စဉ်းစားလိုက်တော့ သူအလုပ်များနေချိန်
အနှောင့်အယှက်ဖြစ်မည်စိုး၍ သူမဆက်ခြင်းပင်။

အခုဖုန်းခေါ်လာသူက ထယ်ယုံးပင်။
ဘတ်ခ်ဟျွန်းဖုန်းကိုင်လိုက်သည်။
ထယ်ယုံးဘက်က အသံစာစာလေး ကြားလာသည်။
သူဒီအိမ်ရောက်လာပြီး ပထမဆုံးအကြိမ်  ဖုန်းပြောဖြစ်တာဖြစ်သည်။

" ဘတ်ခ်ဟျွန်းဟျောင်န်း...... ဖုန်းလေးတောင်မဆက်ဘူးနော် နေနိုင်လိုက်တာ ...... မပြောမဆိုဘဲ
ကိုကို့နောက် လိုက်သွားတာနော်...
ဂျယ်ဟျွန်းနီးပြောမှ သိရတယ်
ဘယ်လိုလဲ ပျော်ရဲ့လား
မားမားပတ်ခ်ရော ဘာပြောသေးတယ် "

အသံစူးစူးက တရစပ်မေးခွန်းတွေကြောင့်
တစ်ခုခြင်း ပြန်စဉ်းစားလိုက်သည်။

" ဘာလို့အသံတိတ်နေတာလဲ
အဆင်မပြေဘူးမလား "

" မဟုတ်ပါဘူး "

" မလိမ်ပါနဲ့တော့ ... ကိုယ့်အစ်ကိုဆိုပေမဲ့
အချိုးကိုတစ်စက်မှမကြိုက်ဘူး
ဘတ်ခ်ဟျွန်းနဲ့အတူနေတာ
ဘယ်နှရက်မှမရှိသေးဘူး
မားမားပတ်ခ်ကိုလည်း လုံးဝမကျေနပ်ဘူး "

" ထယ်ယုံး-ဘာဖြစ်လို့လဲဟင် "

" အယုံးကဘာမဖြစ်ဘူး
ကိုယ့်အစ်ကိုနဲ့မားတို့ကြောင့်
ဘတ်ခ်ဟျွန်းနီကို မျက်နှာပူနေရပြီ "

Yours [✓]Where stories live. Discover now